Wednesday, January 28, 2026

အောင်ပန်းမြို့ စစ်ကောင်စီ မှ ဧည့်စာရင်းစစ်ပြီး ဒေသခံ ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ ရပ်ကွက်(၄)တွင်နေထိုင်သည့် ပြည်သူများကို စစ်ကောင်စီ အုစ်စုမှ ဧည့်စာရင်း လိုက်လံစစ်ပြီး ဒေသခံ (၄) ဦးကို ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။

အောင်ပန်း

လွန်ခဲ့သည့် ဖေဖော်ဝါရီ (၄) ရက် ညပိုင်းတွင် စစ်ကောင်စီ အုပ်စုမှ အောင်ပန်းမြို့ရှိ ကိုကျော်စိုး လက်ဖက်ရည်ဆိုင် အတွင်းသို့ ဧည့်စာရင်း လာရောက်စစ်ဆေးပြီး အလုပ်လာလုပ်သည့်လူငယ် (၃) ဦးနှင့် အိမ်ရှင် (၁) ဦးကိုပါ ဖမ်းဆီးသွားကြောင်း သိရသည်။

“ အိမ်ရှင်ရဲ့သားကို အရင်သွားရှာတာတဲ့။ သားမတွေ့လို့ဧည့်စာရင်းစစ်တာ။ ဧည့်စာရင်း ထဲမပါတဲ့သူတွေလည်းရှိနေတော့ ဧည့်စာရင်း မတိုင်ထားလို့ဆိုပြီး သူတို့ဆိုင်က အလုပ်သမားနဲ့ အိမ်ရှင်ကို ဖမ်းသွားတာ။ ညဘယ်ချိန် ဖမ်းသွားလဲတော့ မသိဘူး။ ပြီးခဲ့တဲ့ (၃) ရက်လောက်ဘဲ ရှိသေးတယ် ဖမ်းခံရတာ” ဟု အောင်ပန်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အောင်ပန်းမြို့တွင် နေ့စဉ်ဆက်တိုက် စစ်ဆေးမှုများရှိနေသဖြင့် ဒေသခံများကစိုးရိမ်နေကြပြီး သွားလာမှုများကို ကြောက်ရွံ့နေကြကြောင်းသိရသည်။

“ ဒီလိုအချိန်မှာတော့ ကျနော်တို့လည်း ဘာမှ သိပ်မလုပ်ရဲဘူး။ ဒီတိုင်းပဲ သွားလာနေရတာ။ အေးဆေးပဲနေရတာပေါ့။ သူတို့က ဖုန်းတွေစစ်တယ်။ ဘာညာစစ်တယ်။ ကိုယ်တွေလည်း မပါသွားဖို့ ဆင်ခြေပြီးနေနေရတယ်။ အမြဲစိုးရိမ်နေရတယ်။ ကြောက်စိတ်ပြန်ဝင်နေသလိုဖြစ်တာပေါ့” ဟု ဒေသခံ အမျိုးသား တစ်ဦးက ဆိုသည်။

လွန်ခဲ့သည့် ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းတွင်လည်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသားတစ်ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးသွားပြီး ဇန်နဝါရီ ၃၁ ရက်နေ့က ပြန်လွတ်ပေးခဲ့ကြောင်းသိရသည်။

အလားတူ ဇူလိုင်လအတွင်းက ဖမ်းဆီးခံရသည့် အောင်ပန်းမြို့ ပရဟိတ အလုပ်လုပ်သည့် အမျိုးသား ၂ ဦးကိုလည်း ယနေ့ထိတိုင်းဖမ်းဆီးထားပြီး ဖေဖော်ဝါရီ ၄ ရက်နေ့တွင် အကြမ်းဖက်မှုဖြင့် အမှုဖွင့်ခံထားရပြီး ထောင်ဒဏ် (၇) နှစ်ကျခံရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...