Wednesday, January 28, 2026

မိုင်းယော်တွင် တိုင်းရင်းသားလက်နက်ကိုင်များ နေအိမ်ထိ စစ်သားလိုက်စုဆောင်း

သျှမ်းပြည် မြောက်ပိုင်း လာရှိုးမြို့နယ် မိုင်ယော်ဒေသတွင် တိုင်းရင်းသားလက်နက်ကိုင်များက နေအိမ်အထိ စစ်သားများ လိုက်လံစုဆောင်းနေကြောင်း သတင်းရရှိသည်။

တိုင်းရင်းသားလက်နက်ကိုင်များမှ စစ်သားများလိုက်လံစုဆောင်းမှု ကို ယခင်ကထပ် ပိုပြီးလုပ်ဆောင်နေကြောင်း၊ နေအိမ်ထဲထိ လိုက်လံဖမ်းဆီးနေသဖြင့် ထိုဒေသတွင်နေထိုင်သည့်သူများသည် ထွက်ပြေးတိမ်းရှောင်နေရကြောင်း မိုင်းယော်ဒေသခံ များက ပြောသည်။

“ အရင်တွေကတော့ သူတို့လူပို့လာပေးဖို့ပဲတောင်းတယ်။ ဒီနှစ်ကစပြီးတော့ အဲလိုမဟုတ်တော့ဘူး။ သူတို့ အိမ်ထဲထိ လိုက်ဖမ်းတာ။ သူတို့ လာဖမ်းတဲ့ချိန်က နေ့လည်မဟုတ်ဘူး။ ညနက်တဲ့အချိန်မှ လာတာ။ ပြည်သူတွေအိပ်နေတဲ့ အချိန်မှလာတာ။ ဒီနှစ် သူတို့ စစ်သားအရမ်းကောက်ယူလာတယ်” ဟု မိုင်းယော်ဒေသခံ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

မိုင်းယော်ဒေသတွင် လှုပ်ရှာနေသည့် တိုင်းရင်းသားလက်နက်ကိုင်များ သည် ကိုကန့် (MNDAA) ၊ ကချင်တပ်မတော် (KIA) ၊ တအောင်း(ပလောင်း) TNLA၊ ရခိုင်တပ်မတော်( AA) ၊ သျှမ်းတပ်မတော် ဝမ်းဟိုင်း (SSPP)၊ နှင့် အာဏာသိမ်းစစ်ကောင်စီတို့ ဖြစ်ကြောင်းသိရသည်။

“ ဒီဘက်မှာ အဓိက စစ်သားကောက်နေတာက တိုင်းရင်းသားလက်နက်ကိုင်တွေပါ။ အိမ်ထဲထိဝင်ဖမ်းသွားတယ်။ တချို့အိမ်က ယောင်္ကျားသားပဲရှိတာ။ တပ်ထဲပို့လိုက်ရင် ရှာကျွေးမဲ့သူက မရှိတော့ မိဘတွေကလည်း မပေးချင်။ အဲ့ဒါနဲ့ ထွက်ပြေးနေရတယ်” ဟု မိုင်းယော်ဒေသခံ အမျိုးသား တဦး က ပြောသည်။

မိုင်းယော်မြို့တွင် မိသားစုဝင်ထဲမှ သား၊ယောင်္ကျားများကို စစ်တပ်ထဲသို့ မပေးချင်ပါက ယခင်တွင် နယ်စပ်ဒေသသို့ သွားရောက် အလုပ်လုပ်စေခဲ့ပြီး၊ လက်ရှိမှာ ကိုဗစ်-၁၉ ကာလကြောင့် နယ်စပ် တံခါးများပိတ်ထားသဖြင့် တခြားမြို့နယ်ကိုသာ ပုန်းရှောင်နေရကြောင်း သိရသည်။

“အခု ပြည်သူတွေ အကုန်ထွက်ပြေးနေကြပြီ။ အများစု ထွက်ပြေးနေရတာတော့ တအောင်း(ပလောင်း)၊ တရုတ်၊ ကိုးကန့်၊နဲ့ ကချင်လူမျိုးတွေတော့ ထွက်ပြေးနေကြရတယ်။” ဟု ၎င်း က ထပ်လောင်းပြောသည်။

မိုင်းယော်ဒေသသည် လာရှိုးမြို့နယ်တွင်တည်ရှိပြီး ကျေးရွာအုပ်စု ၃၁ ခုရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းယော် အတွင်း တိုက်ပွဲကြောင့် ပြည်သူများ လယ်သွားရန် အခက်ကြုံနေ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် အတွင်း စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြည်သူများ လယ်ယာသွားရန်အတွက် အခက်အခဲများစွာ ကြုံနေရကြောင်း သတင်းသိရသည်။ စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်တို့ ပစ်ခတ်မှုဖြစ်ပြီး နေ့စဥ်ရက်ဆက်ကြားနေရသည့် ပစ်ခတ်သံများနှင့် ရွာနားစပ်သို့ မကြာခဏကျလေ့ရှိသည့် အမြောက်ကျည်ဆံများကြောင့် လယ်ယာများကိုပင် ပြည်သူများ မသွား ရဲကြောင်း...

မိုင်းယော် ရဲစခန်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော် ရဲစခန်းတွင် ယနေ့ (အောက်တိုဘာ ၂၈) နေ့လည် ၁၂ နာရီဝန်းကျင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ “အခုလေးတင်ပေါက်ကွဲသွားတာ။ အသံအကျယ်ကြီးပဲ။ တစ်လုံးပဲ ပေါက်ကွဲတာ။ ရဲစခန်းအထဲကနေ ပေါက်ကွဲတာ။ ထိခိုက်ဒဏ်ရာရရှိတဲ့သူရှိလားတော့မသိဘူး။ ကျနော်တို့လည်း အထဲသွားမကြည့်ရဲဘူး။ ထပ်ပေါက်ကွဲမှာကြောက်ရတယ်” ဟု...