ပင်လုံတွင် ပိုက်ဆံချမ်းသာသည့် သူကိုပစ်မှတ်ထားပြီး ဖုန်းမှတဆင့် ခြိမ်းခြောက်ငွေတောင်း
သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ပိုက်ဆံချမ်းသာသည့် သူများကို ပစ်မှတ်ထားပြီး ဖုန်းမှတဆင့် ခြိမ်းခြောက်ငွေတောင်းယူမှုများ ဆက်တိုက် ပြုလုပ်လာနေကြောင်း သတင်းရရှိသည်။ ဖုန်းမှ တဆင့် ခြိမ်းခြောက်ခံရသည့် သူများမှာ စီးပွားရေးလုပ်ငန်းရှင်များ၊ အိမ်ဆောက်ပစ္စည်းဆိုင်ခန်း ဖွင့်လှစ်သူများနှင့် ပိုက်ဆံချမ်းသာသည့်သူများ ဖြစ်သည်။ ထိုသူများကို အမည်မသိ အဖွဲ့အစည်းတစ်ဖွဲ့က ဖုန်းမှတဆင့် “ ပိုက်ဆံမပေးရင် ဒေါ်ညိုလို...
ပြည်သူ့လွှတ်တော် ဒု-ဥက္ကဌ ဦးထွန်းထွန်းဟိန် ထောင်ဒဏ် ၂၀ ထပ်မံချမှတ်
SHAN -
သျှမ်းပြည် မြောက်ပိုင်း လားရှိုးအကျဉ်းထောင်၌ ဖမ်းဆီး အကျဉ်းချခံထားရသည့် ပြည်သူ့လွှတ်တော် ဒု - ဥက္ကဌ ဦးထွန်းထွန်းဟိန်ကို စစ်ကောင်စီက ထောင်ဒဏ် နှစ် ၂၀ ထပ်မံချမှတ်လိုက်ကြောင်း သတင်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၂၉) ရက်တွင် လားရှိုးအကျဉ်းထောင် တရားရုံးမှ ဦးထွန်းထွန်းဟိန်ကို ထောင်ဒဏ် နှစ်...
သျှမ်းမြောက် PDF အချင်းချင်းကြားသတ်ဖြတ်မှုရဲ့နောက်ကွယ်
SHAN -
အိမ်အောက်ထပ်က ရုတ်တရက် ထွက်ပေါ်လာတဲ့ “ သစ္စာဖောက်ကောင်တွေ အကုန်သတ် ..အကုန်သတ်” ဆိုတဲ့အတူ ဒုန် ..ဒိုင်း သေနတ်သံတွေကြောင့် ကိုဆာဒန်တစ်ယောက် ထိတ်လန့် ကြောက်လန့်မှုတွေဖြစ်ကာ သတိတချက် လွှင့်ထွက်သွားပါတယ်။ အဲ့အချိန်မှာ ကိုဆာဒန်တယောက် အိမ်ပေါ်ထပ်မှာနေပြီး စိတ်လှုပ်ရှားနေပေမယ့် ပြတင်းပေါက်ကိုမြင်လိုက်ရတဲ့ သူ့အသက်ထပ်ရှင်ဖို့အတွက် ပြတင်းပေါက်ကနေ ခုန်းဆင်းပြီး ထွက်ပြေး...
မန္တလေး – မူဆယ် ကားလမ်းမကြား လက်နက်ကိုင်တပ်ဖွဲ့များ အဆမတန် အခွန်ကောက်
SHAN -
မန္တလေး - မူဆယ် ပြည်ထောင်စု ကားလမ်းမကြား လက်နက်ကိုင်တပ်ဖွဲ့များ အဆမတန်အခွန် ကောက်ခံနေခြင်းကြောင့် ကုန်တင်ကားကြီး မောင်းနှင်သူများ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ မန္တလေး မှ နမ့်ခမ်းသို့ ကုန်တင်သွားလာသည့် ကုန်တင်ကားကြီးများမှာ ၁၀၅ မိုင်တွင် စစ်ကောင်စီ၏ လက်အောက်ခံ ရဲတပ်ဖွဲ့၊ သစ်တော ဦးစီးဌာန...
လင်းခေးမြို့ ပန်ဆတ်စစ်ဆေးရေးတင်းကြပ်ပြီး ခရီးသွားပြည်သူများ ခြိမ်းခြောက်ပြောဆို
SHAN -
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့အနီးရှိ ပန်ဆတ်အမြောက်တပ်စခန်း စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီမှ စစ်ဆေးမှုများ တင်းကြပ်စွာ ပြုလုပ်သည့် အပြင် ခရီးသွား ပြည်သူများကိုလည်း ခြိမ်းခြောက်ပြောဆိုမှု ရှိနေကြောင်း စုံစမ်းသိရသည်။ လင်းခေးမြို့ အခြေစိုက် စစ်ကောင်စီအမြောက်တပ်၏ “ပန်ဆတ်” စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သားတို့ သည် စစ်ကိုင်းတိုင်း ၊မကွေးတိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်၊...
မြေမြိုလို့လူမျိုးမသုဉ်း လဝက ငွေမြိုရင်တော့ —-
SHAN -
“ မြန်မာစကား၊ တိုင်းရင်းသားဘာသာစကားမ တတ်တဲ့ တရုတ်တွေ မှတ်ပုံတင်လုပ်တာလွယ်မှလွယ်။ ကျမတို့ လုပ်တော့ ခက်လိုက်တာ” လို့ လားရှိုးမြို့နယ် ရှိ ကျေးရွာတစ်ခုတွင်နေထိုင်သည့် နန်းရွှေအောင် က ညည်းညူ လိုက်ပါတယ်။ မှတ်ပုံတင် မရှိ တဲ့အသက်၃၀ အရွယ် နန်းရွှေအောင်ဟာ လွန်ခဲ့တဲ့ တနှစ်ကျော် တုန်းက...
သီပေါမြို့ တစ်လနီးပါးပျောက်သည့်အမျိုးသမီး ယနေ့ထိ သတင်းမကြားရသေး
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ နယ်မြေ (၁) မြန်မာရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၂ အရွယ် အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေသည်မှာ တစ်လနီးပါးကြာပျောက်ဆုံးနေပြီး သတင်းမကြားရသေးကြောင်း စုံစမ်းသိရသည်။ ပျောက်ဆုံးနေသည့် အသက် ၂၂ နှစ်အရွယ်ရှိ မဆောင်းဟေမာန်ငြိမ်းဆိုသူဖြစ်ပြီး ယခုလ (နိုဝင်ဘာ ၅ ရက်) တွင် ကားအမဲရောင်တစ်စီးဖြင့်...
သီပေါမှ စစ်ဘေးရှောင် ၄၀၀ ကျော် အရေးပေါ် အကူအညီ လိုအပ်
SHAN -
သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင်ရောက်လာသော ပြည်သူ ၄၀၀ ကျော်အတွက် အရေးပေါ်အကူအညီလိုအပ်နေကြောင်း သတင်းသိရသည်။ ယမန်နေ့ နိုဝင်ဘာလ ၂၆ ရက် နံနက်ပိုင်း သီပေါမြို့နယ် ကုန်းသာရွာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည့် စစ်ကောင်စီ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSAတို့၏ တိုက်ပွဲကြောင့် အနီးပတ်ဝန်း ကျင်မှ...
သီပေါမြို့နယ် သျှမ်းနှစ်သစ်ကောက်သစ်ဆွမ်းလှူဒါန်းရန် ပြင်ဆင်ချိန် စစ်ကောင်စီမှ SSPPကို ထိုးစစ်ဆင်
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကုန်းသာကျေးရွာတွင် ယနေ့ (နိုဝင်ဘာ ၂၅)ရက် နံနက် ၆နာရီဝန်းကျင် သျှမ်းနှစ်သစ် ကောက်သစ်ဆွမ်းလှူဒါန်းရန် ပြင်ဆင်နေချိန် ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းနေရာကို စစ်ကောင်စီက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သတင်းသိရသည်။ ထိုသျှမ်းနှစ်သစ်ကောက်သစ်ဆွမ်းကပ်လှူဒါန်းရန် လုံခြုံရေး ယူပေနေသည့် SSPP/SSA...
တန့်ယန်း ဆီးချိုရောဂါသည် အမျိုးသမီး ရွာပြင်ထုတ်ခံရ ဆေးကုသရန်ခက်ခဲ
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် ဟိုတာကျေးရွာအုပ်စု ပန်ယာရုံကျေးရွာ ဆီးချိုရောဂါဝေဒနာခံစားနေရသည့် အမျိုးသမီးတစ်ဦး ကို ရွာသူကြီးမှ ရွာပြင်ထွက်နေခိုင်းကာ ဆေးကုသရန် ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ ဆီးချိုဝေဒနာခံစားရသည့် အမျိုးသမီး မနွန်း သည် ၂၅ နှစ်သာရှိပြီး ယခုနှစ်စပိုင်းမှစပြီး ဆီချိုရောဂါ စတင်ဖြစ်ပွားကာ ဆေးပုံမှန်မကုသရသဖြင့် ဇွန်လပိုင်းတွင် ခြေချောင်းများ...





