Wednesday, January 28, 2026

သီပေါမြို့ ဆန္ဒပြသူ ၄ ဦးကို (၅၀၅-က)ဖြင့် ဖမ်းဆီး တရားစွဲဆိုထား

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့တွင် စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြလူငယ် (၄)ဦး ဖမ်းဆီးခံရပြီး ရာဇာသတ်ကြီး ပုဒ်မ (၅၀၅-က)ဖြင့် တရားစွဲဆို အမှုဖွင့်ထားသည်။

ထိုဖမ်းခံရသူ (၄)ဦးသည် မေ ၉ ရက် ညပိုင်းတွင် စစ်ကောင်စီမှ နေအိမ်ထဲထိ ဝင်ရောက်ကာ ဖမ်းဆီးသွားပြီး၊ မေ (၁၁)ရက်တွင် ရာဇာသတ်ကြီး ပုဒ်မ (၅၀၅-က)ဖြင့် တရားရုံးထုတ်ခဲ့ကြောင်း သီပေါလူငယ်တဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ဖမ်းတာက ညက လာဖမ်းသွားတာ။ သီပေါက ဒလံ အကြီးက သတင်းပေးလမ်းပြလို့ ကျနော်တို့ ပြည်သူ ၄ ဦးက ဖမ်းဆီးခံရတာ။ သူတို့က ၂၁ ရက်နေ့ကျရင် ရုံးထုတ်စစ်ဆေးအုံးမှာ။ ခုတော့ သီပေါအကျဉ်းထောင်ထဲမှာ ပဲရှိနေသေးတယ်။” ဟု သီပေါမြို့ ဒေသခံအမျိုးသားတစ်ဦးက‌ သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသူများသည် လက်ဖက်ရည်ဆိုင်ဝန်းတွင် အိမ်ငှားနေထိုင်သူတစ်ဦး၊ ဖမ်းဝရမ်းထုတ်ခံရသူ တစ်ဦး၊ ကျန်နှစ်ဦးမှာ ဂွ၊ဓား၊ ဒိုင်ကားများ ပြုလုပ်ခြင်းကြောင့် ဖမ်းဆီးခံရကြောင်း၊ ထိုဖမ်းခံရသူများကိုလည်း အမြန်ပြန် လွှတ်ပေးရန် သီပေါလူငယ်များက ပြောသည်။

လက်ရှိ သီပေါမြို့တွင် ညအချိန်မတော်ဝင်ဖမ်းခံရသည့် လူငယ်များသည် စစ်ကောင်စီ အုပ်စုမှ ဖမ်းဝရမ်ထုတ်ပြန်ထားသည့် လူမဟုတ်ကြောင်း၊ ယခုနောက်ပိုင်း ဖမ်းဝရမ်း မထုတ်ဘဲ ဝင်ရောက်ဖမ်းဆီးမှုပြုလုပ်နေသဖြင့် လူငယ်များ စိုးရိမ်မှုရှိ နေကြကြောင်း သီပေါလူငယ်များက ပြောဆိုလိုက်သည်။

“ အရင်ကတော့ ဖမ်းဝရမ်းစာရင်းကိုသိရတယ်။ ရှောင်ပုန်းနေလို့ရတယ်။ အခုတော့ ထုတ်ဖော်တာမရှိဘဲ တခါတည်းဖမ်းသွားမယ်လို့ ကြားရတယ်။ လူငယ်တစ်ချို့ကတော့ ရှောင်နေကြရပါတယ်။ မထင်တဲ့သူတွေကို ဝင်ဆွဲနေတာ ခက်တယ်” ဟု သီပေါမြို့ ဒေသခံတစ်ဦးက ပြောသည်။

တချို့ မူးယစ်ဆေးဝါး ကြောင့် ဖမ်းခံရသည့်သူကိုလည်း (၅၀၅ -က)ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

သီပေါမြို့တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူ စုစုပေါင်း ၈ ဦးရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MongNawng_ID_Check

နိုင်ငံရေးပုဒ်မ ၅၀၅-က ဖြေလျော့သော်လည်း စစ်တပ်ဂိတ်များတွင် PSMS စနစ်ဖြင့် စစ်ဆေးတင်းကြပ်နေဆဲ

0
စစ်ကော်မရှင်မှ နိုင်ငံရေးပုဒ်မဖြစ်သည့် ၅၀၅-က ကို ဖြေလျှော့ပေးခဲ့သော်လည်း သျှမ်းပြည်အတွင်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့ရှိ စစ်ဆေးရေးဂိတ်များတွင် PSMS အက်ပလီကေးရှင်းသုံး၍ စစ်ဆေးမှု တင်းကြပ်နေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။

“၁၀၂၇ စစ်ဆင်ရေး”ကြောင့် ပျက်စီးသွားသည့် သီပေါမြို့နေအိမ်များ လူမှုကူညီရေးအဖွဲ့ ကူညီမည်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် “၁၀၂၇ စစ်ဆင်ရေး”ကြောင့် ပျက်စီးသွားသော နေအိမ်များကို လူမှုကူညီရေးအဖွဲ့များက ကူညီထောက်ပံ့ပေးသွားမည်ဟု သတင်းရရှိသည်။ လက်ရှိတွင် သီပေါမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထိန်းချုပ်ထားပြီး “၁၀၂၇ စစ်ဆင်ရေး”အတွင်း မြို့သိမ်းတိုက်ပွဲများကြောင့် ပြည်သူနေအိမ် ၂၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ “တိုက်ပွဲကြောင့် ပျက်စီးသွားတဲ့...

TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် မိုင်းနင်းမိပြီး အမျိုးသား တစ်ဦးသေဆုံး၊ အမျိုးသမီးတစ်ဉီး ဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် မိုင်းနင်းမိပြီး အမျိုးသား တစ်ဦးသေဆုံးကာ အမျိုးသမီးတစ်ဉီး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၆ရက်) ညနေပိုင်းတွင် သီပေါမြို့ မီးရထားရပ်ကွက်နေ မြရွှေဂူဘုန်းကြီးကျောင်းအနီးတွင် စစ်လက်နက်ကျန် ပစ္စည်းကို ကောက်ယူရာ ပေါက်ကွဲမှုဖြစ်ပွားပြီး လက်နှစ်ဖက်ပြတ်ထွက်သွားပြီး ၁...

ဖုန်းအသုံးပြုသည့် သီပေါဒေသခံ (၄၀)ကျော် TNLA ဖမ်းဆီး

0
သျှမ်းပြည် သီပေါမြို့နယ် စံဖိတ်ကျေးရွာရှိ ဒေသခံအရွယ်စုံ (၄၀) ဦးထက်မနည်းကို ဖုန်းအသုံးပြုသည့် အကြောင်းပြချက်ဖြင့် TNLA တပ်သားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီလ ပထမပတ်အတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နယ်တွင် တားမြစ်ထားသည့်ကြားက ဖုန်းပြောဆို ဆက်သွယ်သည်ဟုဆိုကာ စံဖိတ်ကျေးရွာရှိ ဒေသခံ အရွယ်စုံ...

သီပေါမြို့တွင် မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် သီပေါမြို့နယ်တွင် မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (နိုဝင်ဘာလ ၁ ရက်နေ့) တွင် သီပေါမြို့နယ် ကုန်စုံကျေးရွာဒေသခံ အမျိုးသား ၂ ဦးသည် တောထဲ မှိုသွားရှာနေစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ပေါက်ကွဲခြင်းကြောင့် တစ်ဦး...