Friday, April 26, 2024

သီပေါမြို့နယ် အမျိုးသားတစ်ဦး တောလိုက်ရင်း မိုင်းနင်းမိသေဆုံး

Must read

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ထန်စန့်ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးသည် တောလိုက်နေစဥ် အတွင်း လက်ကျန်မြေမြုပ်မိုင်းနင်းမိကာ သေဆုံးသွားခဲ့ရကြောင်း သတင်းသိရသည်။

မိုင်းနင်းမိသူ


ယမန်နေ့ (ဇွန်လ ၂၀ )ရက် ညနေ ၄ နာရီဝန်းကျင်တွင် ထန်စန့်ကျေးရွာနေ ရွာသား ၁၄ ဦးခန့်သည် တောလိုက်နေစဥ်တွင် လူစုခွဲသွားပြီးတောင်စောင်းဘက်သို့ သွားသည့် အမျိုးသားတစ်ဦးမှ မိုင်းနင်းမိခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။


“သူတို့က တောလိုက်ရင်းနဲ့ မိုင်းနင်းမိတာပါ၊ အတူသွားတာက ၁၄ ယောက်၊ ဒါပေမဲ့ တစ်ယောက် တည်းသာ မိုင်းနင်းမိတာ၊ သူကအဖွဲ့နဲ့ ခွဲပြီး တောင်စောင်းဘက် ဆင်းသွားရင်း မိုင်းနင်းမိတာတဲ့၊ ပွဲချင်းပြီးသေပဲ” ဟု အထက်ပါ ဒေသခံက ပြောသည်။


မိုင်းနင်းမိသေဆုံးသူသည် ဦးအောင်အေး ဟု အမည်ရှိပြီး အစ်မကြီး နှစ်ယောက်၊ အမျိုးသမီး နှင့် သားသမီး ၅ ယောက်ကို ရှာဖွေကျွေးမွေးနသည့် အိမ်ထောင်ဦးစီးဖြစ်ကြောင်းလည်း သိရသည်။


ဦးအောင်အေး၏ ရုပ်အလောင်းကို အတူသွားသည့် လုပ်ဖော်ကိုင်ဖက်များမှ ရွာလူကြီးနှင့် သက်ဆိုင်သူ မိသားစုဝင် များကို ခေါ်ယူကာ အသိပေးကာ တောထဲမှာပင် ယင်းည တွင်းချင်း မြေမြုပ်သဂြိုဟ် လိုက် ကြောင်း မိသားစုဝင်နှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။


“ညတွင်းချင်းပင်ပဲ တောတောင်ထဲမှာ မြေမြုပ်ပစ်လိုက်တာပါ၊ အခုကျန်နေတဲ့ မိသားစုဝင်တွေကတော့ အလုပ်လုပ်နိုင်တဲ့သူဆိုလို့ သူ့သမီးတစ်ယောက်ပဲ ရှိတယ်၊ နောက်တစ်ခု ဦးအောင်အေးက ရပ်ရွာအရေးမှာ တက်ကြွလှုပ်ရှားကူညီတတ်သူဖြစ်လို့ အခုလို ကြုံရတာ စိတ်မကောင်းဘူး” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။


လက်ရှိတွင် မိုင်းနင်းမိသေဆုံးသူ ဦးအောင်အေး၏ ကျန်ရစ်သူ မိသားစုဝင်များအတွက် အခက်အခဲများလ ိုအပ်နေကြောင်းလည်း သိရသည်။
သျှမ်းပြည်မြောက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်တို့၏ တိုက်ပွဲအပြီး မရှင်းလင်းသေးခဲ့သည့် မြေမြုပ်မိုင်းများကြောင့် သီပေါမြို့ခံ အပါအဝင် ဒေသခံပြည်သူများက အသက်ဆုံးရှုံးရသည် အထိ မြေစာပင်ဖြစ်နေခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article