Wednesday, January 28, 2026

နမ့်ခမ်းဈေးအတွင်း စစ်ကောင်စီ ရောက်လာ ပြည်သူများ ထိတ်လန့်နေ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း ဈေးအတွင်းသို့ ယနေ့ (ဇန်နဝါရီ ၅)ရက် မနက် ၈ နာရီ ဝန်းကျင်တွင် စစ်ကောင်စီတပ်သား ထပ်မံရောက်လာသဖြင့် ပြည်သူများက စိုးရိမ်ထိတ်လန့်နေကြကြောင်း သတင်းသိရသည်။

ယမန်နေ့ (ဇန်နဝါရီလ ၄)ရက် မနက်ပိုင်းတွင်လည်း တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်သား အများအပြားရောက်လာခဲ့ပြီး ယနေ့ မနက်ပိုင်းတွင် စစ်ကောင်စီတပ်သားများ ယူနီဖောင်းနှင့် လက်နက် အပြည့်အစုံ ကိုင်ဆောင်ပြီး နမ့်ခမ်းမြို့မဈေးထဲသို့ ထပ်မံ ရောက်ရှိလာသည်။

နှစ်ရက် ဆက်တိုက် လက်နက်ကိုင်တပ်ဖွဲ့များ နမ့်ခမ်းမြို့မစျေးသို့ အင်အားအများအပြားဖြင့် ရောက်လာသည့်အတွက် စျေးသည်များ စိုးရိမ်ထိတ်လန့်နေရကြောင်း သိရသည်။

“သူတို့(စကစ)က ဘာလို့ရောက်လာမှန်းမသိပေမဲ့ မနေ့ကလည်း TNLA တွေ လာသွားတော့ ပြည်သူတွေက စစ်သားတွေ စစ်ယူနီဖောင်းတွေ မြင်တာနဲ့ လန့်နေကြပြီ၊ ဒီနေ့ စစ်ကောင်စီတပ်သားတွေလည်း ထပ်မြင်တော့ ဈေးထဲကသူတွေ ဆိုင်သိမ်းကြပြန်ပြီ” ဟု နမ့်ခမ်းမြို့မှ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့တွင် လက်နက်များကိုင်ဆောင်ထားသည့် TNLA အဖွဲ့တို့က အင်အား အလုံးအရင်းဖြင့် နမ့်ခမ်းမြို့မဈေးရှိ ဈေးဆိုင်များထံ ၃ ရက်အတွင်း ဆက်ကြေးပေးသွင်းဖို့ လိပ်စာကဒ်များ လာရောက်ပေးဝေခဲ့သည်။

“မနေ့က TNLA စစ်သားတွေ နမ့်ခမ်းဈေးပတ်လည်ဝိုင်းထားပြီး ဈေးထဲမှာရှိတဲ့ ဈေးဆိုင်တွေကို ဆက်ကြေး ပေးဖို့ဆိုပြီး လိပ်စာကဒ်တွေ ဝေသွားတယ်။ လိပ်စာကဒ်ပေးထားတဲ့ ဆိုင်တွေ (၃)ရက်အတွင်း ငွေသွင်းရမယ်လို့ ပြောသွားတယ်။ ဒီနေ့လည်း ဗမာစစ်သားတွေ ထပ်တွေ့လို့ ပြည်သူတွေ ဆိုင်သိမ်းရပြန်ပြီ” ဟု အမည်မဖော်လိုသူ နမ့်ခမ်းဒေသခံ တစ်ဦးမှ ထပ်လောင်းပြောပြသည်။

ယနေ့ ဖေဖော်ဝါရီလ (၅)ရက်နေ့တွင် စစ်ကောင်စီတပ်သားများအား မြင်တွေ့ရခြင်းနှင့် TNLA အဖွဲ့များ ထပ်မံရောက်လာမည်ကို စိုးရိမ်ခြင်းတို့ကြောင့် ဈေးသည်များ ထိတ်လန့်ပြီး ရောင်းကုန်များကို သိမ်းနေကြကြောင်း သိရှိရပါသည်။

ယမန်နေ့ TNLA လက်နက်ကိုင်တပ်ဖွဲ့များ စျေးအတွင်းသို့ ရောက်လာပြီး အခွန်ကတ် လာရောက်ဝေ နေချိန် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ နမ့်ခမ်းမြို့ထဲသို့ ရောက်မလာခြင်းကလည်း နမ့်ခမ်းဒေသခံများ စဉ်းစားစရာဖြစ်နေကြောင်း ပြောဆိုလာသည်။

” မနေ့က TNLA လာတော့ စကစ တပ်တွေ ရောက်မလာဘူး။ လုံခြုံရေး လို့ပြောတဲ့ရဲကလည်း ရောက်မလာဘူး။ ဒီနေ့ကျမှ စကစ လူတွေ ရောက်လာတာ ထူးဆန်းတယ်။ မနေ့က လာရင် ထိတွေ့မှုဖြစ်မှာဆိုးလို့လားမသိဘူး” ဟု နမ့်ခမ်း ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

လက်ရှိ နမ့်ခမ်းပြည်သူတို့သည် စစ်သားနှင့် ယူနီဖောင်း မြင်တိုင်း ကြောက်ရွံ့တုန်လှုပ်သည့် စိတ်ဒဏ်ရာများဖြင့် နေ့ရက်တိုင်းကို လုံခြုံမှုကင်းမဲ့စွာ ဖြတ်သန်းနေရကြောင်းလည်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...