Friday, February 13, 2026

CATEGORY

လူ့အခွင့်အရေး

မိုင်းရယ် ဆိုင်ရှင်များထံ အမည်မသိလက်နက်ကိုင်တပ်ဖွဲ့မှ ကျည်ဆံတစ်ထောင်ဖြင့် ဆက်ကြေးတောင်းနေ

သျှမ်းပြည် မိုင်းရယ်မြို့တွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တစ်စုမှ ပြည်သူများဖွင့်လှစ်ထားသည့် ဆိုင်များထံ ဆက်ကြေးကို ခြိမ်းခြောက် ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မိုင်းရယ်မြို့တွင် ပြီးခဲ့သည့် အောက်တိုလာလ ၂၆ရက်၌ အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က ဆိုင်များထံ ဆက်ကြေး ကျပ်သိန်း (၅၀)ပေးရန် အတွက် စာရွက်တွင် Kpay ဖုန်းနံပါတ်ရေးသားပြီး ကျည်ဆံတစ်ထောင့်ဖြင့် ခြိမ်းခြောက်စာလာရောက်ပို့ကြောင့်...

လောက်ကိုင်မြို့ ညမထွက်ရအမိန့်ထုတ်ပြီးနောက် ရိက္ခာအလုအယက်ဝယ် ဆန်စျေးတက်

သျှမ်းပြည် လောက်ကိုင်မြို့နယ်အတွင်း ယနေ့ (အောက်တိုဘာလ ၂၉ ) ရက်မှစပြီး အခြေအနေများ ရှုပ်ထွေးမှုကြောင့်ဆိုကာ ညအမိန့်ထုတ်ပြန်လိုက်ကြောင်း သတင်းသိရှိရသည်။ မြန်မာစံတော်ချိန် ည ၁၀ နာရီမှ နံနက် ၄ နာရီခွဲအချိန်ထိ ညမထွက်ရအချိန်အဖြစ် သတ်မှတ်ထားပြီး လိုက်နာခြင်း မရှိပါက ဉပဒေနှင့်အညီ အရေးဆောင်ရွက်သွားမည်ဟု ကိုးကန့်...

သိန္နီမြို့ စစ်ဘေးရှောင်ဉီးရေ ၃၀၀၀ ကျော်အတွက် စားနပ်ရိက္ခာနှင့် သောက်သုံးရေ အရေးပေါ် လိုအပ်နေ

သျှမ်းပြည် သိန္နီမြို့နယ်ရှိ စစ်ဘေးရှောင်ဦးရေ ၃၀၀၀ ကျော်အတွက် စားနပ်ရိက္ခာနှင့် သောက်သုံးရေများ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာ ၂၇ ရက် မှ စတင်ဖြစ်ပွားသော ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့၏ “စစ်ဆင်ရေး-၁၀၂၇”ကြောင့် သိန္နီမြို့နယ်အတွင်း စစ်ဘေးရှောင်ဦးရေ ၃၀၀၀ ကျော်ရှိလာပြီး ၎င်းတို့မှာ...

နောင်ချို စစ်ကောင်စီတပ် ခမရ-၁၁၄ မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေ

သျှမ်းပြည် နောင်ချိုမြို့အနီး ကျောက်ကြမ်းရွာရှိ စစ်ကောင်စီတပ် ခမရ-၁၁၄ မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၂၉ ရက်) နံနက် ၄ နာရီအချိန်ခန့်မှ စတင်ပြီး နောင်ချိုမြို့အနီး ကျောက်ကြမ်းကျေးရွာရှိ စစ်ကောင်စီတပ်ကို TNLA တပ်ဖွဲ့နှင့် မန္တလေး-PDF တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ...

သိန္နီမြို့ပေါ် တိုက်ပွဲပြင်းထန်၊ ပြည်သူထိခိုက်သေဆုံးမှုရှိ

သျှမ်းပြည် သိန္နီမြို့ပေါ်ရှိ ပြည်သူနေထိုင်ရာ ရပ်ကွက်များတွင် ညီ‌နောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန် တိုက်ပွဲပြင်းထန်နေပြီး ပြည်သူထိခိုက်သေဆုံးမှုရှိကြောင်း စုံစမ်းသိရသည်။ သိန္နီမြို့နယ်အတွင်း ယမန်နေ့ (အောက်တိုဘာ ၂၈ ရက်) ညပိုင်းမှ စ၍ ယနေ့ (အောက်တိုဘာ ၂၉ ရက်) နံနက်ပိုင်းအထိ မြောက်ပိုင်းမဟာမိတ်...

နောင်ချိုမြို့အနီး ကျောက်ကြမ်းရွာရှိ စစ်ကောင်စီတပ်ကို TNLA နှင့် မန္တလေး-PDF ပူးပေါင်းတိုက်ခိုက်၊ တိုက်ပွဲပြင်းထန်နေ

သျှမ်းပြည် နောင်ချိုမြို့အနီး ကျောက်ကြမ်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့၊ မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၂၉ ရက်) နံနက် ၄ အချိန်ခန့်မှ စတင်ပြီး နောင်ချိုမြို့အနီး ကျောက်ကြမ်းကျေးရွာရှိ စစ်ကောင်စီတပ်ကို TNLA တပ်ဖွဲ့နှင့် မန္တလေး-PDF တပ်ဖွဲ့တို့က...

ကိုးကန့် စစ်ဘေးရှောင် ၅၀၀၀ ကျော်ကို ကူညီပေးထားဟု ” ဝ” တပ်ဖွဲ့မှ ဆို

သျှမ်းမြောက် ညီနောင်မဟာမိတ်သုံးဖော် နှင့် အာဏာသိမ်း စစ်ကောင်စီ တို့ တိုက်ပွဲများကြောင့် စစ်ဘေးရှောင် နေကြရသည့် ကိုးကန့်ဒေသမှ ပြည်သူ ၅၀၀၀ ကျော်ကို ကူညီထားပေးကြောင်း "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရန်း ၏ ပြောကြားချက်အရ သိရသည်။ အောက်တိုဘာလ ၂၇ရက်တွင် ချင်းရွှေဟော်မြို့ကို ကိုးကန့်တပ်ဖွဲ့...

ချင်းရွှေဟော်တွင် အရပ်သား တစ်ထောင်ကျော်ပိတ်မိနေ၊ မိသားစုဝင်များ စိုးရိမ်နေ

သျှမ်းပြည် မြောက်ပိုင်း ချင်းရွှေဟော်မြို့ တွင် စစ်ကောင်စီ နှင့် ကိုးကန့်တပ်ဖွဲ့တို့သည် ယမန်နေ့ (အောက်တိုဘာ ၂၇) ရက်မှ စတင်ပြီး တိုက်ပွဲ ပြင်းထန်ခဲ့ရာ ပြည်သူ တစ်ထောင်ကျော် ပိတ်မိနေကြောင်း စုံစမ်းသိရသည်။ အဆိုပါ ပိတ်မိနေသည့် ပြည်သူ တစ်ထောင်ကျော်သည် ချင်းရွှေဟော် ကယ်ဆယ်ရေးစခန်းတွင် ရှိနေသော်လည်း...

နမ္မတူ မြို့နယ်အတွင်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ အရပ်သား (၃)ဦးထိမှန်

သျှမ်းပြည် နမ္မတူမြို့နယ် ရွာသစ်ပါင်ဆာကျေးရွာအတွင်းသို့ ယနေ့ (အောက်တိုဘာ ၂၈)ရက် မွန်းလွဲ ၁နာရီတွင် စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာ ဖြင့် ဗုံး (၃)လုံးလာရောက်ကြဲကာ အမျိုးသား ၂ဦး၊ အမျိုသမီး (၁)ဦး ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (အောက်တိုဘာ ၂၈)ရက် မွန်းလွဲ၁နာရီတွင် စစ်ကောင်စီဘက်မှ...

လားရှိုး စစ်ကောင်စီတပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူနေအိမ် ၄ လုံး ထိခိုက်ပျက်စီး

သျှမ်းပြည် လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် မိုင်းတင်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ် ၄ အိမ် ထိခိုက်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၂၇ ရက်) ည ၇ နာရီခန့်တွင် စစ်ကောင်စီတပ် ခလရ-၆၈ မှ ၁၂၀ မမ (120 mm)အရွယ်ရှိ...

Latest news