လားရှိုးတွင် ပေါက်ကွဲမှု တရက်တည်း ၂ကြိမ်ဖြစ်
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၊ ရပ်ကွက် (၁) နားမခေါ်၊ နတ်ရေကန်လမ်းသွယ် (၉) ရှိ နေအိမ်တလုံံး ယနေ့ ( မတ် ၂၃) ရက် ညနေပိုင်းတွင် ပေါက်ကွဲမှု ၂ကြိမ်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားသည့် နေအိမ်သည် တပ်အငြိမ်းစား တဦး ဖြစ်သည့် ဦးသန်းတင်၏...
ဖမ်းဆီးခံရသည့် RCSS တပ်သားများကို SSPP မှ ပြန်လွှတ်ပေး
SHAN -
သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) မှ ဖမ်းဆီးထိန်းသိမ်းထားသော RCSS/SSA တပ်သား ၉ ဦးကို နေရပ်သို့ ပြန်လည် လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ဖမ်းဆီးထိန်းသိမ်းခံရသော RCSS/SSA ၏တပ်သား ၉ ဦးကို SSPP/SSA က မတ်လ (၂၁ )ရက်နေ့က ပြန်လွှတ်ပေး...
ကျောက်မဲမြို့နယ် ရှိ နေအိမ်တလုံးပေါ် လက်နက်ကြီးကျ အမျိုးသား တဦးသေ၊ အမျိုးသမီး ၂ဦး ကျည်ထိမှန်
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စု ညောင်မောင်းကျေးရွာရှိ နေအိမ်ပေါ် တလုံးပေါ် ယနေ့ (မတ် ၂၃)ရက် မနက်ပိုင်းတွင် လက်နက်ကြီးကျသဖြင့် အရပ်သား တဦးသေဆုံးကာ၊ အမျိုးသမီး (၂)ဦး ကျည်ထိမှန်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲကြားထဲ ပိတ်မိနေဆဲ ဟု သတင်းရရှိသည်။ ယနေ့ (မတ် ၂၃)ရက် မနက်ပိုင်းမှစကာ...
ဖမ်းဆီးခံထားရသည့် ပိုလန်နိုင်ငံသား သတင်းထောက် ပြန်လည်လွတ်မြောက်လာ
SHAN -
တောင်ကြီးမြို့တွင် သတင်းရယူနေစဉ် ဖမ်းဆီးခံထားရသည့် ပိုလန်နိုင်ငံသား ဓာတ်ပုံသတင်းထောက်တစ်ဦး ယမန်နေ့ (မတ် ၂၂ ရက်)တွင် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။ အဆိုပါ ဖမ်းဆီးခံရသည့် ပိုလန်နိုင်ငံသားဓာတ်ပုံသတင်းထောက်ကို အကြမ်းဖက် စစ်ကောင်စီ က လဝက အက်ဥပဒေ ၁၃(၁)ဖြင့် တောင်ကြီးမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ပြီး၊ ဒဏ်ငွေကျပ် ၂သိန်း...
နောင်ချိုလူထုသပိတ်ပါဝင်သည့် လူငယ်၂ဦးကို စစ်ကောင်စီက ကားဖြင့်တိုက်ပြီး၊ ရိုက်နှက်ဖမ်းဆီး
SHAN -
သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသည့် လူထုသပိတ် အပြီးတွင် ဆိုင်ကယ်နှင့် လူစုခွဲလာသော လူငယ်၂ဦးကို အကြမ်းဖက်စစ်ကောင်စီ က အရပ်သားကားဖြင့် တိုက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ အကြမ်ဖက် အာဏာသိမ်း စစ်ကောင်စီ မှ ကားဖြင့်တိုက်လိုက်ပြီးဖမ်းသွားသည့် လူငယ် ၂ဦမှာ ကိုညီညီ နှင့် ကိုအောင်ခန့်မင်းတို့ဖြစ်ပြီး၊...
တောင်ကြီး ငြိမ်းချမ်းစွာဆန္ဒပြသည့်လူထုသပိတ် စစ်ကောင်စီဖြိုခွင်း၊ ၈ဦးဒဏ်ရာရ
SHAN -
တောင်ကြီးမြို့ ရတနာ သီရိရပ်ကွက် အတွင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသည့် ပြည်သူများကို စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့ က ယနေ့ (မတ် ၂၁)ရက် နေ့လည်ပိုင်းမှာ ရာဘာကျည်ဖြင့် အကြမ်းဖက်ဖြိုခွင်းကာ ပြည်သူ ၈ဦး ခန့် ဒဏ်ရာရရှိပြီး၊ တစ်ဦးဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ လက်ရှိအချိန်ထိ စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွ့ဲက...
အောင်ပန်း လူထုသပိတ် လူငယ်(၉ )ဦးထက်မနည်း ကျဆုံး
SHAN -
သျှမ်းတောင် အောင်ပန်းမြို့တွင် ယနေ့ (မတ် ၁၉ )ရက် စစ်အာဏာ ဆန့်ကျင်သည့်လူထု သပိတ်ကို စစ်ကောင်စီ လက်နက်ကိုင် တပ်ဖွဲ့ မှ သေနတ်ပစ်ခတ် အကြမ်းဖက်ဖြိုခွင်းမှုကြောင်း လူငယ် (၉ )ဦး ထက်မနည်း ကျဆုံးသွားကြောင်း သတင်းရရှိသည်။ ယနေ့ (မတ် ၁၉ )ရက်...
လင်းခေးမြို့နယ် ကိုဗစ် ကာကွယ်ဆေး လက်မှတ်မရှိလျှင် ခရီးသွားခွင့်မရ
SHAN -
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားသည့် သက်သေ အထောက်အထား မရှိလျှင် ခရီးသွားခွင့်မရှိကြောင်း စုံစမ်းသိရသည်။ လက်ရှိမှာ စစ်အစိုးရ က သျှမ်းပြည်အပါအဝင် မြန်မာနိုင်ငံတဝှမ်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနေသော်လည်း ပြည်သူများက ထိုကိုဗစ်-၁၉ ကာကွယ်ဆေးကို သွားရောက်မထိုးကြကြောင်း၊ ပြည်သူများက ကိုဗစ်-၁၉ ကာကွယ်ဆေးကို...
တောင်ကြီး အရုဏ်ဦးသပိတ်တွင် ဒသမတန်းကျောင်းသား တဦး ဖမ်းခံရ
SHAN -
တောင်ကြီးမြို့တွင် ယနေ့ (မတ် ၁၉ )ရက် မနက် ၅နာရီ ၌ စစ်အာဏာရှင် အလိုမရှိ အာရုံဦးသပိတ် ဆန္ဒထုတ်ဖော်ရာ ဒသမတန်းကျောင်းသားတဦး ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ ယနေ့ မနက်ပိုင်း တွင် အာရုံဦးသပိတ်ပြုလုပ်ခဲ့ပြီး စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့များက သပိတ်ကို အကြမ်းဖမ်း ဖြိုခွင်းခဲ့ကာ ဒသမတန်းကျောင်းသားတဦးကို...
အောင်ပန်း သပိတ်စစ်ကြောင်း ၂ဦး ကျည်ထိ ကျဆုံး၊ ဒဏ်ရာရသူအများအပြားရှိ
SHAN -
သျှမ်းပြည်မြောက်ပိုင်း အောင်ပန်းမြို့ ယနေ့ (မတ် ၁၉ )ရက် မနက်ပိုင်းတွင် လူထုသပိတ် စစ်ကြောင်း ကို စစ်ကောင်စီ မှ သေနတ်ပစ် ဖြိုခွင်းမှုကြောင့် ပြည်သူ ၂ဦး ကျဆုံးသွားကြောင်း သတင်းရရှိသည်။ ယနေ့(မတ် ၁၉ )ရက် မနက်ပိုင်းတွင် အောင်ပန်းလူထုသပိတ်စစ်ကြောင်း ကို စစ်ကောင်စီ...





