တောင်ကြီးတွင် မီးဖိုချောင်သုံး ဂက်စ်များ ဝယ်ယူရန် ခက်ခဲ
SHAN -
သျှမ်းပြည် တောင်ကြီးမြို့ လျှပ်စစ်မီးမရရှိသဖြင့် နေအိမ်များ၊စားသောက်ဆိုင်များမှ မီးဖိုချောင်သုံးဂတ်စ်များကို အစားထိုးအသုံးပြုလာပြီးနောက် ဂက်စ်အိုးများ ဝယ်ယူရန် ခက်ခဲလာကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။ သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြိုတွင် တန်ဆောင်ပွဲကျင်းပနေသည့် အချိန်ကာလမှ စတင်ကာ အသိပေး ကြေငြာခြင်းမရှိဘဲ ရပ်ကွက်အလိုက် လျှပ်စစ်မီးများကို အလှည့်ကျပေးနေသဖြင့် တစ်နေ့လျှင် ငါးနာရီခြား နှစ်ကြိမ်ခန့်သာ...
တန့်ယန်းမြို့အဝင် စစ်ဆေးရေးဂိတ်က ဘီးလိမ့်ခွန် သောင်းနဲ့ချီပေးဆောင်ရလို့ ကားသမားများ အခက်တွေ့
သျှမ်းပြည် လားရှိုးခရိုင်၊ တန့်ယန်းမြို့အဝင် စစ်ကောင်စီ စစ်သားများ စောင့်သည့် စစ်ဆေးရေးဂိတ်တွင် ဘီးလိမ့်ခွန်၊ အခွန်များကို သောင်းနဲ့ချီ ကောက်ခံတောင်းယူမှုကြောင့် ကားသမားများ အခက်တွေ့ နေရကြောင်း စုံစမ်းသိရသည်။ တန့်ယန်းမြို့အဝင် အမှတ် (၅၂၃) ခြေမြန်တပ်ရင်း အနီးရှိ စစ်ဆေးရေးဂိတ်၌ ကားသမားများကို စစ်ဆေး မေးမြန်းမှု တင်းကြပ်သည့်...
ပင်လောင်း ပြည်သူနှင့် စစ်ရှောင်များ ရေရှားပါးသည့်ဒဏ်စတင်ကြုံနေရ
ပင်လောင်းမြို့တွင်းနေထိုင်သည့် စစ်ရှောင်နှင့် ပြည်သူများသည် ယခုလမှ စတင်ကာ ရေရှားပါးသည့် ဒဏ်ကို ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ယခု ဆောင်းဝင်စချိန်မှ စပြီး ပင်လောင်းမြို့ ဒေသခံများနှင့် စစ်ဘေးရှောင်များ ရေရှားပါးမှု ပြဿနာများကို စတင်ကြုံတွေ့လာရပြီး ယခင်မိုးရာသီအတွင်း သိုလှောင်ထားသည့် ရေများကိုသာ အသုံးပြုနေရကြောင်း ပင်လောင်းဒေသခံ တစ်ဦး က...
နမ့်ခမ်း စစ်ကောင်စီလေကြောင်းဗုံးကြဲ ကလေး ၂ ဦး အပါအဝင် ၅ ဦး ထိမှန်သေဆုံး
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲမှုကြောင့် ကလေး ၂ ဦး အပါအဝင်အရပ်သား ၅ ဦးထိမှန်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၇ ရက်) နံနက် ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြု၍ နမ့်ခမ်းမြို့နယ် ကောင်းကတ်ကျေးရွာအုပ်စု၊ ဟိုနားကျေးရွာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး...
သျှမ်းမြောက်တိုက်ပွဲကြား ပြည်သူ အရေးပေါ် ကူညီမှုမရသဖြင့် မလိုအပ်ဘဲ သေဆုံးရ
သျှမ်းမြောက်ဒေသ တိုက်ပွဲအတွင်း ပိတ်မိနေကြသည့် ပြည်သူများသည် အရေးပေါ် ကူညီမှုမရသဖြင့် မလိုအပ်ဘဲ သေဆုံးနေရကြောင်း ဒေသအတွင်း လူမှုကူညီရေးအသင်းများထံမှ စုံစမ်း သိရသည်။ အောက်တိုဘာလ ၂၇ ရက်မှ စတင်သည့် “ ၁၀၂၇ စစ်ဆင်ရေး “ တိုက်ပွဲကြောင့် လမ်းကြောင်းပိတ်ဆို့ခြင်း၊ လွတ်လပ်စွာဖြတ်သန်းသွားခွင့် မရခြင်း၊ တိုက်ပွဲဖြစ်ပွားခြင်း...
မူဆယ်-မန္တလေး ကားခ ၃သိန်းခွဲ အထက်ရှိ
သျှမ်းပြည်တွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် မူဆယ်မြို့ မှ မန္တလေးမြို့ကို ကားခ ၃ သိန်းခွဲအထက်ပေးပြီး သွားနေရကြောင်းစုံစမ်းသိရသည်။ သျှမ်းပြည်တွင် "၁၀၂၇ စစ်ဆင်ရေး" စစ်ကောစီနှင့် ညီနောင်မဟာမိတ်တို့၏ တိုက်ပွဲများကြောင့် လမ်းပန်း ဆက်သွယ်ရေးများ၊တံတားများပျက်စီးမှုကြောင့် ပြည်သူများခရီးသွားလာမှု အတွက် အခက် အခဲများ ကြုံတွေနေရကြောင်း ဒေသခံပြည်သူများက သျှမ်းသံတောင်ဆင့်ကို...
နမ့်ဖက်ကာတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေး ၁ ဦး အပါအဝင် ၂ ဦး ထိခိုက်ဒဏ်ရာရ
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကျေးရွာအုပ်စုတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေး ၁ ဦး အပါအဝင် ၂ ဦးထိခိုက်ဒဏ်ရာ ရရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာ ၆ ရက်) မွန်းလွဲ ၁ နာရီကျော်တွင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအုပ်စု မန်မိုင်ရွာတွင် စစ်ကောင်စီမှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကြောင့်...
သျှမ်း-မန္တလေးနယ်စပ် မိုင်းလုံမြို့ လေယာဉ်ဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦးသေ၊ အရပ်သား ၁၀ ဦးဒဏ်ရာရ
သျှမ်းပြည် ကျောက်မဲမြို့နယ် မိုင်းလုံမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး အရပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၅ ရက်) နံနက် ၉ နာရီအချိန်ခန့်က သျှမ်း-မန္တလေးနယ်စပ်ရှိ မိုင်းလုံမြို့တွင် စစ်ကောင်စီတပ်မှ...
လောက်ကိုင်မှ ပြန်လာသည့် လူငယ် ၇ ဦးကို ကိုးကန့်တပ်ဖွဲ့ MNDAA က စစ်မှုထမ်းရန် ဖမ်းဆီးသွား
သျှမ်းပြည် လောက်ကိုင်မြို့မှ လားရှိုးမြို့သို့ နေရပ်ပြန်လာသည့် လူငယ် ၇ ဦးကို ကိုးကန့်တပ်ဖွဲ့ MNDAA က စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၄ ရက်တွင် လောက်ကိုင်မြို့မှ နေရပ်ပြန်ရန် ထွက်ခွာလာသည့် လူငယ် ၇ ဦးသည် ချင်းရွှေဟော်မြို့သို့ မရောက်မီတွင်...
ပန်ဆိုင်းမြို့နယ်အတွင်း လူမနေ၊ စာရင်းမပေးသည့် အိမ်များကို ချိတ်ပိတ် သိမ်းမည်ဟု MNDAA ပြော
သျှမ်းပြည် မူဆယ်ခရိုင် ပန်ဆိုင်းမြို့တွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင် ကိုးကန့်တပ်ဖွဲ့ (MNDAA)တို့ တိုက်ပွဲဖြစ်ပြီး ပြည်သူများ နေရပ်မှ စွန့်ခွာခဲ့ရာ လက်ရှိ လူမနေတော့သည့် နေအိမ်များကို ချိတ်ပိတ်သိမ်းသွားမည်ဟု MNDAA က ကြေညာလိုက်ကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်းအတွင်း ပန်ဆိုင်းမြို့အတွင်း MNDAAထံ သန်းခေါင်စာရင်းလာမပေးသူ၊ နေအိမ်တွင် ပြန်မလာနေသူများကို...





