အသက်မပြည့်သေးသည့် မုဒိမ်းမှု လျော်ကြေး ၁၀ သိန်း နှင့် TNLA တပ်သား ထောင် ၃ နှစ် ချခံရ
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံကျေးရွာတွင် TNLA တပ်သားမှ အသက်မပြည့်သေးသည့် မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့ပြီး ကျူးလွန်ခံရသူကို လျော်ကြေး ၁၀ သိန်း နှင့် TNLA တပ်သားကို ထောင်ဒဏ် ၃ နှစ် ချလိုက်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် အိုက်ထွေးအမည်ရှိ...
သျှမ်းလက်နက်ကိုင်များ ပြည်သူများထံ ဆက်ကြေး ပိုကောက်လာ
SHAN -
သျှမ်းလက်နက်ကိုင်တပ်ဖွဲ့များ နည်းမျိုးစုံဖြင့် ပြည်သူများထံ အခွန် (ဆက်ကြေး) ပိုကောက်လာကြောင်း ဒေသခံများ သတင်းပေးပို့ချက်အရ သိရသည်။ သျှမ်းပြည်တောင်ပိုင်းရှိ ဟိုပုံး - ကျောက်တန်း - ပင်လုံ လမ်းအသစ်မှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ လမ်းသွားလမ်းလာပြည်သူများထံ အခွန်ကောက်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူများက ပြောပြသည်။ “ပြီးခဲ့တဲ့ ဥပုဿ်နေ့မှာ...
၁၄ ရက်ကြာပျောက်ဆုံးသည့် အမျိုးသားတစ်ဦး အလောင်းပြန်တွေ့
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင်နေထိုင်သည့် အမျိုးသားတစ်ဦးသည် ၁၄ ရက်အကြာ ပျောက်ဆုံးသွားပြီးနောက် ယနေ့ (ဖေဖော်ဝါရီ ၈) ရက်နေ့တွင် ရုပ်အလောင်းကို ပြန်တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ထိုအမျိုးသား (ဦးသက်ခိုင်ဦး)သည် ဇန်နဝါရီ ၂၆ ရက် ညအချိန်တွင် နေအိမ်မှ ထွက်ခွာသွားပြီးနောက် ပျောက်ဆုံးသွားပြီး ယနေ့ နေ့လည်ပိုင်းတွင် ရုပ်အလောင်းသာပြန်တွေ့ရှိခဲ့ရကြောင်း...
ကျောက်မဲ ဟူးကွက်ဒေသခံ မိုင်းထိ လူငယ် ၂ ဦးသေ တစ်ဦး ဒဏ်ရာရ
SHAN -
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာတွင် ဒေသခံ (၃)ဦး မိုင်းထိခဲ့ပြီး (၂)ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၇)ရက် နေ့လည်ပိုင်း (၁၂)နာရီဝန်းကျင်က ဟူးကွက်ကျေးရွာခံ (၃)ဦး လက်ဖက်ခြံထဲတွင် မိုင်းထိခဲ့ပြီး သေဆုံး ၊ ဒဏ်ရာရရှိခဲ့တာဖြစ်ကြောင်း သိရသည်။ “မိုင်းထိပြီး ၂...
သီပေါမှ နေရပ်ပြန်စစ်ရှောင် ၃ ဦး မိုင်းထိ ဒဏ်ရာရ
သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ်တွင် နေရပ်ပြန်သွားသည့် စစ်ရှောင်ပြည်သူ ၃ ဦး မိုင်းထိ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထိုစစ်ရှောင်များသည် ပြီးခဲ့သည့် ဇန်နဝါရီလ လကုန်ပိုင်းက နေရပ်ပြန်သွားတာဖြစ်ကြောင်း၊ နေရပ်ပြန်ပြီး ရက်ပိုင်းအကြာ ယခုလ (ဖေဖော်ဝါရီ) ၃ ရက်နေ့တွင် မိုင်းထိခဲ့တာဖြစ်ပြီး ၂ ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့သည့်အတွက်...
မိုင်းယော် အတွင်း တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်၊ ဗုံးခိုကျင်းတူးထား
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်အတွင်း စစ်ကောင်စီ နှင့် မြောက်ပိုင်းမဟာမိတ် တို့ တိုက်ပွဲပြင်းထန်မှုကြောင့် ဒေသခံများ တချို့ နေအိမ်များတွင် ဗုံးခိုကျင်းတူးထားရန် ပြင်ဆင်နေကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့က စစ်ကောင်စီ နှင့် မြောက်ပိုင်းမဟာမိတ်တို့ တိုက်ပွဲ ပြင်းထန်မှုကြောင့် စစ်ကောင်စီဘက်က လေကြောင်းလိုင်း နှင့် လာရောက်တိုက်ခိုက်သည်များရှိခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ...
အောင်ပန်းမြို့ စစ်ကောင်စီ မှ ဧည့်စာရင်းစစ်ပြီး ဒေသခံ ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ ရပ်ကွက်(၄)တွင်နေထိုင်သည့် ပြည်သူများကို စစ်ကောင်စီ အုစ်စုမှ ဧည့်စာရင်း လိုက်လံစစ်ပြီး ဒေသခံ (၄) ဦးကို ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ လွန်ခဲ့သည့် ဖေဖော်ဝါရီ (၄) ရက် ညပိုင်းတွင် စစ်ကောင်စီ အုပ်စုမှ အောင်ပန်းမြို့ရှိ ကိုကျော်စိုး လက်ဖက်ရည်ဆိုင် အတွင်းသို့ ဧည့်စာရင်း...
ကျိုင်းတောင်းမြို့ သင်္ကန်းခြုံ ဘုန်းကြီးဟန်ဆောင်ပြီး ပြည်သူများကိုလိုက်ခြိမ်းခြောက်နေ
SHAN -
သျှမ်းပြည်တောင်ပိုင်း ကျိုင်းတောင်းမြို့တွင် သင်္ကန်းခြုံ ဘုန်းကြီးဟန်ဆောင်ပြီး ပြည်သူများကို လိုက်သတ်မည်ဟု လိုက်လံခြိမ်းခြောက်နေသည် ဟု သတင်းရရှိသည်။ အဆိုပါ သင်္ကန်းခြုံ ဘုန်းကြီးဟန်ဆောင်ထားသူထံတွင် ဓား၊ ဂွ၊ ကျောက်ခဲများ တွေ့ရှိရကြောင်း၊ ဒေသခံပြည်သူများ၏ နေအိမ်ကို ညအချိန်တွင် ကျောက်ခဲနဲ့လိုက်လံပစ်ခတ်နေလျက်ရှိကြောင်း ကျိုင်းတောင်းမြို့နေထိုင်သူများထံ သိရသည်။ “ ဘုန်းကြီးက ဘုန်းကြီးအတုဖြစ်တယ်။ အရင်ညတွေက...
နမ့်ခမ်းဈေးအတွင်း စစ်ကောင်စီ ရောက်လာ ပြည်သူများ ထိတ်လန့်နေ
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း ဈေးအတွင်းသို့ ယနေ့ (ဇန်နဝါရီ ၅)ရက် မနက် ၈ နာရီ ဝန်းကျင်တွင် စစ်ကောင်စီတပ်သား ထပ်မံရောက်လာသဖြင့် ပြည်သူများက စိုးရိမ်ထိတ်လန့်နေကြကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၄)ရက် မနက်ပိုင်းတွင်လည်း တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်သား အများအပြားရောက်လာခဲ့ပြီး ယနေ့ မနက်ပိုင်းတွင်...
မိုင်းကိုင် စစ်ရှောင် (၅၀၀) ကျန် စားနပ်ရိက္ခာ နှင့် စောင်များလိုအပ်နေ
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့ နယ်အတွင်းရှိ စစ်ရှောင် (၅၀၀) ခန့်ကျန်ရှိနေပြီး စားနပ်ရိက္ခာ နှင့် စောင်များ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ ထို စစ်ရှောင်များသည် မိုင်းကိုင်တပေါင်းပွဲကွင်းပြင် ၊ ဘုန်းကြီးကျောင်း တစ်ချို့ နှင့် ဆွေမျိုးမိတ်ဆွေ အိမ်များတွင် နေထိုင်နေကြကြောင်း စုံစမ်းသိရှိရသည်။ “ခု အစားအသောက်တွေပဲ လိုအပ်တယ်။ စောင်တွေလည်း...





