မူဆယ် (၁၀၅)မိုင် နယ်စပ်ကုန်သွယ်ရေး ညွှန်မှူး သေနတ်ပစ်ခံရ၊ ဒဏ်ရာပြင်းထန်

0

မူဆယ် (၁၀၅)မိုင် နယ်စပ် ကုန်သွယ်ရေးဇုံ ညွှန်မှူး ကို ယနေ့ (မေ ၁၁)ရက် ညနေ ၅နာရီဝန်းကျင်တွင် အမည်မသိ လက်နက်ကိုင်မှ သေနတ် (၄)ချက် ပစ်သွားကြောင်း စုံစမ်းသိရသည်။

၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုံ တွင် စစ်ကောင်စီ အုပ်စု လုံခြုံရေး အပြည့်ရှိနေသည့်ကြား နယ်စပ် ကုန်သွယ်ရေး ညွှန်ကြားရေးမှူး ဦးမင်းအောင်အေး ကို အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့ မှ သေနတ်ဖြင့် (၄)ချက် ပစ်လိုက်ကြောင်း မူဆယ် ဒေသခံများ ပြောပြချက် အရသိရသည်။

“ သူက မူဆယ်အပြန်လမ်း ဇုန်ဝင်းထဲရှိ ရဲကင်း မရောက်ခင် စီးနင်းလာတဲ့ ကားကို တားဆီးပြီး သေနတ်သမားက (၄)ချက် ပစ်လိုက်ပါတယ်။ ဒဏ်ရာက ဝမ်းဗိုက်၊ လက် နဲ့ဆီးခုံ ထိထားတယ် ” ဟု မူဆယ် ဒေသခံတဦး ကပြောသည်။

သေနတ်ပစ်ခံရသည့် စီးပွားရေးကူးသန်းမှ ညွှန်မှူးသည် ဒဏ်ရာပြင်းထန်းကြောင်း ၊ လက်ရှိမှာ မူဆယ်ပြည်သူ့ဆေးရုံမှ လားရှိုးဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။

Leave a Comments