မိုင်းယော် အတွင်း တိုက်ပွဲကြောင့် ပြည်သူများ လယ်သွားရန် အခက်ကြုံနေ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် အတွင်း စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြည်သူများ လယ်ယာသွားရန်အတွက် အခက်အခဲများစွာ ကြုံနေရကြောင်း သတင်းသိရသည်။

စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်တို့ ပစ်ခတ်မှုဖြစ်ပြီး နေ့စဥ်ရက်ဆက်ကြားနေရသည့် ပစ်ခတ်သံများနှင့် ရွာနားစပ်သို့ မကြာခဏကျလေ့ရှိသည့် အမြောက်ကျည်ဆံများကြောင့် လယ်ယာများကိုပင် ပြည်သူများ မသွား ရဲကြောင်း မိုင်းယော်တိုက်နယ် ဒေသခံတစ်ဦးက ပြောသည်။

“သူတို့ပစ်ခတ်မှုတွေက နေ့တိုင်းရှိနေတယ်၊ မဟာမိတ်ဘက်က ချောင်းပြီးတိုက်ရင် စစ်ကောင်စီဘက်က ပြန် လိုက်ပစ်ပြီးတော့ လက်နက်ကြီးနဲ့ ပြန်ချတာ၊ တချို့နေ့တွေက ပစ်ခတ်မှုတွေပြင်းတယ်၊ အဲ့ကြောင့် ရွာသားတွေလည်း ရွာပြင် မထွက်ရဲကြဘူး” ဟု မိုင်းယော်တိုက်နယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီ တပ်နှင့် မြောက်ပိုင်းမဟာမိတ်တပ်တို့သည် မိုင်းယော်တိုက်နယ် မိုင်းယန်းကျေးရွာအုပ်စုအတွင်းတို့ တိုက်ပွဲဖြစ်ပွားနေလျက်ရှိပြီး ပြည်သူများသည် မြို့တက်ပြီး စားနပ်ရိက္ခာများ ဝယ်ခြမ်းရန်အတွက်နှင့် လယ်ယာ ခြံများကို သွားကြည့်ရန်အတွက် အခက်အခဲရှိနေကြောင်း သိရသည်။

“အခက်အခဲကတော့ ရှိတာပေါ့၊ ရွာထဲမှာနေပြီးတော့ ပစ်ခတ်သံတွေကြားနေရတာလည်း ကြောက်ရတယ်လေ၊ ကိုယ့်နား မရောက်လာနိုင်ဘူးလို့ မပြောနိုင်ဘူး၊ မြို့တက်ပြီး ဆန်ဆီဆားတွေ ဝယ်ဖို့လည်း မလွယ်တော့ဘူး၊ အခုဆို ရိတ်ထားတဲ့စပါးတွေကလည်း ဒီအတိုင်း ပုံထားရတယ်၊ သွားမကြည့်နိုင်သေးဘူး” ဟု မိုင်းယန်းကျေးရွာ အုပ်စုအတွင်းမှ ဒေသခံ တစ်ဦးက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့သည် ပြီးခဲ့သည့် အောက်တိုဘာလ နှောင်းပိုင်းမှ စတင်ကာ ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ မိုင်းယော်တိုက်နယ်အတွင်း ထိပ်တိုက် တိုက်ပွဲများ စတင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မိုင်းယော်တိုက်နယ်အတွင်းမှ မြောက်ပိုင်းမဟာမိတ်များကို ထိုးစစ်ဆင်နေသော စစ်ကောင်စီတပ်ဖွဲ့ သည် တပ်မ ၉၉၊ ခြေမြန်တပ်ရင်း (ခမရ ၃၃၆)တပ်ဖွဲ့ ဖြစ်ပြီး ၎င်းတို့၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် မိုင်းယော်တိုက်နယ်မှ ရွာခံအမျိုးသမီးတစ်ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...