နမ့်ခမ်းဈေးအတွင်း စစ်ကောင်စီ ရောက်လာ ပြည်သူများ ထိတ်လန့်နေ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း ဈေးအတွင်းသို့ ယနေ့ (ဇန်နဝါရီ ၅)ရက် မနက် ၈ နာရီ ဝန်းကျင်တွင် စစ်ကောင်စီတပ်သား ထပ်မံရောက်လာသဖြင့် ပြည်သူများက စိုးရိမ်ထိတ်လန့်နေကြကြောင်း သတင်းသိရသည်။

ယမန်နေ့ (ဇန်နဝါရီလ ၄)ရက် မနက်ပိုင်းတွင်လည်း တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်သား အများအပြားရောက်လာခဲ့ပြီး ယနေ့ မနက်ပိုင်းတွင် စစ်ကောင်စီတပ်သားများ ယူနီဖောင်းနှင့် လက်နက် အပြည့်အစုံ ကိုင်ဆောင်ပြီး နမ့်ခမ်းမြို့မဈေးထဲသို့ ထပ်မံ ရောက်ရှိလာသည်။

နှစ်ရက် ဆက်တိုက် လက်နက်ကိုင်တပ်ဖွဲ့များ နမ့်ခမ်းမြို့မစျေးသို့ အင်အားအများအပြားဖြင့် ရောက်လာသည့်အတွက် စျေးသည်များ စိုးရိမ်ထိတ်လန့်နေရကြောင်း သိရသည်။

“သူတို့(စကစ)က ဘာလို့ရောက်လာမှန်းမသိပေမဲ့ မနေ့ကလည်း TNLA တွေ လာသွားတော့ ပြည်သူတွေက စစ်သားတွေ စစ်ယူနီဖောင်းတွေ မြင်တာနဲ့ လန့်နေကြပြီ၊ ဒီနေ့ စစ်ကောင်စီတပ်သားတွေလည်း ထပ်မြင်တော့ ဈေးထဲကသူတွေ ဆိုင်သိမ်းကြပြန်ပြီ” ဟု နမ့်ခမ်းမြို့မှ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့တွင် လက်နက်များကိုင်ဆောင်ထားသည့် TNLA အဖွဲ့တို့က အင်အား အလုံးအရင်းဖြင့် နမ့်ခမ်းမြို့မဈေးရှိ ဈေးဆိုင်များထံ ၃ ရက်အတွင်း ဆက်ကြေးပေးသွင်းဖို့ လိပ်စာကဒ်များ လာရောက်ပေးဝေခဲ့သည်။

“မနေ့က TNLA စစ်သားတွေ နမ့်ခမ်းဈေးပတ်လည်ဝိုင်းထားပြီး ဈေးထဲမှာရှိတဲ့ ဈေးဆိုင်တွေကို ဆက်ကြေး ပေးဖို့ဆိုပြီး လိပ်စာကဒ်တွေ ဝေသွားတယ်။ လိပ်စာကဒ်ပေးထားတဲ့ ဆိုင်တွေ (၃)ရက်အတွင်း ငွေသွင်းရမယ်လို့ ပြောသွားတယ်။ ဒီနေ့လည်း ဗမာစစ်သားတွေ ထပ်တွေ့လို့ ပြည်သူတွေ ဆိုင်သိမ်းရပြန်ပြီ” ဟု အမည်မဖော်လိုသူ နမ့်ခမ်းဒေသခံ တစ်ဦးမှ ထပ်လောင်းပြောပြသည်။

ယနေ့ ဖေဖော်ဝါရီလ (၅)ရက်နေ့တွင် စစ်ကောင်စီတပ်သားများအား မြင်တွေ့ရခြင်းနှင့် TNLA အဖွဲ့များ ထပ်မံရောက်လာမည်ကို စိုးရိမ်ခြင်းတို့ကြောင့် ဈေးသည်များ ထိတ်လန့်ပြီး ရောင်းကုန်များကို သိမ်းနေကြကြောင်း သိရှိရပါသည်။

ယမန်နေ့ TNLA လက်နက်ကိုင်တပ်ဖွဲ့များ စျေးအတွင်းသို့ ရောက်လာပြီး အခွန်ကတ် လာရောက်ဝေ နေချိန် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ နမ့်ခမ်းမြို့ထဲသို့ ရောက်မလာခြင်းကလည်း နမ့်ခမ်းဒေသခံများ စဉ်းစားစရာဖြစ်နေကြောင်း ပြောဆိုလာသည်။

” မနေ့က TNLA လာတော့ စကစ တပ်တွေ ရောက်မလာဘူး။ လုံခြုံရေး လို့ပြောတဲ့ရဲကလည်း ရောက်မလာဘူး။ ဒီနေ့ကျမှ စကစ လူတွေ ရောက်လာတာ ထူးဆန်းတယ်။ မနေ့က လာရင် ထိတွေ့မှုဖြစ်မှာဆိုးလို့လားမသိဘူး” ဟု နမ့်ခမ်း ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

လက်ရှိ နမ့်ခမ်းပြည်သူတို့သည် စစ်သားနှင့် ယူနီဖောင်း မြင်တိုင်း ကြောက်ရွံ့တုန်လှုပ်သည့် စိတ်ဒဏ်ရာများဖြင့် နေ့ရက်တိုင်းကို လုံခြုံမှုကင်းမဲ့စွာ ဖြတ်သန်းနေရကြောင်းလည်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...