Tuesday, January 27, 2026

တောင်ကြီးမြို့ စစ်ကောင်စီမှ ဈေးဆိုင်ခန်းဌားရမ်းခ သွင်းရန် အကြောင်းကြား

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကောင်စီမှ ဈေးဆိုင်ခန်းငှားရမ်းခ ကို မေ ၁၄ရက် နောက်ဆုံးပေးသွင်းရန် အကြောင်းကြားစာပို့ထားကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီမှ မေလ ၅ ရက်နေ့တွင် တောင်ကြီးမြို့ပေါ်ရှိ ဆိုင်ခန်းများကို ငှားရမ်းခ သွင်းရန် အကြောင်းကြားစာပို့ခဲ့သည်။

လက်ရှိမှာ နိုင်ငံရေး အခြေအနေ ရှုပ်ထွေးမှု၊ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ရှာဖွေစားသောက်မှုခက်ခဲ အဆင်မပြေနေချိန် စစ်ကောင်စီ တောင်းဆိုနေသည့် ဆိုင်ခန်းခ ကို မပေးနိုင်သည့်အတွက် ဆိုင်ပိတ်သိမ်းသွားမည် ဟု တောင်ကြီး မြို့မဈေးဆိုင်တန်းမှ ဈေးသည်များက ပြောသည်။

“ စားဖို့သောက်ဖို့တောင်း မနည်းရှာနေရတာ။ တစ်လတစ်လ ရောင်းရတာက ဆိုင်ခန်းခတောင်းမပေးနိုင်ဘူး။ သူတို့ကိုလာရောင်းခိုင်းကြည့်လေ။ ကျနော်တို့ကတော့ ပိတ်ထားလိုက်ပါပြီး” ဟု တောင်ကြီးမြို့ မြို့မဈေးတွင် အထည်ရောင်းသည့် သူတစ်ဦးကပြောသည်။

အလားတူ စစ်ကောင်စီမှ ဆိုင်ခန်းခ သွင်းဆောင်ရန်အတွက် မေလ ၁၄ ရက်နေ့တွင် အမြန်ဆုံးလာသွင်းဆောင်ရန်အတွက် ကြောညာထားပြီး မသွင်းဆောင်သောဆိုင်ခန်းများကို ဈေးစည်းကမ်းအရအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

သို့သော် ပြည်သူများက စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း မည်သည့်အခွန်မှဆောင်သွားမည် မဟုတ်ကြောင်း အခွန်ဆောင်ရန်အတွက်ငွေမရှိကြောင်း ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

“ ကျမတို့ကတော့ ဘာမဆောင်နိုင်ဘူး။ သူတို့စသိမ်းကတည်းက မီတာခ၊ ဆိုင်ကယ်အခွန်တွေ၊ ဘာအခွန်မှ မဆောင်ဘူး။ ဆိုင်ခန်းလည်း ကျမဖွင့်ထားတယ်။ လာကောက်လည်း မရှိဘူး။ ဆိုင်ထိုင်စောင့်ခိုင်းပြီးတော့ ရတဲ့ပိုက်ဆံယူသွားလိုက်ပေါ့။ ကျမတို့သူငယ်ချင်းတွေအားလုံးလဲ အခွန်မဆောင်ကြဘူး” ဟုတောင်ကြီးမြို့ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများအနေဖြင့် အာဏာဖီဆန်ရေး CDM အနေဖြင့် အခွန်မဆောင်ခြင်းအနေဖြင့် ဆန့်ကျင်ခဲ့ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...