Wednesday, January 28, 2026

သျှမ်း-ကယားနယ်စပ် လာဘ်စားမှု နာမည်ကြီး ပညာရေးဝန်ထမ်းအိမ်များ ပေါက်ကွဲမှုဖြစ်

သျှမ်းတောင် မိုးဗြဲ နှင့် ဖယ်ခုံမြို့တွင် ယနေ့ (မေ ၁၂)ရက် မနက် (၂)နာရီ လာဘ်စားမှုဖြင့် နာမည်ကြီးသည့် ပညာရေးဝန်ထမ်းနေအိမ်များတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မိုးဗြဲမြို့ နှင့် ဖယ်ခုံမြို့နယ်အတွင်းရှိ လာဘ်စားမှုဖြင့် နာမည်ကြီးနေသည့် ပညာရေးမှူးရုံးဝန်ထမ်းအိမ်များ ရှေ့ဆင့် နောက်ဆင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ ထို့ပြင် စစ်ကောင်စီ သတင်းပေး ဒလန်နေအိမ်ကိုလည်း လက်လုပ်မိုင်းဖြင့် ပစ်ခဲ့ကြောင်း မိုးဗြဲမြို့ဒေသခံ တဦး က ပြောသည်။

“ လာဘ်စားတဲ့ ဝန်ထမ်းနေအိမ်ပါ။ CDM လည်း မလုပ်ဘူး။ နောက်ပြီး စစ်တပ် သတင်းပေး အိမ်တွေ ဆက်တိုက်ပဲ ပေါက်ကွဲတယ်။ ထိခိုက်မှုတော့ အရမ်းမရှိဘူး” ဟု မိုးဗြဲ ဒေသခံက ဆိုသည်။

ထိုပေါက်ကွဲမှု ပြုလုပ်ခြင်းသည် စစ်ကောင်စီ နှင့် မပူးပေါင်းရန် ပြည်သူများဘက်မှ ရပ်တည်ပေးရန် ပညာပေးလိုက်ခြင်း သာဖြစ်ကြောင်း၊ သတိပေးနေသည့်ကြား ဆက်လက်ပြီး လာဘ်စားမှုများပြုလုပ်နေခြင်း၊ စစ်ကောင်စီသတင်းပေး ဒလန် အဖြစ် ဆက်လက်ရပ်တည်မည်ဆိုပါက ထပ်မံ ပြုလုပ်သွားမည် ဟုလည်း သိရသည်။

ပေါက်ကွဲမှုပြီးနောက် ယနေ့ (မေ ၁၂)ရက် တွင် စစ်ကောင်စီ မှ နေရာအနှံ့ လုံခြုံရေးယူထားကြောင်း၊ လမ်းသွားလမ်းလာများ စစ်ဆေးမှု တင်းကြပ်နေကြောင်း သတင်းရရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖယ်ခုံမြို့နယ် စာသင်ကျောင်းများ ပြန်ဖွင့်နိုင်ရန် CDM ပညာရေးဝန်ထမ်းများကို ပြန်ခေါ်နေ

0
သျှမ်းပြည် ဖယ်ခုံမြို့နယ်ကို စစ်ကောင်စီမှ ပြန်လည်းထိန်းချုပ်နိုင်ပြီးနောက် အခြေခံပညာ စာသင်ကျောင်းများ ပြန်ဖွင့်နိုင်ရန် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ထားသော ပညာရေးဝန်ထမ်းများ (CDM) ကို ပြန်ခေါ်နေကြောင်း သတင်းရရှိသည်။ ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ဖယ်ခုံမြို့ နှင့် မိုးဗြဲမြို့ကို စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်အတွင်းတွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ထို့နောက်...

တန့်ယန်းမြို့  ယမ်းသိုလှောင်သည့်နေအိမ် ပေါက်ကွဲမှုဖြစ် အရပ်သားထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့  ရပ်ကွက် (၂) ယမ်းသိုလှောင်သည့် နေအိမ် တွင် ပေါက်ကွဲမှု ဖြစ်ပွားပြီး အရပ်သား ထိခိုက်ဒဏ်ရာရရှိသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၃၀) ရက် နေ့လယ် ၁၂ နာရီခွဲကျော်  တန့်ယန်းမြို့ ရပ်ကွက် (၂) နောင်ဖာလမ်း ရှိ အငှားအိမ်ခန်းတန်းလျား တွင် ယမ်းသိုလှောင်သည့်အခန်းမှ  ပြင်းထန်သည့်ပေါက်ကွဲမှုတခုဖြစ်ပွားပြီး...

သီပေါမြို့နယ် နေအိမ်အတွင်း ပေါက်ကွဲမှုဖြစ်ပြီး အရပ်သား ၂ ဦးသေဆုံး၊ မိသားစုဝင် ၄ ဦး ဒဏ်ရာရ

0
သျှမ်းပြည် သီပေါမြို့နယ် ကုံးစုံရွာတွင် နေအိမ်အတွင်း ပေါက်ကွဲမှုဖြစ်ပြီး အရပ်သား (၂) ဦး သေဆုံးကာ မိသားစုဝင် (၄) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၂၁ ရက်) နံနက် ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA...
မိုင်းဆတ်

မိုင်းဆတ် အမြောက်တပ် လက်နက်တိုက်ထဲ ဗုံးပေါက်ကွဲပြီး မီးလောင်နေ

0
သျှမ်းပြည် မိုင်းဆတ်မြို့အခြေစိုက် စစ်ကောင်စီ အမြောက်တပ်ရှိ လက်နက်တိုက်တွင် ဗုံးပေါက်ကွဲပြီး မီးလောင်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ည (နိုဝင်ဘာ ၁၂ ရက်) ည ၇ နာရီခွဲခန့်တွင် သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့ အမြောက်တပ်ထဲရှိ စစ်ကောင်စီတပ်၏ စစ်လက်နက်ပစ္စည်း သိုလှောင်ရုံတွင် ဗုံးပေါက်ကွဲပြီး မီးလောင်နေကြောင်း မိုင်းဆတ်ဒေသခံများက...

ဆီဆိုင်မြို့နယ် ပညာရေးဝန်ထမ်းရှားပါးလာမှုကြောင့် (၁၀) တန်းအောင်သူများ ဆရာအဖြစ်ခန့်အပ်မည်

0
သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်း ပညာရေးဝန်ထမ်းများ ရှားပါးလာမှုကြောင့် (၁၀) တန်းအောင်မြင်ပြီးသွားသည့် သူများကို တလလျှင် ကျပ်ငွေ တစ်သိန်းခွဲဖြင့် ပြည်သူလူထုမှ ခန့်အပ်မည်ဟု စုံစမ်းသိရသည်။ . စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းလုံးမှ ပညာရေးဝန်ထမ်းများသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်လာကြပြီး၊ တဖက်မှာလည်း နိုင်ငံရေး အခြေအနေကြောင့် လစာ အခက်အခဲ ဖြစ်လာပြီး...