Friday, February 13, 2026

CATEGORY

လူ့အခွင့်အရေး

လားရှိုးမြို့ပေါ် ဘုန်းကြီးကျောင်းများတွင် စစ်ဘေးရှောင် ၃၀၀၀ ကျော်ထိ တိုးလာ

သျှမ်းပြည် လားရှိုးမြို့နယ်တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့၏ “စစ်ဆင်ရေး-၁၀၂၇”ကြောင့် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၃၀၀၀ ကျော်အထိ တိုးလာသည်ဟု စုံစမ်းသိရသည်။ လားရှိုးမြို့နယ်၌ ယမန်နေ့ (အောက်တိုဘာ ၂၇ ရက်) ညပိုင်းတွင် တိုက်ပွဲ ပြန်လည်ဖြစ်ပွားမှုကြောင့် လားရှိုးမြို့ပေါ်နှင့် ကျေးရွာဘုန်းကြီးကျောင်းများတွင် စစ်ဘေးရှောင် ၃၀၀၀...

လားရှိုးတွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင်ပြည်သူ ၆၀၀ နီးပါး ရှိလာ

သျှမ်းပြည် လားရှိုးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် အရေအတွက်မှာ ၆၀၀ နီးပါး ရှိလာပြီဖြစ်ကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့နယ်၌ ယနေ့ (အောက်တိုဘာ ၂၇ ရက်) နံနက် ၄ နာရီအချိန်ခန့်တွင် စတင်ဖြစ်ပွားသည့် တိုက်ပွဲကြောင့် လားရှိုးမြို့...

လားရှိုးမြို့အနီး စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးဆက်တိုက်ကြဲနေ

လားရှိုးမြို့အနီး ယနေ့(အောက်တိုဘာ ၂၇ ရက်) နံနက်ပိုင်းတွင် တစ်ကြိမ် ညနေပိုင်း ၄ နာရီတွင်တစ်ကြိမ် စစ်ကောင်စီသည် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့အနီး ယနေ့ နံနက် ၄နာရီမှ စတင်ပြီး စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် (၃)ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားကာ စစ်ကောင်စီဘက်မှ အထိနာသဖြင့်...

တိုက်ပွဲကြောင့် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပိတ်

မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း တလျှောက်ကို ယနေ့ (အောက်တိုဘာ ၂၇ ရက်) တွင် ယာယီပိတ်ပင်လိုက်ကြောင်း သတင်းရရှိသည်။ ယနေ့ (အောက်တိုဘာ ၂၇ ရက်) နံနက် ၄ နာရီအချိန်မှ စပြီး မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေး အချက်အခြာကျသော သျှမ်းမြောက် လားရှိုး၊ ချင်းရွှေဟော်၊ မူဆယ်နှင့်...

ကျောက်မဲ တိုက်ပွဲကြောင့် စစ်ဘေးရှောင် ၃၀၀ နီးပါး တိမ်းရှောင်နေရ

သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်၊ နောင်ပစ်ကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် စစ်ဘေးရှောင် ၃၀၀နီးပါး တိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ “စစ်ဘေးရှောင် အရေအတွက်က မနေ့က ညနေအထိ ၁၂၀ ဝန်းကျင်ရှိတယ်။ ဒီနေ့ ထပ်တိုးတာနဲ့ဆိုရင် ၁၆၀ လောက် ရှိတယ်။...

နမ့်ဖတ်ကာတွင် လက်နက်ကြီးကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၂ ဦးသေဆုံး၊ ၅ ဦးပြင်းထန် ဒဏ်ရာရ

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ရပ်ကွက် ၄ အတွင်းရှိ လူနေအိမ်ပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲ မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၂ ဦးသေဆုံးပြီး၊ ၅ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။ ယနေ့ (အောက်တိုဘာလ ၂၇ ရက်) နံနက်...

နမ့်ခမ်းမြို့ တိုက်ပွဲကြား မိသားစုဝင် မောင်နှစ်မ ၂ ဦး သေဆုံး၊ ၁ ဦးထိခိုက်ဒဏ်ရာရ

မြန်မာ-တရုတ်နယ်စပ်ဒေသ နမ့်ခမ်းမြို့တွင် တိုက်ပွဲကြားထဲ မိသားစုဝင် မောင်နှစ်မ ၂ ဦး သေဆုံးပြီး ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ယနေ့ (အောက်တိုဘာလ ၂၇) ရက် နံနက်အစောပိုင်း အချိန်တွင် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ စစ်ကောင်စီ စခန်း (၁)...

ချင်းရွှေဟော်မြို့ ပြည်သူ တမြို့လုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရ

သျှမ်းပြည် လောက်ကိုင်မြို့နယ် ချင်းရွှေဟော်မြို့တွင် ယနေ့ (အောက်တိုဘာလ ၂၇) ရက် နံနက် ၄ နာရီ အချိန်မှစပြီး စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား တိုက်ပွဲခဲ့ရာ တမြို့လုံးနီးပါး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းသိရသည်။ “ တမြို့လုံးကတော့ ထွက်ပြေးနေပြီ၊ ချင်းရွှေဟော်မြို့ကို ကိုးကန့်တပ်က...

လားရှိုးတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး ထိမှန်သေဆုံး၊ တစ်ဦး ဒဏ်ရာရ

သျှမ်းပြည် လားရှိုးမြို့နယ် ဟိုနမ့်ကျေးရွာတွင် စစ်ကောင်စီမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် အမျိုးသမီး တစ်ဦး ထိမှန်သေဆုံးပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၂၅ ရက်) ညအချိန် ၁၁ နာရီခွဲခန့်က ဟိုနမ့်ရွာတွင် ကိုးကန့်တပ်ဖွဲ့ MNDAA စခန်းချသည်ဆိုကာ ကျေးရွာဘက်သို့ စစ်ကောင်စီတပ်မှ...

မိုးဗြဲမြို့တွင် သုံးရက်အတွင်း မြေမြုပ်မိုင်း အလုံး ၃၀ ကိုရှင်းလင်းရမိ

သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ်ဒေသ မိုးဗြဲမြို့တွင် သုံးရက်သာ ကာလအတွင်း မြေမြုပ်မိုင်း အလုံး ၃၀ ကို ရှင်းလင်းရမိကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MPDF ထံမှ သိရသည်။ အောက်တိုဘာလ ၂၃ မှ ၂၅ ရက်အထိ သုံးရက်သာ ကာလအတွင်း မိုးဗြဲမြို့ပေါ် စစ်ကောင်စီတပ်စွဲထားသော နေရာအနီးတွင် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်ရင်း...

Latest news