မိုင်းဖြတ်မြို့ လူငယ် ၂ ဦးကို စစ်ကောင်စီ အကြောင်းမဲ့ ဖမ်းဆီးခေါ်သွား

သျှမ်းပြည် အရှေ့ပိုင်း မိုင်းဖြတ်မြို့တွင် စစ်ကောင်စီ မှ အရပ်သားလူငယ် ၂ ဦးကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။

ယမန့်နေ့ ( မေလ ၁၀) ရက် ည ၁၁ နာရီဝန်းကျင်တွင် လူငယ် တစ်ဦးကို နေပြည်တော် စရဖတို့နှင့် ရဲတို့ က မေးမြန်းစရာရှိသည် ဟု ပြောဆိုကာ ဖမ်းဆီးသွားပြီး၊ ယနေ့ (မေ ၁၁)ရက် နေ့လည်ပိုင်း အချိန်တွင် လူငယ်တစ်ဦးထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ် ပတ်ပတ်လည်တွင် စစ်တပ်စခန်းများ ဝန်းရံထားသည့်မြို့ဖြစ်ပြီး၊ ထို့ကြောင့် စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြရန် ခက်ခဲသည့်ဒေသတခုလည်းဖြစ်သည်။

ယမန်နေ့ (မေ ၁၀)ရက်တွင်လည်း စစ်တပ်မှ အုပ်ချုပ်သည့် အခြေခံ အထက်တန်းကျောင်းရှေ့တွင် စစ်အာဏာရှင် အလိုမရှိ၊ စစ်ကျွန်ပညာရေ အလိုမရှိကြောင်း ဆန့်ကျင်သည့် လှုပ်ရှားမှု ပြုလုပ်မှုကြောင်း အဆိုပါ လူငယ် (၂)ဦးကို ဖမ်းဆီးလိုက်သည့် ဟု ဒေသခံများက ထင်မြင်ပြောဆိုနေကြသည်။

“မနေ့ည ကတစ်ယောက်ဖမ်းသွားတယ်။ ဒီနေ့ နေ့လည်က တစ်ယောက်ထက်ဖမ်းခံရတယ်။ ဘာကြောင့် ဖမ်းတာလဲ တော့မသိဘူး။ မနေ့က ဖမ်းခံရတဲ့သူနဲ့ အဆက်ဆက်ရှိလို့ဖမ်းတာလားတော့ မသေချာသေးဘူး။ အရင်ကတည်းကသူက ၅၀၅ နဲတော့ စွဲခံထားတယ်လို့ပြောတယ်။” ဟု မိုင်းမြတ်မြို့ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ယနေ့ ဖမ်းဆီးခံရသောသူမှာ ရွှေနှင်းဆီ မိုဘိုင်းဆိုင် ဦးဂီဒို ဖြစ်ပြီး ဝမ်းဟွေ့ရပ်ကွက်တွင်နေထိုင်ကြောင်း၊ ၎င်းကို တပ်တွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။

အလားတူ ယမန့်နေ့ဖမ်းဆီးခံရသော သူသည် အသက် ၁၇ နှစ် အောင်ကိုကိုဖြစ်ပြီး ၎င်း သည့် စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း စားရေးသားသောကြောင့် ဖမ်းဆီးခံရသည့်ဟု ဒေသခံများက ပြောသည်။

“ ဟုတ်ပါတယ်။ သူက အသက်မပြည့်သေးဘူး။ ခုမှ ၁၇ နှစ်တဲ့။ ၁၀တန်းဖြေထားတာ။ စစ်ကျွန်းပညာရေး စနစ်အလိုမရှိ စားသားကို ရေးလို့ဖမ်းသွားတယ်လို့ အဲလိုတော့ကြားထားတယ်။ ခုတော့ မိုင်းဖြတ် ရဲစခန်းမှာပဲ။ တွေ့ခွင့်ရသေးတယ်။ ပြန်မလွှတ်သေးဘူး။” ဟု ဒေသခံ တစ်ဦး ကပြောသည်။

မိုင်းဖြတ်မြို့တွင် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီမှ ဖမ်းဆီးထားသည့် လူငယ် (၃)ဦးထိရှိလာပြီ ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာလုယူပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်သူ၊ CDM ဝန်းထမ်းများ၊ ပြည်သူများကို အကြောင်းမဲ့ဖမ်းဆီးပြီး၊ ရာဇသတ်ပုဒ်မ ၅၀၅(က) ဖြင့်တရားစွဲဆိုပြီး ဖမ်းဆီးထားကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...