Tuesday, January 27, 2026

မိုင်းယော်တိုက်နယ် ဗုံးပေါက်ကွဲ ၄လ အရွယ်ကလေး သေဆုံး၊ ၂ဦးပြင်းထန်စွာ ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် မိုင်းယော်တိုက်နယ် ပန်ခုတ်ကျေးရွာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လေးလအရွယ်ရှိ ကလေးငယ်တစ်ဦး သေဆုံးကာ နှစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်းသတင်းသိရသည်။

မိုင်းယော်တိုက်နယ်

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက် နေ့လည် ၁၂ နာရီဝန်းကျင်အချိန်တွင် ဖခင်ဖြစ်သူ လယ်တောမှ ကောက်ယူလာပြီး မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးကို အသက် ၇ နှစ်အရွယ် နှင့် လေးလပိုင်းအရွယ် ကလေးငယ်နှစ်ဦး အတူဆော့ကစားရာမှ ထိမိပြီး ဗုံးပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“သူ့အဖေက ယာတောကနေ ကောက်လာခဲ့တဲ့ဗုံးပေါ့၊ အဲ့ဒါကို ကလေးငယ်နှစ်ဦးက ထိမိပြီး ပေါက်ကွဲသွားတယ်၊ လေးလအရွယ်ကလေးငယ်တော့ ပွဲချင်းပြီးသေပြီး သူ့အစ်ကိုနဲ့ အိမ်ထဲရှိနေတဲ့ အဖေဖြစ်သူက ဒဏ်ရာပြင်းပြင်း ထန်ထန်ရသွားတယ်၊ အခုတော့ သူတို့သားအဖကို ဆေးရုံမှာ တင်ထားတယ်” ဟု ပန်ခုတ်ရွာခံမှ အသက် ၃၀ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ဖခင်ဖြစ်သူမှ ခြေသလုံးတွင် ဒဏ်ရာ ၃ ချက်နဲ့ ၇ နှစ်ဝန်းကျင်သားဖြစ်သူက ခြေထောက်၊ ဦးခေါင်း၊ ဝမ်းဗိုက်နှင့် လည်ပင်းတို့မှ (၁၅) ချက်မနည်းသည့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း လည်း သိရသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရှိသူ သားအဖ နှစ်ဦးကို မိုင်းယော်တိုက်နယ်ဆေးရုံမှ တစ်ဆင့် လားရှိုးမြို့ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

“ဒီဖက်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့က များတော့ ဘယ်တပ်ဖွဲ့ရဲ့ လက်နက်အကြွင်းအကျန်တော့ မသိရပါဘူး၊ ပြီးတဲ့လမှာလည်း နားဖိုင်းကျေးရွာတို့ ခိုခမ်းကျေးရွာတို့မှာလည်း ဗုံးပေါက်ကွဲလို့ ကလေးတွေ သေဆုံးခဲ့တာ ရှိခဲ့ဖူးတယ်” ဟု ၎င်း အမျိုးသားက ဆက်ပြောသည်။

ပြီးခဲသည့် မတ်လ ၅ ရက်နေ့မှာလည်း မိုင်းယော်တိုက်နယ်မှ ပန်ထိုလိန်ကျေးရွာအုပ်စု ခိုခမ်းကျေးရွာတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၁ နှစ်ကျော် ကလေးငယ်အပါအဝင် ၃ ဦး သေဆုံးပြီး (၁၁) ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဥ် ဖြစ်ပွားခဲ့သည်။

ထိုပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဗုံးသည် မည်သည့်အဖွဲ့အစည်း၏ လက်နက်ဆိုသည်ကို မသိရှိရသေးပေ။
အဆိုပါ ဒေသအတွင်းတွင် MNDAA၊ KIA၊ TNLA စသည့်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တို့အပြင် ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်ဖွဲ့တို့က သွားလာလှုပ်ရှားနေရာဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းနောင်မြို့အနီး ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီက လမ်းများပိတ်ထား

0
သျှမ်ပြည် မိုင်းနောင်မြို့အနီးတွင် ယနေ့ (ဇန်နဝါရီ ၁၀ရက် ) နံနက် ၂နာရီဝန်းကျင်တွင် ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီက လမ်းများကို ပိတ်ထားကြောင်း စုံစမ်းသိရသည်။ ယနေ့ ( ဇန်နဝါရီလ ၁၀ ရက် ) နံနက် ၂ နာရီဝန်းကျင် ကျေးသီးမြို့နှင့် မိုင်းနောင်မြို့ကြားရှိ မိုင်းနန်းကျေးရွာ...

မင်းအောင်လှိုင် တရုတ်ခရီးစဉ် နေပြည်တော်လေဆိပ်၌ ဗုံးကွဲမှု ဘယ်သူ့လက်ချက်လဲ

0
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်လေဆိပ်မှ တရုတ်နိုင်ငံသို့ ထွက်ခွာသည့် ယနေ့ (နိုဝင်ဘာလ ၅ ရက်) နံနက်ပိုင်းတွင် လေဆိပ်အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က အတည်ပြုသည်။ တရုတ်နိုင်ငံတွင် မနက်ဖြန် ကျင်းပမည့် မဟာမဲခေါင်နှင့် ဆက်စပ် အစည်းအဝေးများ တက်ရောက်ရန် ယနေ့ နံနက်...

လားရှိုး ဗုံးပေါက်ကွဲမှုကြောင့် ကလေး ၃ ဦး ဒဏ်ရာရ

0
သျှမ်းပြည် လားရှိုးမြို့တွင် ဗုံးပေါက်ကွဲမှုကြောင့် ကလေး ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့(ဇွန်လ ၂၀ ရက်) နေ့လည် ၁၂ နာရီကျော်တွင် လားရှိုးမြို့ ရပ်ကွက် (၇) တွင် မပေါက်ကွဲသေးသည့် ဗုံးကို ကိုင်တွယ်မိရာမှ ဗုံးပေါက်ကွဲမှုကြောင့် ကလေး ၃...

လားရှိုးမြို့တွင် ဗုံးပေါက်ကွဲမှုကြောင့် ပြည်သူ ၃ ဦးဒဏ်ရာရ

0
သျှမ်းပြည် လားရှိုးမြို့ ရပ်ကွက် ၃ အတွင်းရှိ ဆိုင်ခန်းရှေ့၌ ဗုံးပေါက်ကွဲမှုကြောင့် ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံတင်ထားရကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီလ ၃၀ ရက်) မွန်းလွှဲ ၂ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် ၃ ၊ သီရိလမ်းပေါ်ရှိ...

လားရှိုး Fully Light ဟိုတယ် အနီးပေါက်ကွဲမှုနောက် စစ်ကောင်စီ လုံခြုံရေးတင်းကြပ်ထား

0
သျှမ်းပြည် လားရှိုးမြို့၊ အမှတ် (၂) ရပ်ကွက်တွင် ရှိသည့် Fully Light ဟိုတယ် အနီး၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက လုံခြုံရေး တင်းကြပ်လာကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန်လ ၉ ရက်နေ့ ည ၇ နာရီဝန်းကျင် တွင် လားရှိုးမြို့...