တောင်ကြီးမြို့ ဗုံးပေါက်ကွဲ၊ လူငယ်တစ်ဦးဖမ်းဆီးခံရ

0

တောင်ကြီးမြို့ ယနေ့( မေလ ၁၁) ရက် ည ၈ နာရီ ၄၅ မိနစ်အချိန်တွင် ဗုံးပေါက်ကွဲမှုဆက်တိုက်ကြားနေရပြီး၊ လူငယ်တဦးလည်း စစ်ကောင်စီက ဖမ်းခေါ်သွားကြောင်း း သတင်းရရှိသည်။

တောင်ကြီးမြို့လယ်ခေါင် တဝှိက်တွင် ဗုံး ၆ လုံး ပေါက်ကွဲသည့် အသံ ကြားရကြောင်း၊ ထိုပေါက်ကွဲမှုသည် အသံတော်တော်ကျယ်ကြောင်းသိရသည်။

“အသံက အရမ်းကျယ်တယ်။ တော်တော်ကိုကျယ်တာ။ အိမ်ပါတုန်းတယ်။ အသံဗုံးတော့ မဖစ်နိုင်လောက်ဘူး။” ဟုတောင်ကြီးမြို့ ဒေသခံ တစ်ဦးကပြောသည်။

လက်ရှိတွင် တောင်ကြီးမြို့ သီးသန်ရှေ့တွင် လမ်းသွားလမ်းလာများကို တားမြစ်စစ်ဆေးနေကြောင်းသိရသည်။

” ကလးတစ်ယောက် သူအပေါ်ကနေ ဆိုင်ကယ်မောင်းဆင်းလာတာ။ အဲဒါကိုသေနတ်နဲပစ်နေတယ်။ ခုဖမ်းခံထားရတယ်။ ဆိုင်ကယ်ကော သိမ်းထားလိုက်ပြီ ” ဟု မျက်မြင်တွေ့ရှိသူတဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

တောင်ကြီးမြို့ တွင် နေစဉ်ဆက်တိုက် ဗုံးပေါက်ကွဲမှု ရှိနေပြီး၊ စစ်ကောင်စီ မှလည်း လမ်းသွားလမ်းလာများကို စစ်ဆေးကာ ဖမ်းဆီးခေါ်ဆောင်နေကြောင်းလည်း သိရသည်။

Leave a Comments