ကျိုင်းတောင်းမြို့ သင်္ကန်းခြုံ ဘုန်းကြီးဟန်ဆောင်ပြီး ပြည်သူများကိုလိုက်ခြိမ်းခြောက်နေ

သျှမ်းပြည်တောင်ပိုင်း ကျိုင်းတောင်းမြို့တွင် သင်္ကန်းခြုံ ဘုန်းကြီးဟန်ဆောင်ပြီး ပြည်သူများကို လိုက်သတ်မည်ဟု လိုက်လံခြိမ်းခြောက်နေသည် ဟု သတင်းရရှိသည်။

အဆိုပါ သင်္ကန်းခြုံ ဘုန်းကြီးဟန်ဆောင်ထားသူထံတွင် ဓား၊ ဂွ၊ ကျောက်ခဲများ တွေ့ရှိရကြောင်း၊ ဒေသခံပြည်သူများ၏ နေအိမ်ကို ညအချိန်တွင် ကျောက်ခဲနဲ့လိုက်လံပစ်ခတ်နေလျက်ရှိကြောင်း ကျိုင်းတောင်းမြို့နေထိုင်သူများထံ သိရသည်။

“ ဘုန်းကြီးက ဘုန်းကြီးအတုဖြစ်တယ်။ အရင်ညတွေက ညညဆိုရင် နေအိမ်ကို ကျောက်ခဲနဲ့လိုက်ပစ်နေတာ။ အဲတုန်းကတော့ ဘယ်သူပစ်တာလဲ မသိဘူး။ အခုမှ သိရတာ အဲဘုန်းကြီးက လိုက်ပစ်နေတာ။ သူမှာ ဓား၊ ကျောက်ခဲ၊ လေးဂွကော ရှိထားတယ်။ ပြီးတော့ အကုန်လုံးလိုက်သစ်ပစ်မယ်လို့လည်း ခြိမ်းခြောက်နေတာ” ဟု ကျောက်တောင်းမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုဘုန်းကြီးအတုသည် ပြည်သူများ၏ လုံခြုံရေးကို ထိခိုက်လာသောကြောင့် ဒေသခံများက ဝိုင်းဝန်ပြီး ဖမ်းဆီးခဲ့ သော်လည်း ကျိုင်းတောင်းရဲစခန်း က သင်္ကန်းဝတ်ထားသည့်သူဖြစ်သဖြင့် ပြန်လည်လွှတ်ပေးလိုက်ကြောင်း လည်း ကျိုင်းတောင်းဒေသခံ များကပြောသည်။

“ ၅ရက်နေ့က သူ့ကို ရပ်ကွက်ထဲက ပြည်သူတွေနဲ့ ရဲတွေပေါင်းပြီး ဖမ်းမိတယ်။ ဒါပေမယ့် ရဲတွေ က သင်္ကန်းဝတ်တယ်ဆိုပြီး ပြန်လွှတ်ပေးလိုက်တာ။ နောက်ကျိုင်းတောင်း ဘက်ကို ပြန်မလာနဲ့လို့ ပြောပြီးလွှတ်လိုက်တယ်” ဟု ကျိုင်းတောင်းဒေသခံ အသက် ၃၀ ကျော် လူငယ် တစ်ဦးက ပြောသည်။

သင်္ကန်းခြုံထားသည့် ဘုန်းကြီး အတုကို ကျိုင်းတောင်းမြို့ မှ ပြန်လွှတ်ပေးလိုက်သော်လည်း တခြားနယ်မြေအတွင်းသို့ သွားရောက်က ပြည်သူများကို ဒုက္ခပေးမည်ကို စိုးရိမ်ကြောင်းလည်း လူငယ်က ထပ်လောင်းပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ နည်းတူ သျှမ်းပြည်နယ်တွင်လည်း သင်္ကန်းခြုံထားသည့် ဘုန်းကြီး အတု များပြားလာကြောင်း၊ ထိုကိစ္စကို သက်ဆိုင်ရာမြို့နယ် သံဃာ နာယက အဖွဲ့မှ တာဝန်ယူ မဖြေရှင်းပါက နောင်တချိန်တွင် သာသနာ ညိုးနွမ်းသွားနိုင်ကြောင်းလည်း သျှမ်းတောင် ပင်လုံမြို့ မှ မွေတော်ကျောင်းဆရာတော် တပါးက မိန့်ကြားသည်။

“ ဒါတော့ သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူတွေကဖြေရှင်းပေးသင့်တယ်။ ဒီလိုမျိုး ဘုန်းကြီးအတု ရှိလာတာက ဿာသနာတွေကို ညှိုနွမ်းသွားစေနိုင်တယ်။ တွေ့မိ၊ ဖမ်းမိတယ်ဆိုရင် လူလည်ဝတ်ပေးပြီးတော့ ရဲတွေလက်ထဲအပ်ပေးသင့်တယ်” ဟု ပင်လုံမြို့ မွေတော်ကျောင်းဆရားတစ်ပါးက မိန့်ကြားသည်။

သင်္ကန်းခြုံ ပြီး ဘုန်းကြီး ဟန်ဆောင်ထားသည့် သူသည် ယခင်ကလည်း ခိုလမ်မြို့ နှင့် နမ့်စန်မြို့တွင်ရှိ ပြည်သူများကို အသက် အန္တရာယ်အထိ ခြိမ်းခြောက်ခဲ့ဖူးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...