သီပေါဒေသခံတစ်ဦး မြေမြှုပ်မိုင်းနင်းမိ ညာခြေထောက်ပြတ် ဒဏ်ရာရ၊ အကူအညီလိုအပ်နေ
သျှမ်းပြည် သီပေါမြို့နယ်တွင် ဒေသခံတစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး ညာခြေထောက်ပြတ် ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၂ ရက်) နေ့လယ် ၁၂ နာရီခန့်တွင် သီပေါမြို့ ပန်းတိမ်တောင်ရပ်ကွက်မှ အသက်(၅၀)နှစ် ဝန်းကျင် ရှိ ဦးသန်းဝင်းဆိုသူသည် အလုပ်သွားလုပ်ရန် တုံစင့်ကျေးရွာနှင့် ကုံးစုံကျေးရွာအကြားတွင် ရောက်ရှိစဉ်...
နေ့စားအလုပ်ရှားပါးလာမှုကြောင့် ပင်လောင်းစစ်ရှောင်များ ရိက္ခာပြတ်လပ်မှုကြုံရနိုင်
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ စစ်ရှောင်များသည် လက်ရှိမှာ အလှူရှင်မရှိသကဲ့သို့ နေ့စားအလုပ်လည်း ရှားပါးလာသည့်အတွဥ် ရိက္ခာပြတ်လပ်မှု ကြုံတွေ့လာနိုင်ကြောင်း စစ်ဘေးရှောင်များထံ စုံစမ်းသိရသည်။ သျှမ်းပြည် တောင်ပိုင်း ပင်လောင်းသို့ ရောက်လာသည့် ကရင်နီပြည်မှ စစ်ရှောင်များသည် အလှူရှင်များမရှိသည့်အတွက် ဝမ်းရေးကို နေ့စားဖြစ်သော ပြောင်းချိုး ၊ပန်းရံအလုပ်ဖြင့် ရုန်းကန်နေရပြီး၊ လက်ရှိမှာ အလုပ်အကိုင်ရှားပါးလာမှုကြောင့် မကြာခင် ရိက္ခာပြတ်လပ်မှုဖြစ်လာနိုင်ကြောင်း ပင်လောင်း စစ်ရှောင်များထံမှသိရသည်။ “လာတုန်းကတော့ ဆန်တွေယူလာတယ် ၊ရောက်လာတာ၃လရှိပြီ အလုပ်ကပုံမှန်မရှိတော့ အဆင်မပြေဘူး။ တစ်ခါတစ်လေ ဘုန်းကြီးကျောင်းကပိုလျှံတာတွေ ဘုန်းကြီးက စွန့်ပေးတယ်”ဟု စစ်ရှောင်အမျိုးသားတစ်ဦး က ဆိုသည်။ စစ်ရှောင်အများအပြားသည် ဘုန်းကြီးကျောင်းတွင် နေထိုင်ကြပြီး တစ်ချို့သော ငွေကြေးတတ်နိုင်သူများသည်ရွာထဲမှ မြေကွက်ဝယ်ယူခြင်း၊ ငှားရမ်းခြင်းဖြင့် နေထိုင်နေကြောင်း သိရသည်။ ပင်လောင်းဒေသခံအမျိုးသားတစ်ဦးကလည်း “ လက်နက်ကြီးတွေနဲ့ ရွာထဲကိုပစ်လို့ ထွက်ပြေးရတယ် ညညဆို ဂျက်ဖိုက်တာတွေ ဘာတွေနဲ့ ပစ်လို့ ရွာမှာမနေရဲကြလို့ ထွက်ပြေးလာတာ ဒီမှာလည်း စိုက်ပျိုးစားသောက်လို့လည်း မရတော့ နောက်ဆို အငတ်ပြဿနာတွေနဲ့ ကြုံတွေ့နိုင်တယ်”ဟုဆိုသည်။ စစ်ပြေးရှောင်စခန်းများတွင် လက်ရှိစစ်ရှောင်ဦးရေ ခုနစ်ထောင်ကျော် (၇၀၀၀ကျော်) ရှိပြီး စားနပ်ရိက္ခာများ လိုအပ်နေကြောင်းသိရသည်။ ထို့အပြင် နမ့်ဟူးကျောင်းတိုက် ၊ ထီဗွာရွာ ၊ ကုန်းတုန်ရွာ ၊ စာကရွာ တို့တွင် နေထိုင်သော စစ်ဘေးရှောင်ဦးရေ စုစုပေါင်း (၃)ရာကျော်ရှိကြောင်း သိရသည်။ ပင်လောင်းတောင်ဘက်တိုက်ပွဲတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူများ၏နေအိမ်များနှင့် ဘာသာရေး အဆောက်အအုံများပျက်စီးနေကြောင်းသိရသည်။ အလုပ်သင် သတင်းထောက် နန်းလောဝ်ငင်း ရေးသားသည်။
တိုက်ပွဲကြောင့် ပျက်စီးသွားသည့် မဲနယ်တောင်ဒေသ နေအိမ်များ ကိုယ်ထူ၊ကိုယ်ထ ပြန်ဆောက်ရ
SHAN -
သျှမ်းပြည် တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင် ဒေသတွင် တိုက်ပွဲကြောင့်ပျက်စီးသွားသည့် နေအိမ်များကို ပြည်သူများက ကိုယ်ထူ၊ကိုယ်ထ နည်းစနစ်ဖြင့် ပြန်ဆောက်နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းတွင် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ၌ စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO ) နှင့်...
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် ကောင်းဘိုကျေးရွာအုပ်စုတွင် လက်ဖက်လုပ်ငန်းကို အားကိုး လုပ်ကိုင်နေ သော်လည်း လက်ရှိမှာ လက်ဖက်ဝယ်သူမဲ့ဖြစ်နေကြောင်း စုံစမ်းသိရသည်။ လက်ရှိမှာ ပင်းတယမြို့နယ် ကောင်းဘို့ကျေးရွာအုပ်စုရှိ ကျေးရွာများသည် လက်ဖက်လုပ်ငန်းကိုသာ အဓိက လုပ်ကိုင်နေကြပြီး လက်ဖက်ဝယ်သူမဲ့ဖြစ်ပြီး စျေးနှုန်းပါ ကျဆင်းနေကြောင်း လက်ဖက်လုပ်ကိုင်သူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အရင် နှစ်တွေက ရွာငံနဲ့...
လမ်းပျောက်နေသည့် စစ်ကောင်စီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေး ပြင်ဆင်ပြန်
SHAN -
နိုင်ငံတဝှမ်း စစ်ရှုံးပြီး နိုင်ငံရေးအရ လမ်းပျောက်နေသည့် စစ်ကောင်စီက လာမည့် ၂၀၂၅ ခုနှစ် အတွင်း အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင်ရန် ညွှန်ကြားထားကြောင်း စစ်ကောင်စီ လက်အောက်ခံ နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။ အထွေထွေ ရွေးကောက်ပွဲ အခြေခံ...
ရွာငံ အမျိုးသားတစ်ဦးအား PDF ကိုထောက်ပံ့နေသည့် ဟုဆိုပြီး စစ်ကောင်စီ လာရောက်ဖမ်းဆီး
SHAN -
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ထောက်ပံ့နေသည်ဟုဆိုပြီး စစ်ကောင်စီ၏ တပ်သားများက လာရောက်ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရပါသည်။ သျှမ်းတောင်၊ ရွာငံမြို့နယ် ၊ သိမ်ကုန်းကျေးရွာ တွင်နေထိုင်သည့် အသက် ၄၀ ကျော်အရွယ် ကိုဖိုးသားဆိုသူကို စစ်ကောင်စီတပ်ဖွဲ့များက မေလ ၁၈ ရက်တွင်...
ညောင်ရွှေမြို့နယ် တိုက်ပွဲဆက်လက်ဖြစ်ပွား၊ တစ်ပတ်အတွင်း စစ်ဘေးရှောင် ၁ ထောင်ကျော် ထပ်မံထွက်ပြေးရ
သျှမ်းပြည် ညောင်ရွှေမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေသေးကြောင်း စုံစမ်းသိရသည်။ ညောင်ရွှေမြို့နယ် ညောင်လေးပင်ကျေးရွာ၊ တောင်ပို့ကွဲကျေးရွာနှင့် ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာတွင် ယနေ့အချိန်ထိ နှစ်ဘက်တပ်ဖွဲ့တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ကျေးရွာထဲသို့ ရမ်းသမ်းပစ်ခတ်နေကြောင်း ညောင်ရွှေမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “အခုတိုက်ပွဲတွေဆက်ဖြစ်နေသေးတယ်ဗျ။ ဒီတောင်ပို့ကွဲတို့၊ နန်းတုတ်တို့၊ ညောင်လေးပင်တို့ဘက်မှာ...
ကချင်ပြည်နယ် မိုးမောက်မြို့တွင် စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဈေးနှင့် ပြည်သူနေအိမ် တစ်ရာကျော် မီးလောင်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ မေလ (၇) ရက်မှ စတင်ပြီး ယနေ့ (၂၀) ရက်နေ့အထိ မိုးမောက်မြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ် KIA တို့၏ နှစ်ဘက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲ...
မူဆယ် ရှေ့နေ အမျိုးသမီးနှစ်ဦး ဓားပြတိုက်ခံရ
သျှမ်းပြည် မူဆယ်မြို့တွင် ရှေ့နေ အမျိုးသမီး နှစ်ဦးကို အမျိုးသား ၄ဦးက သေနတ်ဖြင့်ချိန်ပြီး ဓားပြတိုက်သွားကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မူဆယ်မြို့ ယမနေ့ မေလ ၁၈ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင် ဟိုမွန် ၄၅ ကုန်း လမ်းသွယ် ၅ တွင်...
ရွာငံစစ်ဆေးရေးဂိတ်တွင် ရဲများက ပြည်သူများကို ငွေ အဆမတန် ခြိမ်းခြောက်တောင်းနေ
SHAN -
သျှမ်းတောင်၊ ရွာငံမြို့ အထွက် စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီ၏ လက်အောက်ခံ ရဲများက လမ်းသွား ပြည်သူများကို ငွေအဆမတန် ခြိမ်းခြောက် တောင်းနေကြောင်း စုံစမ်းသိရသည်။ ရွာငံမြို့ အထွက် တောင်ကြီး- အောင်ပန်းသွားလမ်းပေါ်ရှိ စစ်ဆေးရေး ဂိတ်တွင် မေလ ၁၇ ရက်၌ စစ်ကောင်စီ၏ လက်အောက်ခံ ရဲတပ်ဖွဲ့...





