အင်းလေးဒေသမှ စစ်တပ်သတင်းပေးနှစ်ဦး အသတ်ခံရ ဟုဆို
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသမှ စစ်ကောင်စီ သတင်းပေးဟု နာမည်ထွက်နေသည့် ဒေသခံအမျိုးသားနှစ်ဦး အသတ်ခံရပြီးနောက် စစ်ကောင်စီတို့က အင်အားဖြည့်တင်းကာ စစ်ဆေးမှုများ တင်းကျပ်စွာ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ မေလ ၉ ရက်တွင် ညောင်ရွှေမြို့နယ် သန်းထောင်ဈေးအတွင်း ဈေးရောင်းနေသည့် စစ်တပ်သတင်းပေး ဒလန်ဖြစ်သူ နှင့် သားမက်ဖြစ်သူတို့သည် အမည်မသိလူတစ်စုတို့၏...
ရွာငံ နဘန်းကြီးဒေသခံများ စစ်ကောင်စီဖမ်းဆီးပြီး ငွေကြေးအဆမတန်တောင်း
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် နဘန်းကြီးကျေးရွာတွင် စစ်ကောင်စီက ဒေသခံများကို ဖမ်းဆီးပြီး ငွေကြေးအဆမတန်တောင်းခံနေလျက်ရှိကြောင်းစုံစမ်းသိရှိရသည်။ စစ်ကောင်စီ မှ အပြစ်မဲ့ပြည်သူများဖမ်းဆီးခေါ်ဆောင်သွားပြီး ရွာငံမြို့နယ် ရဲစခန်းသို့ ချုပ်နှောင်ကာ ငွေကြေးအဆမတန်တောင်းယူနေကြောင်း ငွေကြေးချမ်းသာသည့် မိသားစုဝင်ကို စစ်ကောင်စီက ပစ်မှတ်ထားပြီး ဖမ်းဆီးလျက်ရှိကြောင်းသိရသည်။ “ နဘန်းကြီးရွာဘက်မှ ငွေကြေးချမ်းသာတဲ့မိသားစုတွေကို အဓိကပစ်မှတ်ထားပြီး ဖမ်းနေကြတာပါ။ ရွာငံမြို့မရဲစခန်းမှာ အပြစ်မရှိတဲ့ ရွာသားတွေကို ဖမ်းပြီး ငွေကြေးအဆမတန်တောင်းခံနေတာတွေရှိတယ်။ ဆိုင်ကယ်ဝပ်ရှော့က အကိုတစ်ယောက်...
သီပေါမြို့နယ် အရက်မူးနေသည့် အမျိုးသားကို စစ်သားများ သေနတ်ပစ် ဖမ်းဆီး
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တုံစင်ကျေးရွာတွင် အရက်မူးနေသည့် အမျိုးသားကို စစ်သားများက ရိုက်နှက်မှု ပြုလုပ်သည့်အပြင် သေနတ်ဖြင့်လည်း ပစ်ခတ်ဖမ်းဆီးသွားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် မေလ ၂ ရက်တွင် သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တုံစင်ကျေးရွာ နယ်မြေ (၅) မှ အရက်မူးနေသည့် အမျိုးသားကို အထက်အမိန့်များ မပါရှိဘဲ...
ကျောက်မဲမြို့နယ် ကလေးငယ်နှစ်ဦး မိုင်းနင်းမိပြီး ဆေးကုသဖို့ ခက်ခဲနေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်လင်ကျေးရွာအတွင်းတွင် နေထိုင်သည့် ကလေးငယ်နှစ်ဦးသည် မြေမြုပ်မိုင်းနင်းမိပြီး ဆေးကုသရန်အတွက် အခက်အခဲရှိနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၅ ရက် မွန်းလွဲပိုင်းအချိန်တွင် ကျေးရွာ နှင့် တစ်မိုင်ခန့်ကွာဝေးသည့် ယာတောဘက် မြင်းသွားရှာသည့် ပန်လင်ကျေးရွာမှ ကလေးငယ်နှစ်ဦးသည် မြေမြုပ်မိုင်းနင်းမိပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွား ကြောင်း...
စစ်ကောင်စီ နှင့် TNLA တို့ တိုက်ပွဲကြား ကျဆုံးခဲ့သည့် သျှမ်းလူငယ်နှစ်ဦးကို ယနေ့ သဂြိုလ်မည်
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မော်တောင်းကျေးရွာအနီးတွင် စစ်ကောင်စီ နှင့် TNLA တို့ ဖြစ်ပွားသည့်တိုက်ပွဲကြောင့် ကျဆုံးခဲ့ရသည့် သျှမ်းလူငယ် နှစ်ဦးကို ယနေ့ မေ (၅) ရက်မှာ သဂြိုလ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီ နှင့် TNLA တို့တိုက်ပွဲကြား ကျဆုံးခဲ့ရသည့် အဆိုပါ သျှမ်းလူငယ်နှစ်ဦး၏ ရုပ်အလောင်းကို...
မူဆယ်မြို့နယ်တိုက်ပွဲကြား စကစ ပေါ်တာဆွဲသွားသည့် သျှမ်းလူငယ် ၂ဦး ကျည်ထိသေဆုံး
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် TYN (Tai Youths Network) မှ အလုပ် အမှုဆောင် အဖွဲ့ဝင်တစ်ဦးအပါအဝင် အရပ်သား သျှမ်းလူငယ်နှစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ မေလ ၄ ရက် ညနေ ၅ နာရီဝန်းကျင်တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအနီးတွင်...
မူဆယ်မြို့ PDF မိသားစုဝင်တစ်ဦးကို စစ်ကောင်စီ မှ ဓားစာခံ အဖြစ်ဖမ်းဆီး
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် နေထိုင်သည့် PDF တပ်သား၏မိသားစုဝင် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက ဓားစာခံအဖြစ် လာရောက်ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ မူဆယ်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့ဝင်တစ်ဦး၏ အမဖြစ်သူကို စရဖက ယမန်နေ့ မေလ ၂ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်တွင် စစ်ကောင်စီ လက်အောက်ခံ...
ရွာငံမြို့နယ် အမျိုးသမီး ၄ ယောက် အပါအဝင် ဒေသခံ ၃၀ကျော် ဖမ်းဆီးခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် လယ်ကိန်းကျေးရွာတွင် အမျိုးသမီး ၄ ယောက် အပါအဝင် စုစုပေါင်း ဒေသခံ ၃၄ ဦး ကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဧပြီ ၂၆ ရက်တွင် အင်အား ၁၀၀ နီးပါးရှိသည့် စစ်ကောင်စီ စစ်ကြောင်းသည် ရွာငံမြို့နယ်...
နောင်ချိုမြို့နယ် လူငယ် (၂) ဦး အမည်မသိ လက်နက်ကိုင်တစ်ဖွဲ့ ဖမ်းဆီးသွား
SHAN -
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာက စက်သုံးဆီဆိုင်မှ လူငယ် (၂) ဦးကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေ ၃)ရက် နေ့လည် ၁၂ နာရီဝန်းကျင်တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့စည်းတစ်ခုမှ ဆမ္မဆယ်ကျေးရွာအတွင်းရှိ ဆီဆိုင်ပိုင်ရှင်၏ သားနှင့် မြေးဖြစ်သူ အမျိုးသမီးကို လက်နက်အပြည့်စုံဖြင့်...
လူမှုကွန်ရက်ပေါ်တင်သည့် သတင်းကြောင့် မူဆယ်မြို့ အမျိုးသမီး တစ်ဦးဖမ်းဆီးခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ရှိ အမျိုးသမီးတစ်ဦး ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တင်ထားသည့် သတင်းကြောင့် စစ်ကောင်စီ ဖမ်းဆီးခြင်း ခံခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (မေလ ၂) ရက် မွန်းလွဲပိုင်း ၄ နာရီတွင် မူဆယ်မြို့ တောင်ပိုင်းရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦး ကို စစ်ကောင်စီလက်အောက်ခံ စရဖက ကား...





