သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ဆနင်းကျေးရွာအုပ်စုတွင် မြောက်ပိုင်းမဟာမိတ်များ ရောက်ရှိလာသည့် သတင်းကြောင့် ဒေသခံများထိတ်လန့်ပြီး ကျေးရွာမှ ထွက်ပြေးနေကြကြောင်း စုံစမ်းသိရှိရသည်။ ဇန်နဝါရီလ နှောင်းပိုင်းတွင် မြောက်ပိုင်းမဟာမိတ်များသည် ပင်လုံမြို့ဘက်သို့ ရောက်ရှိနေသည်ဟု လူမှုကွန်ရက်ပေါ်တွင် သတင်းပျံ့နှံ့ခဲ့သဖြင့် ဒေသခံများက စိုးရိမ်ပြီး ထွက်ပြေးနေလျက်ရှိကြောင်း သိရသည်။ “မြောက်ပိုင်းကလာတယ်ဆိုတာက သတင်းအမှားဖြစ်တယ်။ သတင်းအတုဖြစ်တာ။ အခုက...
စစ်ကောင်စီ ခြိမ်းခြောက်မှုကြောင့် လက်နက်ကြီးသံကြား စျေးဆိုင်ဖွင့်နေရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့ တိုးဂိတ်အနီး လက်နက်ကြီးသံများ ဆက်တိုက်ကြားနေရသော်လည်း စစ်ကောင်စီ၏ ခြိမ်းခြောက်မှုကြောင့် ဆိုင်ခန်းများ ဖွင့်နေရကြောင်း စုံစမ်းသိရသည်။ ယနေ့ ဖေဖော်ဝါရီ (၁)ရက်နေ့မှာ စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းခြင်း (၁)နှစ်ပြည့်ပြီး အသံတိတ် သပိတ်မပြုလုပ်ရန် စျေးသည်များကို စျေးဆိုင်ဖွင့်ရမည်ဟု ခံဝန်လက်မှတ်ထိုးခိုင်းထားကြောင်း စုံစမ်းသိရှိရသည်။ “၂ ဘက် တိုက်ပွဲဖြစ်နေတယ်။...
သျှမ်းရှေ့ ပြည်သူများ စစ်တပ်ထောက်ခံပွဲ ပါဝင်ပေးရန် ဖိအားပေးခံရ
သျှမ်းပြည် အရှေ့ပိုင်း မိုင်းဖြတ်နှင့် မိုင်းတုံမြို့မှ ပြည်သူများသည် စစ်တပ်ထောက်ခံပွဲ၌ ပါဝင်ပေးရန် ဖိအားပေး စေခိုင်းခံရကြောင်း သတင်းသိရသည်။ ယနေ့ (ဇန်နဝါရီ ၃၁)ရက်တွင် မိုင်းတုံမြို့မှ ပြည်သူများသည် စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းမှု တစ်နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် တပ်မတော်ထောက်ခံပွဲ ပါဝင်ရန် ဖိအားပေးစေခိုင်းခံရကြောင်း ဒေသခံ အမျိုးသားတစ်ဉီးက...
တောင်ကြီးမြို့ ဆိုင်တချို့ ကြိုတင်ပိတ်ထားကြ
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ဖေဖော်ဝါရီ (၁)ရက် မတိုင်ခင်ကတည်းက စျေးသည်များမှအပ သွားလာသည့် ပြည်သူများ အနည်းအကျဉ်းသာ ရှိတော့ကြောင်း စုံစမ်းသိရှိရသည်။ ဖေဖော်ဝါရီ (၁)ရက်နေ့သည် စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းခြင်း (၁)နှစ်ပြည့်ပြီး တစ်နိုင်ငံလုံး အသံတိတ်သပိတ် ပြုလုပ်မည်ကို စစ်ကောင်စီက နည်းမျိုးစုံဖြင့် ခြိမ်းခြောက်နေကြောင်း စုံစမ်းသိရှိရသည်။ “တောင်ကြီးမြို့တွင်း အခြေနေက...
သီပေါစစ်ရှောင် (၄၅၀)ကျော် စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ဘော်ကြိုဘုန်းကြီးကျောင်းတွင် ရောက်ရှိနေသည့် စစ်ဘေးရှောင် (၄၅၀)ကျော် သည် စိုးရိမ်စိတ်ဖြင့် နေရပ်ကို ပြန်သွားကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိ အချိန်ထိ သီပေါမြို့နယ်အတွင်း နယ်မြေတည်ငြိမ်မှု မရှိသေးသော်လည်း စစ်ဘေးရှောင်များသည် နေအိမ်ကို စိုးရိမ်ရသောကြောင့် ဇန်နဝါရီ ၂၉ ရက်မှစကာ နေရပ်သို့ ပြန်သွားကြောင်း သိရသည်။ “နယ်မြေတည်ငြိမ်မှုတော့...
လွိုင်ကော်မြို့ တစ်ပတ်အတွင်း ကုန်စည်များမရနိုင်ပါက ရိက္ခာ ပြတ်တောက်နိုင်ချေရှိ
ကရင်နီပြည် လွိုင်ကော်မြို့တွင် တစ်ပတ်အတွင်း ကုန်စည်များမရနိုင်ပါက ရိက္ခာများ ပြတ်တောက်နိုင်ချေရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ လက်ရှိ လွိုင်ကော်မြို့အတွင်းတွင် ပြည်သူတစ်ထောင်ဝန်းကျင် ကျန်ရှိနေပြီး ကုန်စည်များလည်း ပြတ်တောက်နေ သည့်အတွက် မြို့တွင်း ကျန်ရှိနေသေးသည့် ကုန်စည်ရိက္ခာများကလည်း တစ်ပတ်အတွင်းလောက်သာ ဖူလုံမှု ရှိနိုင်ကြောင်း လွိုင်ကော်မြို့တွင်း ကျန်ရှိနေသည့် အသက် ၅၀...
မိုင်းရှူးလူငယ်တဉီးအား စစ်ကောင်စီကားဖြင့်တိုက်မိ သေဆုံး
သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်ရှိ စစ်ကောင်စီတပ်မှ ကားတစ်စီးသည် ယနေ့ (ဇန်နဝါရီ ၂၉)ရက် နေ့လည် ၁နာရီ ဝန်းကျင်တွင် သျှမ်းလူငယ်တစ်ဦးကို ကားဖြင့်တိုက်ကာ လူငယ်သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ နေ့လည် ၁နာရီဝန်းကျင်တွင် မိုင်းရှူးမြို့နယ် ဝမ်လုံပန်စွဲကျေးရွာမှ မင်္ဂလာဆောင် တခုမှအပြန် စိုင်းမောင်ညို (ခ) စိုင်းနော်ခမ်းသည် ခြေလျင်တပ်ရင်း...
ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်နေ
SHAN -
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း ယနေ့ (ဇန်နဝါရီ ၆)ရက် မနက် ၆နာရီဝန်းကျင်တွင် အာဏာသိမ်းစစ်ကောင်စီ က ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းသိရသည်။ စစ်ကောင်စီတပ်ဖွဲ့တို့ တပ်စွဲနေရာချထားသည့် ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာ အနီး ကင်းပုန်းစခန်းနှင့် တပ်စခန်းတို့ကို ကရင်နီမှ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်မှု အပြီး စစ်ကောင်စီဘက်မှ...
မီတာခ မဆောင်သည့် ဆိုင်ခန်းနှင့် အိမ်များ မီးလိုက်ဖြတ်နေဆဲ
SHAN -
သျှမ်းပြည်တောင်ပိုင်း ရွှေညောင်မြို့နယ်အတွင်း မီတာခ မဆောင်သည့် ဆိုင်ခန်းနှင့် အိမ်များကို ကြိုတင် သတိပေးမှုမရှိဘဲ မီးလိုက်ဖြတ်နေဆဲဖြစ်ကြောင်း သတင်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၇)ရက် နေ့လည် ၁၂ နာရီဝန်းကျင်တွင် ရွှေညောင်မြို့ မင်္ဂလာအောင်မြေ ရပ်ကွက်အတွင်း လျှပ်စစ်ရုံးမှ အမျိုးသား ၅ ဦးသည် ကားတစ်စီးနှင့် ရောက်ရှိလာပြီး...
အသံတိတ်သပိတ် ဈေးမပိတ်ရန် စစ်ကောင်စီ အရှိန်အဟုန် လုပ်ဆောင်နေ
SHAN -
သျှမ်းပြည်နယ်အတွင်းရှိ မြို့များတချို့တွင် လာမည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဈေးမပိတ်ရန်အတွက် စစ်ကောင်စီများက အရှိန်အဟုန်ဖြင့် အတင်းအကြပ်လုပ်ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။ ဖေဖော်ဝါရီ ၁ ရက်သည် စစ်အာဏာသိမ်း တနှစ်ပြည့်ဖြစ်သည့်အတွက် “အသံတိတ် သပိတ်” လုပ်ဆောင်ရန် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ကြောင့် စစ်အာဏာကို လွန်ဆန်သည့် လုပ်ရက်ဖြစ်သည့်အတွက်...





