ကွတ်ခိုင် လက်နက်ကြီးကြောင့် အရပ်သား ၁ ဦး သေဆုံး၊ကလေးမိခင် အပါအဝင် ၂ ဦး ဒဏ်ရာရ

သျှမ်းပြည် ကွတ်ခိုင်မြို့တွင် စစ်ကောင်စီလက်နက်ကြီးကြောင့် အရပ်သား ၁ ဦး သေဆုံးခဲ့ပြီး ကလေးမိခင် အပါအဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ဒီဇင်ဘာလ ၂၁ ရက် နေ့လယ် ၁ နာရီခွဲခန့်က ကွတ်ခိုင်မြို့နယ် လွယ်ပယ်ကျေးရွာသို့ စစ်ကောင်စီလက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် အသက် ၂၅ နှစ်အရွယ် အိုက်လူ သည် နဖူးနှင့်ပေါင် ထိမှန်ဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကာ ရင်ခွင်ပိုက် ကလေးမိခင် လွေးအိုဆွေမှာ ဒူးခေါင်းထိမှန်ဒဏ်ရာဖြင့် ကွတ်ခိုင်ဆေးရုံတွင် ကုသနေကြောင်း ဒေသခံများက ပြောသည်။

Photo- Credit ( လက်နက်ကြီးထိမှန်သည့် အမျိုးသမီး)

“ လွယ်ပယ်ရွာမှာ နေ့လယ်ပိုင်း လက်နက်ကြီးကျလို့ တစ်ယောက်ဆုံးသွားပြီ။ ဆုံးသွားတာက ယောကျ်ားလေး ပွဲချင်းပြီးလို့ ပြောတယ်။ ဆေးရုံမှာတော့ အမျိုးသမီး။ ကလေးငယ်နဲ့ နို့စို့ကလေး ပါတယ်။ ရင်ခွင်ပိုက် ကလေးတော့ မထိဘူး၊ သူ့အမေပဲ ထိတာ။ မန်ထန်က တစ်ယောက်ကတော့ မြေမြှုပ်မိုင်း နင်းမိလို့ ခြေထောက် ပြတ်သွားတယ်”ဟု ကွတ်ခိုင်မြို့မှ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၂၂ ရက်) နံနက် ၁၀ နာရီခန့်က ကွတ်ခိုင်မြို့နယ် မန်ထန်‌ကျေးရွာမှ အသက် ၃၀ နှစ်ခန့်ရှိ စိုင်းယီ သည် မြေမြှုပ်မိုင်းနင်းမိ၍ ခြေထောက်ပြတ်သွားခဲ့သည်ဟု ကွတ်ခိုင်မြို့မှ ၎င်းဒေသခံအမျိုးသမီးက ဆက်ပြောသည်။

ကွတ်ခိုင်မြို့နယ်တွင် ဒီဇင်ဘာလ ဒုတိယပတ်မှစ၍ စစ်ကောင်စီ နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ နှစ်ဘက်ထိတွေ့တိုက်ပွဲ ပြင်းထန်လာခြင်းကြောင့် ကွတ်ခိုင်မြို့ပေါ် ရပ်ကွက် ၅ ခုနှင့် အနီးအနားကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပြီး တိုက်ပွဲထပ်မံ ပြင်းထန်လာမည်ကို စိုးရိမ်နေကြောင်း ကွတ်ခိုင်ဒေသခံများထံမှ သိရသည်။

“စစ်ရေးကတော့ တင်းမာနေဆဲ။ စစ်ရေးစစ်ရာကတော့ မကြာမီ စတော့မယ် ထင်ပါတယ်။ အလွန်ဆုံး ၂ ရက် ၃ ရက်ပေါ့နော်။ ပြည်သူတွေကတော့ အရွှေ့အပြောင်းတွေ ရှိနေတယ်။ ကွတ်ခိုင်မြို့နား တစ်ဝိုက်မှာ ရှိတဲ့ ရွာတွေပေါ့။ အရှေ့ဘက်အခြမ်းကို ကပ်နေတဲ့ ရွာတွေ ၁၀ ရွာလောက် ရှိမယ်။ မြို့ပေါ်ကလည်း ၅ ရပ်ကွက်လောက် ပြောင်းခိုင်းထားတယ်ပြောတယ်။ လုံခြုံစိတ်ချရတဲ့နေရာတွေ ပြောင်းကုန်ကြပြီ”ဟု ကွတ်ခိုင်မြို့မှ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး” နှစ်လနီးပါးကာလအတွင်း ကွတ်ခိုင်မြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီး နှင့် လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၆ ဦးနှင့် ကလေး ၅ ဦး အပါအဝင် စုစုပေါင်း ၁၆ ဦး သေဆုံးပြီး ၃၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကွတ်ခိုင်ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...