သျှမ်းပြည် လိုင်စင်မဲ့ မော်တော်ယာဉ်များကို စစ်ကောင်စီ မှ စစ်ဆေး ဖမ်းဆီးနေ

သျှမ်းပြည်တွင်းရှိ လိုင်စင်မဲ့ မော်တော်ယာဉ်များကို စစ်ကောင်စီ အစိုးရမှ စစ်ဆေး ဖမ်းဆီးနေကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ဖမ်းဆီး စစ်ဆေးရခြင်းသည် အထက်အမိန့်အရ ဖမ်းဆီးစစ်ဆေးကြောင်း ဖမ်းဆီးစစ်ဆေးခံထားရသည့် သူ တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“လိုင်စင်မရှိတဲ့ကားတွေ ယာဉ်မောင်းလိုင်စင်တွေကို အထက်အမိန့်အရ စစ်တယ်လို့ ပြောတယ်။ ဖြစ်နိုင်ရင် ယာဉ်မောင်းလိုင်စင် ကားလိုင်စင်ရှိရမယ်။ နောက်ပိုင်း ဘာမှ မရှိရင် တကယ်ယူမယ်လို့တော့ ပြောတယ်။ ပြည်သူကော သံယာတော်တွေကော မထားတော့ဘူးလို့တော့ ပြောတယ်” ဟု စစ်ဆေးခံထားရသည့် ကားသမား တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

စစ်ကောင်စီမှ မြန်မာနိုင်ငံကို အုပ်ချုပ်သည့် ရက် (၁၀၀) အတွင်း ထိုင်းနိုင်ငံမှ ကုန်ပစည်းတင်သွင်းခွင့် တားပိတ်ခြင်း၊ ဆိုင်ကယ်တင်သွင်းခွင့်ကို ပိတ်ပင်ထားခြင်း ဆိုင်ကယ်ရောင်းသည့် ဆိုင်များကို ဝင်ရောက်စစ်ဆေးခြင်းများ ပြုလုပ်သည်ကို တွေ့ရသည်။

ယနေ့ မေ (၁၂) ရက်တွင် သျှမ်းပြည်အရှေ့ပိုင်းရှိ မြို့နယ်အချို့ လိုင်စင်မဲ့ကားများ တင်သွင်းရောင်းချမှုရှိ မရှိ စတင်စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပြီး ကားအရောင်း (Showroom) များကိုလည်း ရှောင်တခင်စစ်ဆေးမှုများ ဝင်ရောက် စစ်ဆေးမည်ဖြစ်ကြောင်း ကျိုင်းတုံ ဒေသခံ တစ်ဦးထံမှ သိရသည်။

“တောင်ကြီး ၄ မိုင်အထွက်မှာလည်း ဒီနေ့မနက် (၆) နာရီလောက်က လိုင်စင်မဲ့ကားတွေ ဖမ်းနေတာ တွေ့ရတယ်။” ဟု တောင်ကြီး ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

စစ်ကောင်စီ အာဏာသိမ်းကာစတွင်လည်း တောင်ကြီး (၄)မိုင်ရှိ မြို့အဝင်အထွက်များကို စစ်သားများ ရဲများမှ ကားများ မော်တော်ဆိုင်ကယ်များ တားဆီးစစ်ဆေးနေသည်ကိုလည်းတွေ့ရကြောင်း ကားဆရာများက ပြောသည်။

“နေရပ်လိပ်စာတွေ၊ဖုန်းနံပတ်တွေ မှတ်ပုံတင်နံပတ်တွေ တောင်းတယ်။” ဟု အငှားကား ယာဉ်မောင်း တစ်ဦး ကပြောသည်။

သျှမ်းပြည်တွင် လိုင်စင်မဲ့ကားများကို အသေးစား စီးပွားရေးတစ်ခုအနေဖြင့် အရောင်းအဝယ်ပြုလုပ်ကြသည်ကို တွေ့ရပြီး အဆိုပါကားများကို ထိုင်း – မြန်မာ ကရင်ပြည်နယ် မြဝတီမြို့မှ တစ်ဆင့် တင်သွင်းလာကြောင်း ကားပွဲစားများထံမှ စုံစမ်းသိရှိရသည်။

ယခင်အစိုးရ လက်ထက်တွင် လိုင်စင်မဲ့ကားများကို ဖမ်းနေသော်လည်း ယာဉ်ထိန်းရဲများသာ ဖမ်းဆီး စစ်ဆေးပြီး ယခုစစ်ကောင်စီအစိုးရသည် လိုင်စင်မဲ့ကားများကို စစ်ဆေးရာမှာ စစ်သားများပါဝင်နေကြောင်းလည်း ပြည်သူများက ပြောဆိုကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...