Wednesday, January 28, 2026

မိုင်းတုံမြို့နယ်တွင် အသက်မပြည့်သေးသည့် ကလေးငယ်များ တိုကင်ဖြင့်မဲလာထည့်

သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့ တွင် အသက် (၁၈) နှစ် မပြည့်သေးသည့်ကလေးငယ်များ တိုကင်ဖြင့် မဲလာထည့် ကြောင်း စုံစမ်းသိရသည်။

မိုင်းတုံမြို့နယ် အတွင်းရှိ ဝမ်မိုင်ကျေးရွာ စာသင်ကျောင်း၊ နမ့်ယွန်းကျေးရွာ စာသင်ကျောင်းနှင့် နမ့်ဖိုင်ကျေးရွာ စာသင်ကျောင်း တွင် အသက်မပြည့်သေးသည့် ကလေးငယ် ၈၀ရာခိုင်နှုန်းခန့် တိုကင်ကိုင်ဆောင်ပြီး မဲလာထည့်နေသဖြင့် တရားမျှတမှုမရှိကြောင်း မိုင်းတုံမြို့နယ် ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းဝင်းမြတ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ သူက တိုကင်နဲ့လာတယ်။ မှတ်ပုံတင်မပါလာဘူး။ ဒါက တန်းတူညီမျှမှုမရှိဘူး။ လာတဲ့သူ အများစု က “ဝ” လူမျိုးတွေပါ။ အသက် (၁၅)နှစ်၊(၁၆)နှစ် ပဲရှိမယ်” ဟု စိုင်းဝင်းမြတ်ဦး က ဆိုသည်။

ထိုတိုကင်ယူလာပြီးမဲလာထည့်သည့် အသက်မပြည့်သေးသည့် ကလေးငယ်များကို နာမည်နှင့် မိဘ အမည် မေးသည့်အခါ၊ မဲစာရင်းနာမည်နှင့် ကိုက်ညီမှု မရှိသည်ကို တေ့ွရှိရကြောင်းလည်း စိုင်းဝင်းမြတ်ဦးက ပြောပြသည်။

“ တိုကင်ကနာမည်နဲ့ သူတို့ပြောတဲ့နာမည် မကိုက်ညီဘူး။နောက်ပြီး အမေ၊အဖေနာမည်တောင် မပြောနိုင်ဘူး။ ဒါက တော်တော်ဆိုးတယ်” ဟု စိုင်းဝင်းမြတ်ဦး က ထပ်လောင်းပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မိုင်းတုံမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံ သွားရောက်တင်ပြထားပြီး၊ကန့်ကွက်ထား ကြောင်း လည်း သိရသည်။

ထို့အပြင် မြို့နယ် ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲရုံမှူးကို သွားရောက် သတင်းပို့သည့်အခါ မဲရုံမှူးက တိုကင်ပါလာသည့်သူတိုင်း မဲပေးခွင့်ရှိကြောင်းလည်း တုန့်ပြန်ပြောဆိုသည်။

လက်ရှိအချိန်ထိ မိုင်းတုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်ခွဲ ကို တရားဝင်စာဖြင့် လာရောက်တိုင်ကြားထားခြင်း မရှိသေးကြောင်း၊ နှုတ်ဖြင့်သာကန့်ကွက်ထားကြောင်း ရွေးကောက်ပွဲ ကော်မရှင်ခွဲ ဥက္ကဌ ဦးအောင်မြင့်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အသက်မပြည့်သေးတဲ့ကလေးတွေ မဲရုံးနာတောင် ပေးမကပ်ဘူး။ ကိုယ်စားလှယ်တွေက ကျနော်တို့ဆီကိုတော့ နှုတ်နဲ့ပဲ လာကန့်ကွက်ထားတာပါ” ဟု ဦးအောင်မြင့်ဦး က ဆိုသည်။

လက်ရှိ ဖြစ်ပျက်သွားသည့်နေရာသည် “ဝ” တပ်ဖွဲ့ နှင့် မိသားစုဝင်များနေထိုင်သည့် နေရာဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်း-မြန်မာနယ်စပ်တွင် စိတ်ကြွဆေးပြား ငါးသန်းနီးပါးကို “ဝ” တပ်ဖွဲ့ဖမ်းမိ

0
ထိုင်း-မြန်မာနယ်စပ် မိုင်းတုံမြို့နယ် ပုံပါကျင်မြို့သို့ သွားရာလမ်းပေါ်တွင် စိတ်ကြွဆေးပြား ငါးသန်းနီးပါးကို အမျိုးသားတစ်ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း “ဝ” အဖွဲ့က ယနေ့ (စက်တင်ဘာ ၂၁)ရက်တွင် သတင်းထုတ်ပြန်သည်။ ယမန်နေ့ (စက်တင်ဘာလ ၂၀) ရက် ညနေ ၆ နာရီခွဲတွင် မိုင်းတုံမြို့နယ် ပုံပါကျင်မြို့ ကျေးရွာတွင် မသင်္ကာဖွယ်လူများ...

နားကောင်းမူးတွင် လောင်းကစားဝိုင်းများ စတင်ပြုလုပ်လာ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် နားကောင်းမူးဒေသတွင် လောင်းကစားဝိုင်းများ စတင် ပြုလုပ်ပြီး ခိုးဆိုး၊ လုယက်မှုများ ပိုများလာမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း စုံစမ်းရသည်။ ဒီဇင်ဘာလ ၈ ရက် ညတွင် စတင်၍ နားကောင်းမူးဒေသ ရပ်ကွက်(၁) ဘုန်းကြီးကျောင်းအနီးတွင် လောင်းကစားပွဲကို ၁၂ ရက်ကြာအထိ ပြုလုပ်မည် သိရသည်။ ထိုလောင်းကစားဝိုင်စတင်ဖွင့်လှစ်ပြီးနောက်...

ပုံပါကျင်မြို့အတွင်း ရေကြီးမှုကြောင့် ပြည်သူများ ခက်ခဲနေ၊ အစိုးရ အကူအညီမပေး

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့ မဲကင်ကျေးရွာအုပ်စုထဲတွင် မိုးရေကြီးမှုကြောင့်ပြည်သူများ နေအိမ်ပျက်စီးသွားပြီး စားဝတ်နေရေး ခက်ခဲနေကြောင်း သိရသည်။ ထိုသို့ ခက်ခဲမှုကြောင့် သက်ဆိုင်ရာ အစိုးရဘက်မှ လာရောက်ကူညီပေးခြင်းမရှိဘဲ မိုင်းတုံမြို့နယ် ပြည်သူများက ဝိုင်းဝန်း သွားရောက်ကူညီပေးနေကြောင်း သိရသည်။ “အခုချိန်ထိတော့ ကျနော်တို့ ဘက်က ဘယ်အစိုးရမှ လာကူညီပေးတာမရှိဘူး။ ဟိုတလောက...

မိုင်းတုံမြို့ NLD ပါတီဝင် နှင့် ၎င်းသမီး CDM ဆရာမအပါအဝင် အရပ်သား ၇ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် နှင့် ၎င်း၏သမီး CDM ကျောင်းဆရာမတို့ အပါအဝင် အရပ်သား ၇ ဦး စစ်ကောင်စီ မှ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဥ်မှာ ပြီးခဲ့သည့် ဇွန်လ ၁၃ ရက် ညပိုင်းတွင်...

မိုင်းတုံက အလွတ်တန်း သတင်းထောက်ဟောင်း တစ်ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့တွင် နေထိုင်သည့် အလွတ်တန်း သတင်းထောက်ဟောင်းတစ်ဦးကို စစ်ကောင်စီတို့က အကြမ်းဖက် ပုဒ်မဖြင့် ဖမ်းဆီးထားကြောင်း သတင်းသိရသည်။ ကိုအောင်ဝင်းဌေးအမည်ရှိ အလွတ်တန်း သတင်းထောက်ဟောင်းတစ်ယောက်ဖြစ်သူကို လူမှုကွန်ယက် စာမျက်နှာ Facebook တွင် အကြမ်းဖက်စစ်ကောင်စီနှင့် စစ်အာဏာသိမ်းမှုနှင့် ဆက်စပ်ပတ်သက်သည့် စာသားများ ရေးသားတင်မှုကြောင့် စစ်ကောင်စီတို့က ဖမ်းဆီးခြင်းဖြစ်ကြောင်း...