မိုင်းယော်တိုက်နယ် ရွာသူကြီးများ အခွန်ပြေစာတုဖြင့် ငွေကြေး အတင်းအဓမ္မကောက်နေ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် မိုင်းကျက်ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး နှင့် ရွာသူကြီးများသည် ပြည်သူများထံ ငွေကြေးအတင်းအဓမ္မ ကောက်ယူနေကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ ဇွန် (၂၇) ရက် နံနက်ပိုင်းမှာ မိုင်းကျက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စိုင်းထွန်းယီ နှင့် ကျေးရွာသူကြီး တို့ပူးပေါင်းပြီး အခွန်ပြေစာအတုဖြင့် တောင်သူများထံ ငွေကြေးအတင်းအဓမ္မ ကောက်ယူနေကြောင်း သိရသည်။

၎င်းအခွန်ပြေစာတုဖြင့် လယ်ယာပိုင်ရှင်များထံ တစ်ဦးလျှင် တစ်ထောင်ကျပ် ကောက်ယူခဲ့သည်။

“သူတို့ အခွန်ပြေစာလုပ်ပြီး ကောက်ယူကြတယ်။ ခြံပိုင်ရှင်တွေ တစ်ယောက်ကို (၁) ထောင်ကျပ်ပေးရတယ်။ ဒီတစ်ခါ ပထမဆုံးအကြိမ် ငွေတာင်းတာပဲဖြစ်တယ်။ တစ်ခါမှ ဒီလိုမကြုံဖူးဘူး။ သူတို့ လုပ်စား ကြတာပဲထင်တယ်။ ရုံးထဲက တစ်ချို့သူတောင် မသိရဘူး” ဟု မိုင်းကျက်ကျေးရွာ ဒေသခံ စိုင်းခမ်းစိုင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အခွန်ပြေစာ

အဆိုပါ ငွေတောင်းပြေစာတုကို မိုင်းကျက်ကျေးရွာအုပ်စုရှိ ကျေးရွာများက ဒေသခံ ပြည်သူများထံ ကောက်ခံခြင်း ဖြစ်ကြောင်း သိရသည်။

“အဲ့အခွန်ပြေစာထဲမှာ သူတို့ လယ်ယာပိုင်ရှင်တွေရဲ့ နာမည်နဲ့တကွ ရေးထားပြီး သူများ ဘာပဲ စိုက်ထားစိုက်ထား ပြောင်းစိုက်ပျိုးထားတယ်လို့ပဲ ရေးထားတယ်။ လယ်ယာမြေလဲ သူတို့ အကျယ်အဝန်း ထည့်ချင်သလောက် ထည့်လိုက်တာပဲ။ အဲ့ပြေစာထဲမှာက လယ်ယာ မြေဧက (၇) ဧကရှိရင် သူတို့ (၇) ကျပ်ခွဲ အဲ့လိုရေးထားပေမယ့် သူတို့ကို (၁၀၀၀) ကျပ်ပေးရတယ်” ဟု စိုင်းခမ်းစိုင်း က ထပ်လောင်းပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်စျေးနှုန်းများ အဆမတန် စျေးတက်လာသဖြင့် ပြည်သူများ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်ကြသည့်အချိန် ငွေ (၁) ထောင်ကျပ်သည် ဒေသခံ ပြည်သူများ အတွက် များစွာ တန်ဖိုးရှိကြောင်း မိုင်းယော်ကျေးရွာ ဒေသခံများက ပြောသည်။

ယခုလို အထက်လူကြီးက ဒေသခံ ပြည်သူများထံ ငွေကြေးကောက်ခံမှုများ ပြုလုပ်ခြင်းသည် သွားရောက်တိုင်ကြားမည့် နေရာ မရှိသည့်အတွက် ဒေသခံများ ခက်ခဲနေကြောင်း သိရသည်။

မိုင်းကျက်ကျေးရွာအုပ်စုသည် အိမ်ခြေ (၂၀၀) ခန့်ရှိပြီး မိုင်းကျက်ကျေးရွာအုပ်စု စိုင်းထွန်းယီ နှင့် ကျေးရွာသူကြီးတို့ က လုံကျက်ကျေးရွာ မှာ အခွန်ပြေစာတု ကောက်ပြီး ၎င်း ကျေးရွာသည် အိမ်ခြေ (၇၆) အိမ်ခန့်ရှိကာ အိမ်တိုင်းနီးပါး တစ်အိမ် (၁) ထောင်ကျပ် ပေးဆောင်ရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...