လားရှိုးမြို့နယ် လူငယ် ၂၀ ကျော်ဖမ်းဆီးခံရ၊ ထောက်ပို့နှင့် အလှူငွေကောက်ခံသူများ ပိုမိုခက်ခဲလာ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် နှစ်ရက်အတွင်း လူငယ် အယောက် ၂၀ ကျော် ဖမ်းဆီးခံရသည့်အပြင် PDF များအတွက် ထောက်ပို့လုပ်ငန်းနှင့် အလှူငွေကောက်ခံသူများ ပိုမိုခက်ခဲလာကြောင်း သတင်းသိရသည်။

လားရှိုးအကျဥ်းထောင်

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့ နှင့် ၂၀ ရက်တွင် စစ်ကောင်စီမှ လားရှိုးမြို့ပေါ်နေ အမျိုးသား ၂၀ ဦးကိုဖမ်းဆီးခဲ့ပြီး၊ ထိုထဲတွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို မွေးနေ့ဆုတောင်းပိုစ့်တင်ပေးသည့် လူငယ် တစ်ဦးလည်း ပါဝင်ကြောင်း လားရှိုးမြို့ခံတစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ဖုန်းပါမိထားတဲ့လူငယ်တွေကို ဖုန်းထဲစစ်ကြည့်ပြီး NUG တို့ PDF တို့အတွက် အလှူငွေတွေကောက်ခံတာ တော် လှန်ရေးနဲ့ ပက်သက်တာတွေ့ရင် စစ်ကြောရေးကို ပို့တယ်၊ တချို့လူငယ်တွေကျတော့ ပိုက်ဆံနဲ့ညှိပြီး ပြန်လွှတ် ပေးတာရှိပါတယ်” ဟု ၎င်းမြို့ခံ ကဆိုသည်။

ထို့အပြင် စစ်ကောင်စီတို့သည် ၎င်းတို့ ဝင်ဖမ်းသည့် နေအိမ်မှ လူငယ်ဖမ်းဆီးခံရကြောင်း သတင်းထွက်ပေါ်မှု များ ရှိပါက ဆိုးကျိုးဆက်ရှိလာသည့် ပြောဆိုခြိမ်းခြောက်မှုများလည်း ရှိကြောင်းသိရသည်။

လက်ရှိဖမ်းဆီးခံထားရသည့် လူငယ်များ၏ ဖုန်းများမှ တစ်ဆင့် တခြားလူငယ်များနှင့် အချိတ်အဆက်တို့ကို စစ်ကောင်စီတို့မှ သိရှိသည့်အတွက် တော်လှန်ရေးအတွက် ထောက်ပို့နှင့် အလှူငွေကောက်ခံပေးနေသူများလည်း လှုပ်ရှားရခက်ခဲသွားကြောင်း ထောက်ပို့လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပထမဆုံးအခက်အခဲက အလှူခံရခက်ခဲလာတယ်၊ တော်လှန်ရေးအတွက် အလှူခံပေးနေတယ်ဆိုပေမဲ့ မိသားစု တွေကိုလည်း ငဲ့နေကြရတယ်၊ သူတို့ထိခိုက်မှာတွေ နေအိမ်ကို ချိတ်ပိတ်တာတွေကိုလည်း ရှောင်ရတယ်၊ ဒါကို အခွင့်ကောင်းယူပြီး လုပ်စားတဲ့သူလည်းရှိလာတော့ အလှူထည့်တဲ့သူတွေနည်းလာတယ်လေ” ဟု အထက်ပါ ထောက်ပို့က ပြောသည်။

အာဏာသိမ်း စစ်ကောင်စီတို့သည် ၎င်းတို့ကို တော်လှန်တိုက်ခိုက်နေသည့် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ များကို နှိမ်နင်းနိုင်ခြင်းသော်လည်း မြို့ပေါ်လှုပ်ရှားသည့် ထောက်ပို့များနှင့် အလှူငွေကောက်ခံ ကူညီနေသူများကို ဒလန်သတင်းပေးမှုများဖြင့် ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သတင်းသိရသည်။

လက်ရှိ လားရှိုးထောင်အတွင်း ဒလန်သတင်းပေးမှုဖြင့် ဖမ်းဆီးထားသည့် အပြစ်မဲ့ ပြည်သူများ များပြားသည့်အတွက် ခိုးဆိုးလုနိုက်မှုများဖြင့် ဖမ်းဆီးခံထားရသူများကို ဌာနဆိုင်ရာများမှ တိတ်တဆိတ်ပြန်လွှတ်ပေးနေကြောင်းလည်း ထောင်နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

စစ်ကောင်စီမှ နိုင်ငံတော်အာဏာသိမ်းပြီးနောက် ပြည်သူများကို ဒုက္ခပေးနေသည့် သူခိုး၊ ဓားပြနှင့် ခိုးဆိုးလုနိုက် လုပ်နေသူများကို ဖမ်းဆီးနှိမ်နင်းခြင်း မရှိသော်လည်း ၎င်းတို့ကို ဆန့်ကျင်သည့် ပြည်သူများ ပုဒ်မ အမျိုးမျိုးတပ်ကာ ဖမ်းဆီးမှုများက တစ်နေ့တစ်ခြား ပိုမိုများပြားကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...