Wednesday, January 28, 2026

စစ်ကောင်စီလက်ထက် ကွတ်ခိုင်မြို့ပေါ် လောင်းကစား ပိုများလား

သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့အတွင်း စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားနှင့် မူးယစ်ဆေးဝါး သုံးစွဲသူ ပိုမိုများလာကြောင်း စုံစမ်းသိရှိရသည်။

ကွတ်ခိုင်

စစ်ကောင်စီ လက်ထက် ကွက်ခိုင်မြို့ပေါ်ရှိ ရပ်ကွက်အတွင်းမှာ လောင်းကစားရုံများ ဖွင့်လှစ်ခြင်း၊ လမ်းကြိုလမ်းကြားအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူနှင့် သူခိုးများ များပြားလာသည့်အတွက် ဒေသခံများအနေဖြင့် လုံခြုံမှုမရှိကြောင်း ကွက်ခိုင်ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

“လမ်းကြားတွေဆို ဖြတ်တောင် မဖြတ်ရဲတော့ဘူး။ ဒေသခံတွေ ပေါင်းပြီး သွားတင်လို့တော့ ပြောကြတယ်။ သွားတင်ရင်လဲ တာဝန်ယူ ဖြေရှင်းပေးမယ့်သူ ရှိမလားပေါ့။ ကျနော်တို့မြို့ လုံခြုံမှုက လုံးဝ မရှိတော့ဘူး” ဟု ကွက်ခိုင်ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် လောင်းကစားရုံများလာခြင်းနှင့် မူးယစ်းဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူ များပြားလာသည့်အပြင် ထိုအထဲတွင် အသက် (၁၀)နှစ်ကျော်အရွယ် အမျိုးသား အမျိုးသမီးများလည်း ဆေးသုံးစွဲလာကြောင်း ဒေသခံများက ပြောသည်။

“သွားကြည့်လိုက်ရင် (၁၂)နှစ် (၁၃)နှစ်အရွယ် ကလေးတွေ လမ်းဘေးမှာ ဆေးသုံးနေကြတယ်။ တချို့လည်း ဆေးထိုးကြတဲ့အဆင့်ရောက်တယ်။ ဘယ်ချောင်မှာပဲ သွားကြည့်ကြည့် ဆေးထိုးနေကြတယ်။ အမျိုးသမီးတွေလည်းပါတယ်” ဟု အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

ယခုရက်ပိုင်း ကွက်ခိုင်မြို့ပေါ် ကားများ ဆိုင်ကယ်များလည်း မကြာခဏ ပျောက်ဆုံးပြီး သက်ဆိုင်ရာ အစိုးရဌာနသို့ သွားရောက်တိုင်ကြားပေမယ့် တာဝန်ယူ ဖြေရှင်းပေးခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

“ဒီလို လောင်းကစားတွေ၊ မူးယစ်ဆေးတွေ များလာတော့ သူခိုးတွေလည်း များလာတယ်။ ပြီးခဲ့တဲ့ (၃)ရက် (၄)ရက် လောက်ကပဲ ကားတွေ (၄) စီး (၅) စီးလောက် ပျောက်တယ်။ ဆိုင်ကယ်တွေလည်း မကြာခဏပျောက်တယ်။ အိမ်ထဲထိ ဝင်ခိုးကြတာ” ဟု ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

ကွက်ခိုင်မြို့နယ်သည် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်ကြသော TNLA၊ KIA နှင့် စစ်ကောင်စီ တို့ လှုပ်ရှားရာ နယ်မြေဖြစ်ပြီး မကြာခဏ တိုက်ပွဲဖြစ်ပွားရာ နယ်မြေလည်း ဖြစ်သည်။

လာမည့် ဖေဖော်ဝါရီ (၁)ရက်နေ့သည် စစ်ကောင်စီမှ အာဏာသိမ်းခြင်း တစ်နှစ်ပြည့်ပြီဖြစ်ပြီး လောင်းကစားရုံများ၊ မူးယစ်ဆေးဝါးများ၊ သူခိုးများလည်း မြို့နယ်တိုင်း နီးပါး ရှိလာသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...