တိုက်ပွဲကြောင့် ဆီဆိုင်-ဆိုက်ခေါင် လမ်းတကြောရှိ ကျေးရွာများ ဆက်လက်ထွက်ပြေးနေ
သျှမ်းပြည် ဆီဆိုင်မြို့အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ဆီဆိုင်-ဆိုက်ခေါင် လမ်းကြောတလျောက်ရှိ ကျေးရွာများမှ ပြည်သူများသည် ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) နံနက်အစောပိုင်းမှစ၍ ဆက်လက် ထွက်ပြေးတိမ်း ရှောင်နေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) နံနက်အစောပိုင်းမှစပြီး ဆီဆိုင်မြို့ပေါ် တိုက်ပွဲကြောင့် ကောင်းမှုဗွာရွာ၊ နမ့်သြရွာ၊...
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ် တို့မှ ပွဲစားဖြင့် နိုင်ငံကူး လက်မှတ်၊ စာအုပ်အနီ လုပ်သူများ၏ မှတ်ပုံတင် နှင့် စာရွက် စာတမ်းများ စွန့်ပစ်ခံရကြောင်း စုံစမ်းသိရသည်။ တရုတ်နိုင်ငံကူး ယာယီလက်မှတ် စာအုပ်နီကို ပွဲစားဖြင့် လုပ်ဆောင်နေကြသည့် မူဆယ်မြို့၊ နမ့်ခမ်းမြို့တို့မှ ဒေသခံများ...
“၁၀၂၇ စစ်ဆင်ရေး” ကာလ ခိုးယူခံရသည့် ပစ္စည်းများ ပြန်လည်ပေးပို့ရန် TNLA အသိပေး ထုတ်ပြန်
သျှမ်းပြည် အခြေစိုက် လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုဖြစ်သည့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း ခိုးယူခံရသည့် ပစ္စည်းများ ပြန်လည်ပေးပို့ရန် အသိပေး ထုတ်ပြန်လာခဲ့သည်။ ဇန်နဝါရီလ (၂၃) ရက်စွဲဖြင့် PSLF/TNLA မှ...
ဆီဆိုင်မြို့ကို PNLOနှင့် KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ စတင်ဝင်တိုက်
သျှမ်းပြည် ဆီဆိုင်မြို့ရှိ လမ်းမပေါ်ရှိ စစ်ကောင်စီဂိတ်များကို ပအိုဝ်းအမျိုးသားများ လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)နှင့် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ စတင်ထိုးစစ်ဆင် တိုက်ခိုက်၍ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေကြောင်း ဆီဆိုင်ဒေသခံများပြောပြချက်အရသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၄ ရက်) နံနက်အစောပိုင်းအချိန်မှစ၍ ဆီဆိုင်မြို့၏ တောင်ဘက် (၃) မိုင်ခန့်ဝေးသော...
ကိုးကန့်တပ်ဖွဲ့က လက်နက်ခဲယမ်းထိန်းချုပ်မှုနှင့် မြေယာငှားရမ်းရောင်းဝယ်မှု စည်းကမ်းချက်ထုတ်ပြန်
သျှမ်းပြည် အထူးဒေသ(၁)တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က လက်နက်ခဲယမ်း ထိန်းချုပ်မှုနှင့် မြေယာငှားရမ်းရောင်းဝယ်မှုတို့နှင့် ပတ်သက်ပြီး စည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန်လာသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA က သျှမ်းပြည် အထူးဒေသ(၁)အဖြစ် သတ်မှတ်ထားသည့် လွတ်မြောက်ဒေသများတွင် ပုဂ္ဂလိကပိုင် လက်နက်ကိုင်ဆောင်မှုနှင့် ရောင်းဝယ်မှုများကို ဥပဒေနှင့်အညီ တားမြစ်ကြောင်း အထူးဒေသ(၁) စစ်ရေးအုပ်ချုပ်မှုကော်မတီမှ...
ပင်လောင်းမြို့နယ် ဆောင်းပြောင်းဂိတ် စစ်ကောင်စီ ငွေအမြောက်အမြား ကောက်နေ
ပင်လောင်းမြို့နယ် ဆောင်းပြောင်းဂိတ်တွင် စစ်ကောင်စီက စစ်ဆေးရေး တင်းကြပ်နေပြီး ငွေကြေး အမြောက်အမြားတောင်းခံနေကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်သည် ဖြတ်သန်းသွားလာသော ပြည်သူများကို ယခုဇန်နဝါရီလ နောက်ဆုံးပတ်အတွင်းတွင် စစ်ဆေးမှုများ တင်ကြပ်နေပြီး၊ ငွေကြေးကောက်ခံ မှုများလည်း ပြုလုပ်နေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ဆောင်းပြောင်းဂိတ်က စစ်ကောင်စီတွေကိုလည်း ပေးရတာပဲ။ လွိုင်ကော်ထိ...
သီပေါမြို့နယ် အရပ်သား ၂ဦး မြေမြုပ်မိုင်း ထပ်မံနင်းမိ
သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် တုံစင့်ကျေးရွာနှင့် ကုံးစုံရွာကြားရှိ တောလမ်းတစ်ခုတွင် ယမန်နေ့ ( ဇန်နဝါရီ ၂၃)ရက် တွင် အရပ်သား ၂ဦး မြေမြုပ်မိုင်းနင်းမိခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ မြေမြုပ်မိုင်းနင်းမိသည့် အရပ်သား ၂ဦးသည် အမျိုးသား တစ်ဦး နှင့် အမျိုးသမီး တစ်ဦးဖြစ်သည်။ “အမျိုးသားတစ်ယောက်တော့ ခြေပြတ်သွားတယ်။...
လားရှိုး စစ်ကောင်စီတပ်က ညီနောင်မဟာမိတ် ထိန်းချုပ်နယ်မြေများသို့ ရိက္ခာနှင့်ဆေးဝါး ဖြတ်တောက်နေ
သျှမ်းပြည် လားရှိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်မှ ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် မြို့နယ်များသို့ ရိက္ခာနှင့်ဆေးဝါးများ မရောက်နိုင်ရန် လမ်းကြောင်းဖြတ်တောက်နေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ တတိယပတ်မှ စတင်ပြီး လားရှိုးမြို့ရှိ စစ်ကောင်စီတပ်သည် ညီနောင်မဟာမိတ်တပ်များ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့နယ်များအတွင်း ဖြတ်သန်းပြေးဆွဲနေသော ခရီးသည်တင်ယာဉ်များကို တင်းတင်းကျပ်ကျပ် စစ်ဆေးလာပြီး သွားလာနေသည့်လမ်းကြောင်းများကို လိုက်လံပိတ်ပင်ခြင်းနှင့် မိုင်းထောင်ခြင်းများ...
မိုးမိတ်မြို့စစ်ရှောင်များထံ စစ်ကောင်စီပစ္စည်းလုယက်နေ
သျှမ်းပြည် မိုးမိတ်မြို့တွင်း တိုက်ပွဲကြောင့် ဒေသခံများ စစ်ရှောင်လာစဥ် စစ်ကောင်စီ တပ်သားများက ပစ္စည်းလုယက်မှု ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဇန်နဝါရီလ ၁၈ ရက် နှင့် ၁၉ ရက်) နှစ်ရက်အတွင်း မြို့တွင်းတိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်လာစဉ် မြို့ထဲရှိ စစ်ကောင်စီတပ်ဖွဲ့ တပ်မ (၉၉)...
ဆီဆိုင်မြို့နယ် တိုက်ပွဲ မရှိဘဲ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်
သျှမ်းပြည် ဆီဆိုင်မြို့နယ်၊ နောင်ထော်ကျေးရွာအတွင်း တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ အာဏာသိမ်း စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၂) ရက် ညပိုင်း ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီ တပ်ဖွဲ့သည် ဆီဆိုင်မြို့နယ် နောင်ထော်ကျေးရွာအတွင်း စစ်လေယာဥ်ဖြင့်...






