CATEGORY

လူ့အခွင့်အရေး

တောင်ကြီးမြို့အထွက် PNO နှင့် စစ်ကောင်စီ ပူးပေါင်း ဖုန်းထဲ VPN စစ်ဆေးနေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အထွက် (၄)မိုင်တွင် စစ်ကောင်စီ နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO )တို့ ပူးပေါင်းပြီး လမ်းသွားလမ်းလာ ပြည်သူများ၏ ဖုန်းထဲတွင် VPN သုံးစွဲမှု ရှိ၊ မရှိကို စစ်ဆေးလျက်ရှိကြောင်း ဒေသခံများ သတင်းပေးပို့ချက်အရ သိရသည်။ ယနေ့ ဇန်နဝါရီ ၂၆ ရက်...

တာချီလိတ်မြို့တွင်း အချုပ်ကား၊ ရဲကား၊ စစ်ကား လှည့်လည် ကင်းစောင့်နေ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ယနေ့ ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ ရဲ၊ အချုပ်ကား၊ စစ်ကားတို့က အင်အားအများအပြားဖြင့် မြို့တွင်း ကင်းလှည့်သွားလာနေလျက်ရှိကြောင်း စုံစမ်း သိရှိရသည်။ “သွားလာနေတာကို တွေ့လိုက်တယ်။ ရဲကား၊ အချုပ်ကား၊ စစ်သားတွေရော အများကြီး သွားလာနေတာ။ စစ်ကားတော့ အထဲမှာ...

ပင်လောင်းရောက် စစ်ရှောင် (၃၀၀၀)ကျော် စောင်နှင့် အနွေးထည် လိုအပ်နေသေး

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင်း ရောက်ရှိနေသည့် စစ်ရှောင် (၃၀၀၀)ကျော် စောင်နှင့် အနွေးထည်များ လက်ရှိချိန်ထိ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ ပင်လောင်းမြို့သည် ရာသီဥတု ပိုအေးလာပြီး ထွက်ပြေးလာသည့် စစ်ရှောင်များသည် အနွေးထည်နှင့် စောင်များ မပါလာသည့်အတွက် အခက်ခဲဖြစ်နေကြောင်း စစ်ရှောင်များကို ကူညီပေးသူ တစ်ဦးက ပြောသည်။ “လက်ရှိ စားနပ်ရိက္ခာတော့ လုံလောက်နေတယ်။...

သီပေါစစ်ရှောင် ၄၅၀ ကျော် စားနပ်ရိက္ခာနှင့် နေရာ ခက်ခဲကြုံနေ

သျှမ်းမြောက် သီပေါမြို့နယ် ဘော်ကြိုဘုရားကြီးတွင် စစ်ဘေးတိမ်းရှောင်နေရသူ (၄၅၀)ကျော်ထိ ရှိလာပြီး စားနပ်ရိက္ခာနှင့် နေရာများ ခက်ခဲကြုံနေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းက စစ်ဘေးရှောင်တချို့ နေရပ် ပြန်သွားသော်လည်း ဇန်နဝါရီ ၂၄ နှင့် ယမန်နေ့ (ဇန်နဝါရီ ၂၅)ရက်တွင် စစ်ဘေးတိမ်းရှောင်လာသူဦးရေ ပိုမိုများပြားလာကြောင်း သိရသည်။ “ပြီးခဲ့တဲ့ ရက်ပိုင်းက...

စစ်အာဏာရှင်တော်လှန်ရေးလမ်းက စတုထ္တမဏ္ဍိုင်အဖွဲ့၀င် သံမဏိနှလုံးသားနဲ့ GZ သျှမ်းအမျိုးသမီးငယ်လေး

မြန်မာစစ်တပ်ဟာ ရွေးကောက်ပွဲရလာဒ်တရားမျှတမှုမရှိတာကိုအကြောင်းပြပြီး နိုင်ငံတော်အာဏာကို သိမ်းယူ ခဲ့တာ အခုဆိုရင် ၁၂ လ ထဲမှာရှိနေပါပြီ။ ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ရဲ့ဒဏ်ကို ကြုံတွေ့လာခဲ့ရတဲ့ ပြည်ထောင်စုတဝှမ်းက လူထုကတော့ စစ်အုပ်ချုပ်ရေးကိုအလိုမရှိကြောင်း ဆန္ဒတွေကိုမရပ်မနားထုတ်ဖော်လာ ခဲ့ပါတယ်။ ဒီ တကြိမ် စစ်အာဏာရှင်တွေကို ဆန္ဒထုတ်ဖော်မှုက ထူးခြားစွာဘဲ  ဆယ်ကျော်သက်အရွယ် ၂၀...

လိမ်လည်မှုကြောင့် နောင်တရားမြို့ စစ်ရှောင်အတွက် လူမှုကွန်ရက်ပေါ် အလှူမခံ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နောင်တရားမြို့ရာက် စစ်ရှောင်များအတွက် လူမှုကွန်ရက် စာမျက်နှာ (ဖေ့ဘွတ်)တွင် အလှူငွေ ကောက်ခံခြင်း မပြုလုပ်ကြောင်း စစ်ရှောင်များကိုကူညီပေးနေသည့် အဖွဲ့ခေါင်းဆောင်ထံမှ စုံစမ်းသိရှိရသည်။ ထိုသို့ အလှူငွေကောက်ခံသည့် ပိုစ့်များကို မတင်ခြင်းသည် နောက်ဆက်တွဲ ပြဿနာများဖြစ်သည့် အလိမ်ခံရခြင်း၊ လှူဒါန်းသူများမှ အလိမ်မခံရနိုင်အောင်ဖြစ်ကြောင်း သိရသည်။ “အခုက အင်တာနက်ပေါ်မှာလည်း ဘာအတွက်...

စစ်ကောင်စီလက်ထက် ကွတ်ခိုင်မြို့ပေါ် လောင်းကစား ပိုများလား

သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့အတွင်း စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားနှင့် မူးယစ်ဆေးဝါး သုံးစွဲသူ ပိုမိုများလာကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီ လက်ထက် ကွက်ခိုင်မြို့ပေါ်ရှိ ရပ်ကွက်အတွင်းမှာ လောင်းကစားရုံများ ဖွင့်လှစ်ခြင်း၊ လမ်းကြိုလမ်းကြားအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူနှင့် သူခိုးများ များပြားလာသည့်အတွက် ဒေသခံများအနေဖြင့် လုံခြုံမှုမရှိကြောင်း ကွက်ခိုင်ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။ “လမ်းကြားတွေဆို...

သျှမ်းမြောက်တွင် လက်နက်ကိုင်တပ်ဖွဲ့ အမည်ခံပြီး ငွေကြေးကောက်ခံမှုရှိနေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်းမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အမည်ခံပြီး ပြည်သူများထံ ဖုန်းဆက်အကြောင်းကြားကာ ဆက်ကြေးတောင်းခံနေကြောင်း စုံစမ်းသိရှိရသည်။ ဇန်နဝါရီလပိုင်းက စတင်ပြီး SSPP နှင့် TNLA တို့တပ်ဖွဲ့ ကို အမည်ခံကာ ဖုန်းဆိုင်များ၊ ရွှေဆိုင်များကို ငွေတောင်းပြီး Kpay သို့မဟုတ် wave money မှ...

ကျောမလုံသည့် ပြည်သူ့ဘဝများ

မောင်မောင် (အမည်လွဲ ) ဟာ အသက် ၂၀ ခန့်ရှိ လူငယ်တစ်ဦးဖြစ်ပြီးတော့ တောင်ကြီးဒေသခံ လည်းဖြစ် ပါတယ်။ မောင်မောင် မှာ မောင်နှမ ရင်းခြာ အမတစ်ဦးရှိပြီး လက်ဘက်ရည်ဆိုင် လုပ်ငန်းလုပ်ကိုင် လျက်ရှိ ပါတယ်။ နေ့စဉ် မောင်မောင်တစ်ယောက် သူနေထိုင်ရာ ဘုရားဖြူရပ်ကွက်ကနေ အမရဲ့...

ကျေးသီးမြို့နယ်အတွင်း အမျိုးသမီး တဦး သတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း အမျိုးသမီးတဦး ကားပေါ်တွင် လည်ပင်းညစ်သတ်ခံရကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၃ ရက်တွင် ထိုအမျိုးသမီးသည် ကျေးသီးမြို့နယ် ဟာဝမ်းကျေးရွာမှ ကားမောင်း ထွက်ခွာခဲ့ပြီးနောက် ကျေးသီးမြို့ အကျော် ၁ မိုင် အကွာတွင် သတ်ခံရတာဖြစ်ကြောင်း သိရသည်။ “ဘာကြောင့် သတ်ခံရတာလည်း မသိရဘူး။ ကျမတို့...

Latest news