Sunday, May 5, 2024

မိုင်းဆတ် အမြောက်တပ် လက်နက်တိုက်ထဲ ဗုံးပေါက်ကွဲပြီး မီးလောင်နေ

Must read

သျှမ်းပြည် မိုင်းဆတ်မြို့အခြေစိုက် စစ်ကောင်စီ အမြောက်တပ်ရှိ လက်နက်တိုက်တွင် ဗုံးပေါက်ကွဲပြီး မီးလောင်နေကြောင်း စုံစမ်းသိရသည်။

ယနေ့ည (နိုဝင်ဘာ ၁၂ ရက်) ည ၇ နာရီခွဲခန့်တွင် သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့ အမြောက်တပ်ထဲရှိ စစ်ကောင်စီတပ်၏ စစ်လက်နက်ပစ္စည်း သိုလှောင်ရုံတွင် ဗုံးပေါက်ကွဲပြီး မီးလောင်နေကြောင်း မိုင်းဆတ်ဒေသခံများက ပြောသည်။

“အမြောက်တပ်ထဲမှာ မီးလောင်နေတာ ဟုတ်တယ်။ ဘယ်လိုဖြစ်ပြီး မီးလောင်နေတာလဲ မသိဘူး။ မီးလောင်နေတာက သူတို့လက်နက်ခဲယမ်းတွေ သိမ်းထားတဲ့နေရာ။ အဲ့နားက မယ်နိမ်ရွာနဲ့ နီးနီးလေး၊ လူထိခိုက်သေဆုံးမှုကတော့ မသိရသေးဘူး။ မီးလောင်နေတာ တစ်နာရီနီးပါး ရှိပြီ၊ မငြိမ်းသေးဘူး။ ပေါက်ကွဲသံတွေလဲ ကြားတယ်”ဟု မိုင်းဆတ်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဗုံးပေါက်ကွဲပြီး မီးလောင်နေသည့် မိုင်းဆတ်အခြေစိုက် အမြောက်တပ်သည် မိုင်းဆတ်မြို့အထွက် မိုင်းဆတ်-မိုင်းတုံ သွားရာလမ်းတွင် တည်ရှိပြီး ၎င်းဒေသတွင် “ဝ”တပ်ဖွဲ့ UWSA လှုပ်ရှားနေသည်ဟု သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article