အောင်ပန်းမြို့ စစ်ကောင်စီ မှ ဧည့်စာရင်းစစ်ပြီး ဒေသခံ ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ ရပ်ကွက်(၄)တွင်နေထိုင်သည့် ပြည်သူများကို စစ်ကောင်စီ အုစ်စုမှ ဧည့်စာရင်း လိုက်လံစစ်ပြီး ဒေသခံ (၄) ဦးကို ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။

အောင်ပန်း

လွန်ခဲ့သည့် ဖေဖော်ဝါရီ (၄) ရက် ညပိုင်းတွင် စစ်ကောင်စီ အုပ်စုမှ အောင်ပန်းမြို့ရှိ ကိုကျော်စိုး လက်ဖက်ရည်ဆိုင် အတွင်းသို့ ဧည့်စာရင်း လာရောက်စစ်ဆေးပြီး အလုပ်လာလုပ်သည့်လူငယ် (၃) ဦးနှင့် အိမ်ရှင် (၁) ဦးကိုပါ ဖမ်းဆီးသွားကြောင်း သိရသည်။

“ အိမ်ရှင်ရဲ့သားကို အရင်သွားရှာတာတဲ့။ သားမတွေ့လို့ဧည့်စာရင်းစစ်တာ။ ဧည့်စာရင်း ထဲမပါတဲ့သူတွေလည်းရှိနေတော့ ဧည့်စာရင်း မတိုင်ထားလို့ဆိုပြီး သူတို့ဆိုင်က အလုပ်သမားနဲ့ အိမ်ရှင်ကို ဖမ်းသွားတာ။ ညဘယ်ချိန် ဖမ်းသွားလဲတော့ မသိဘူး။ ပြီးခဲ့တဲ့ (၃) ရက်လောက်ဘဲ ရှိသေးတယ် ဖမ်းခံရတာ” ဟု အောင်ပန်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အောင်ပန်းမြို့တွင် နေ့စဉ်ဆက်တိုက် စစ်ဆေးမှုများရှိနေသဖြင့် ဒေသခံများကစိုးရိမ်နေကြပြီး သွားလာမှုများကို ကြောက်ရွံ့နေကြကြောင်းသိရသည်။

“ ဒီလိုအချိန်မှာတော့ ကျနော်တို့လည်း ဘာမှ သိပ်မလုပ်ရဲဘူး။ ဒီတိုင်းပဲ သွားလာနေရတာ။ အေးဆေးပဲနေရတာပေါ့။ သူတို့က ဖုန်းတွေစစ်တယ်။ ဘာညာစစ်တယ်။ ကိုယ်တွေလည်း မပါသွားဖို့ ဆင်ခြေပြီးနေနေရတယ်။ အမြဲစိုးရိမ်နေရတယ်။ ကြောက်စိတ်ပြန်ဝင်နေသလိုဖြစ်တာပေါ့” ဟု ဒေသခံ အမျိုးသား တစ်ဦးက ဆိုသည်။

လွန်ခဲ့သည့် ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းတွင်လည်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသားတစ်ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးသွားပြီး ဇန်နဝါရီ ၃၁ ရက်နေ့က ပြန်လွတ်ပေးခဲ့ကြောင်းသိရသည်။

အလားတူ ဇူလိုင်လအတွင်းက ဖမ်းဆီးခံရသည့် အောင်ပန်းမြို့ ပရဟိတ အလုပ်လုပ်သည့် အမျိုးသား ၂ ဦးကိုလည်း ယနေ့ထိတိုင်းဖမ်းဆီးထားပြီး ဖေဖော်ဝါရီ ၄ ရက်နေ့တွင် အကြမ်းဖက်မှုဖြင့် အမှုဖွင့်ခံထားရပြီး ထောင်ဒဏ် (၇) နှစ်ကျခံရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အောင်ပန်း KTV နှင့်တွဲဖွင့်ထားသည့် Hi ခန်းများ အရေးယူရန် ဒေသခံများ တောင်းဆို

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ရှိ KTV များတွင် မူးယစ်ဆေးဝါးသုံးစွဲသည့် HI ခန်းများ ပြုလုပ်နေခြင်းနှင့် ဒုစရိုက်မှုများ များပြားလာခြင်းကြောင့် ဒေသခံပြည်သူများ အနှောင့်အယှက်ဖြစ်ကာ လုံခြုံရေးအတွက် စိုးရိမ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ အောင်ပန်းမြို့ပေါ်ရှိ KTV ဆိုင်အချို့တွင် HI ခန်းများပြုလုပ်ကာ အော်ဟစ်ဆူညံခြင်း၊ လှည်းရိုးရပ်ကွက်အတွင်း စားသောက်ဆိုင်အမည်ခံကာ ပြည်တန်ဆာလုပ်ငန်းများ...

အောင်ပန်းမြို့ ပြည်သူကို ဒုက္ခပေးနေတဲ့ KTV ထဲက  HI ခန်းများ

0
အောင်ပန်းမြို့ဟာ စိုက်ပျိုးရေး ၊ပွဲစားမြို့တော်လို့ လူသိများတဲ့မြို့ဖြစ်ပြီး၊ နေ့စဉ်နဲ့အမျှ ရာသီသီနှံတွေ ကုန်စိမ်းတွေ ကို မြန်မာပြည်တဝှမ်းပို့ဆောင်ရန် အတွက် အလွန်စည်းကားတဲ့မြို့တခုဖြစ်ပါတယ်။ လူမျိုးစုံ၊ ဒေသစုံကလာရောက်ပြီး ဝမ်းရေးရှာဖွေ စားသောက်တဲ့နယ်မြေလည်းဖြစ်ပါတယ်။  စစ်အာဏာမသိမ်းခင်မှာတော့ ရာသီဉတု နဲ့ သန့်ရှင်းလတ်ဆတ်တဲ့ သီးနှံ တွေရရှိတဲ့အတွက် အလွန်နေချင်စဖွယ်ကောင်းတဲ့မြို့ဖြစ်ပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းပြီး ၅နှစ်ကျော်ကာလမှာတော့ အောင်ပန်းမြို့ဟာ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...