လိမ်လည်မှုကြောင့် နောင်တရားမြို့ စစ်ရှောင်အတွက် လူမှုကွန်ရက်ပေါ် အလှူမခံ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နောင်တရားမြို့ရာက် စစ်ရှောင်များအတွက် လူမှုကွန်ရက် စာမျက်နှာ (ဖေ့ဘွတ်)တွင် အလှူငွေ ကောက်ခံခြင်း မပြုလုပ်ကြောင်း စစ်ရှောင်များကိုကူညီပေးနေသည့် အဖွဲ့ခေါင်းဆောင်ထံမှ စုံစမ်းသိရှိရသည်။

နောင်တရားစစ်ရှောင်

ထိုသို့ အလှူငွေကောက်ခံသည့် ပိုစ့်များကို မတင်ခြင်းသည် နောက်ဆက်တွဲ ပြဿနာများဖြစ်သည့် အလိမ်ခံရခြင်း၊ လှူဒါန်းသူများမှ အလိမ်မခံရနိုင်အောင်ဖြစ်ကြောင်း သိရသည်။

“အခုက အင်တာနက်ပေါ်မှာလည်း ဘာအတွက် ညာအတွက်ဆိုပြီး လိုက်အလှူခံ လိမ်နေတဲ့သူတွေ များတယ်။ ဒါကြောင့် အလှူရှင်တွေအနေနဲ့ လူမှားပြီး မလှူမိအောင် ကျနော်တို့က ပိုစ့်မတင်တာ။ တကယ်လှူချင်တယ်ဆိုရင် ဖုန်းဆက်လာလို့ ရတယ်။ အဓိကတော့ အလှူရှင်တွေ လိမ်ခံရမှာဆိုးလို့ ကျနော်တို့က ဒီတိုင်းလုပ်ဖို့ ဆုံးဖြတ်လိုက်တာ” ဟု နောင်တရားမြို့ စစ်ရှောင်များကို ကူညီပေးနေသည့် အဖွဲ့ခေါင်းဆောင် အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် နိုင်ငံရေးအရှုပ်ထွေးကြောင့် ပြည်သူများ စားဝတ်နေရေးခက်ခဲလာချိန်တွင် တချို့ ပြည်သူများက ဖေ့ဘုတ်အကောင့်အတုဖြင့် အလှူငွေ လိုက်လံတောင်းခံနေလျက်ရှိကြောင်း သိရသည်။

နောင်တရား

“တချို့က အကောင့်အတုနဲ့ ဘယ်သူကို ကူညီတယ်ဆိုတဲ့ ပုံစံနဲ့ အလှူငွေ တောင်းနေတာရှိတယ်။ ကျမတောင် ၅ ထောင် လှူပေးလိုက်သေးတယ်။ အခုက ပြည်သူတွေအကုန်လုံးက ခက်ခဲကုန်တော့ လိုင်းပေါ်မှာ လိမ်စားတာတွေလည်း များလာတယ်။ တော်ရုံနဲ့ မယုံရတော့ဘူး။ လိုင်းပေါ်မှာလည်း လူလိမ်တွေ အရမ်းများလာတယ်” ဟု ပင်လုံမြို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

အဆိုပါ နောင်တရားမြို့တွင် ရောက်ရှိနေသည့် စစ်ရှောင်များကို ကူညီလှူဒါန်းလိုပါက ဖုန်းဆက်ပြီး လှူဒါန်းနိုင်ကြောင်း သိရသည်။

“ကျနော်တို့က အရင်ကတည်းက စစ်ရှောင်တွေအတွက် ပိုစ့်တင်ပြီး အလှူငွေ မကောက်ခံဘူး။ ဖုန်းဆက်ပြီး အများစုက လာလှူကြတယ်။ ဖုန်းဆက်လာရင်တော့ ဘာလိုတယ်။ ဘာကူညီပေးနိုင်တယ်လို့ပဲ ပြောတယ်။ တခါမှတော့ အလှူငွေကောက်ခံတဲ့ ပိုစ့်တော့ မတင်ဘူး” ဟု နောင်တရားမြို့ စစ်ရှောင်ကို ကူညီပေးနေသည့် အဖွဲ့ခေါင်ဆောင် အမျိုးသားတစ်ဦးက ပြောသည်။

နောင်တရားမြို့ပေါ်တွင် ရောက်ရှိနေသည့် စစ်ရှောင် စုစုပေါင်း (၁၂၀၀) ကျော်ရှိနေပြီး ရေရှည် စားဝတ်နေရေးအတွက် အခက်ခဲရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ပင်လောင်းတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီး၊ နေရာပြောင်းရွှေ့ရန် စီစဉ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးပြီး နေရာပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစပြီး သျှမ်းတောင်၌ မိုးများ ဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် တောင်ကျရေကြောင့် တီကျစ်ဒေသနှင့် နောင်တရားဒေသတွင် ပြောင်းစိုက်ခင်းနှင့် ရာသီပေါ်သီးနှံစိုက်ခင်းများ ရေနစ်မြှုပ် ပျက်စီး သွားခဲ့သည်။ ထိုသို့ သီးနှံများ ပျက်စီးဆုံးရှုံးသောကြောင့် နောက်ထပ်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...