တောင်ကြီးမြို့အတွင်း ဧည့်စာရင်း တင်းကြပ်စွာ စစ်ဆေးနေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့အတွင်း သွားလာမှု နှင့် ဧည့်စာရင်းကို တင်းကြပ်စွာ စစ်ဆေးနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ညအချိန်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ည ၈ နာရီကျော် နေအိမ်၊ အဆောင်များ ဧည့်စာရင်း လိုက်လံစစ်ဆေးနေပြီး ဧည့်စာရင်းမတိုင်သည့် အိမ်တွင် ရဲစခန်းတို့ တစ်ညအိပ်ရပြီး၊ ဒဏ်ငွေပေးဆောင်ပြီး အာမခံချက်ဖြင့် ပြန်ထွက်လာရကြောင်း သိရသည်။

“ဟိုနေ့က ကျမရဲ့ သူငယ်ချင်း အဆောင်မှာလာငှားနေတာ။ အဲ့ဒါ ဧည့်စာရင်းမတိုင်ထားလို့ ညသူတို့လာစစ်တော့ ဖမ်းခေါ်သွားတာ။ ရဲစခန်းမှာ တစ်ညသွားအိပ်လိုက်ရတယ်။ မနက်တော့ ဒဏ်ငွေနဲ့ အာမခံချက်ထိုးပြီး ပြန်ထွက်လာရတာ။ ဘယ်လောက်ပေးရလဲတော့ မသိဘူး။ သူတို့ဒီလိုလုပ်တာလည်း လိုင်းပေါ်မတင်ခိုင်းဘူး” ဟု တောင်ကြီးမြို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

တောင်ကြီးမြို့

ထိုအပြင် ညအချိန်သွားလာရာတွင်လည်း စစ်ဆေးမှုခံရပါက ငွေကျပ် (၁) သိန်းဝန်းကျင်အထိ ပေးဆောင်ရကြောင်း ကိုယ်တိုင်ကြုံတွေ့ ခဲ့သူက ပြောသည်။ အဆိုပါ စစ်ဆေးရာတွင်လည်း ရံဖန်ရံခါ စစ်ဆေးနေကြောင်း သိရသည်။

“အဲ့ညက အပြင်သွားလာတာ။ သူတို့ စစ်နေတာနဲ့တွေ့တော့ စစ်ခံရတာ။ သူတို့က ပုံမှန်မစောင့်ဘူး။ တစ်ခါတစ်လေပဲ စောင့်စစ်ဆေးနေတာ။ အဲ့နေ့တွေ့တော့ ကျနော်တို့ကို ပိုက်ဆံ (၁) သိန်းတောင်းတာ။ ဒါမယ့် ၈ သောင်း ပဲပေးလိုက်တယ်။ ပိုက်ဆံအများကြီး တောင်းတယ်။ ၅ သောင်း၊ ၁ သိန်းတောင်းတာ” ဟု တောင်ကြီးမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် လမ်းမကြီးပေါ်တွင် ယာဥ်ထိန်းရဲများ စောင့်ဆိုင်းရာ ယခုချိန်တွင် စစ်ကောင်စီတပ်သားအပါအဝင် စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

အလားတူ တောင်ကြီးမြို့အဝင်ဂိတ် ၄ မိုင်တွင်လည်း စစ်ကောင်စီက ကိုဗစ်-၁၉ ကာကွယ်ဆေးလက်မှတ် စစ်ဆေးနေကြောင်း သိရသည်။

“သူတို့မြို့ထဲမှာ ယာဥ်ထိန်းရဲဂိတ်မှာဆိုရင် စစ်သားတွေလည်း စောင့်နေတာ။ အဲ့နေရာမှာတော့ သူတို့ဒီတိုင်းစစ်ဆေးတာပဲ။ ဒါမယ့် မြို့အပြင် ၄ မိုင်မှာဆိုရင် ကိုဗစ် ကာကွယ်ဆေးလက်မှတ်တွေတော့ စစ်တယ်။ အပြင်မှာ စစ်ပြီးမှ မြို့ထဲလာရတာထင်တယ်။ မြို့ထဲမှာတော့ ဘာမှ သိပ်မစစ်တော့ဘူး” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အတွင်း ပြည်သူများ ခရီးသွားလာမှု ပိုမိုခက်ခဲလာပြီး စိတ်လွတ်လပ်မှုမရှိတော့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေတွင် ဧည့်စာရင်းစစ်ပြီး စစ်ကော်မရှင်က ပေါ်တာဆွဲ ဖမ်းဆီးမှုများရှိ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး နယ်ခံမဟုတ်သူများကို ဖမ်းဆီပေါ်တာဆွဲနေကြောင်း ဒေသခံများပြောသည်။ ပြီးခဲ့သည့် မေလ၂၁ရက်တွင် ညောင်ရွှေမြိုနယ် အင်းလေးဒေသ နန်းပန်မြို့မှ အသက် ၃၀ ကျော် လင်မယားနှစ်ဦးသည် ညောင်ရွှေမြို့တွင် သွားရောက်တည်းခိုစဉ် စစ်ကော်မရှင်တပ်က ဧည့်စာရင်းဝင်စစ်ကာ ဖမ်းဆီးသွားကြောင်း ၎င်းအသိမိတ်ဆွေ တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထိုသို့...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...