Sunday, February 8, 2026

CATEGORY

လူ့အခွင့်အရေး

ဆီဆိုင်မြို့မှ တဆင့် ကရင်နီပြည် လွိုင်ကော်ဘက်သို့ စစ်ကောင်စီ အင်းအားဖြည့်တင်းနေ

စစ်ကောင်စီ စစ်ကြောင်းများသည် သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှတဆင့် ကရင်နီပြည် လွိုင်လင်လေးကျေးရွာဘက်သို့ အလုံးအရင်း စစ်ကြောင်း ထိုးနေကြောင်း ကရင်နီ စစ်ရေးသတင်းရင်းမြစ်များထံ စုံစမ်းသိရသည်။ စစ်ကောင်စီ စစ်ကြောင်းများသည့် မေ ၂၅ ရက် ညနေပိုင်းတွင် ကရင်နီ လွိုင်လင်လေးကျေးရွာသို့ ရောက်ရှိလာပြီး ဒေါတနာကျေးရွာဘက်သို့ ထပ်တိုးလာကြောင်း JOBS For...

ညောင်ရွှေမြို့တွင် အိမ်ခန်းငှားရမ်းခ တိုးမြင့်လာ စစ်ရှောင်များ အခက်အခဲကြုံတွေ့ရ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့သို့ ရောက်ရှိနေသော စစ်ရှောင်များသည် အိမ်ငှားရမ်းခများ တိုးမြင့်လာသဖြင့် အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ထိုညောင်ရွှေသို့ ရောက်ရှိလာသည့် စစ်ရှောင်များသည် ကရင်နီပြည်တွင် ဖြစ်ပွားသည့် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့တိုက်ပွဲကြောင့် တိမ်းရှောင်လာကြသူများဖြစ်ကြသည်။ ညောင်ရွှေမြို့တွင် အိမ်ငှားခ ယခင်ကာလများတွင် တစ်လျှင် ကျပ်ငွေ ၂သိန်းခန့်သာ ပေးဆောင်ခဲ့ရာမှလက်ရှိမှာ...

“ဘယ်နေ့ ငါတို့ အလှည့်ရောက်လာမှာလဲ”

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တို့အကြား တိုက်ပွဲ ၃ လကျော်ကြာခဲ့ပေမယ့် တိုက်ပွဲက လက်ရှိအချိန်ထိ ရှိနေဆဲပါ။ ဒါပေမဲ့ ဆီဆိုင်မြို့ပေါ်မှာတော့ တိုက်ပွဲတွေမရှိတော့ပေမယ့် ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်ကတည်းက PNLA နဲ့ တော်လှန်းရေးအင်အားစုတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဆီဆိုင်မြို့ကို စစ်ကောင်စီက...

သျှမ်းတောင်တိုက်ပွဲ (၄)လအတွင်းအရပ်သားသေဆုံးမှု  (၇၅)ဦးထိရှိလာ

သျှမ်းပြည်တောင်ပိုင်း ဟိုပုံး ၊ ဆီဆိုင် ၊ ပင်လောင်း ၊ ဉောင်ရွှေ မြို့နယ်တွင် (၄) လအတွင်းအရပ်သား သေဆုံးမှုမှာ (၇၅) ဦးထိလာသည်ဟု လူငယ်အစည်းအရုံး (PYO) မှ မေလ ၂၈ရက်တွင် ထုတ်ပြန်ထားသည်။ သျှမ်းတောင်တိုက်ပွဲ အတွင်းတွင် ၁၈နှစ်အောက်(၁၃)ဦးသေဆုံး ပြီး လသားအရွယ်မှ ၁၅နှစ်အသက်အရွယ်ရှိသော ကလေးငယ်( ၁၁)ဦး ရှိကြောင်း သိရသည်။ ‌သေဆုံးသူ စာရင်းတွင် စစ်ရှောင်နေရင်း ပစ်ခတ်ခံရခြင်း ၊ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင် သတ်ဖြတ်ခံရခြင်းနှင့် ကြောက်လန့်ထွက်ပြေးသွားသည့်အတွက် စစ်သားများမှ လိုက်လံပစ်ခတ်ရာမှ သေဆုံးခြင်းတို့ ပါဝင်သည်။ တိုက်ပွဲ(၄)လအတွင်း  ထိခိုက်ဒဏ်ရာရသူ (၁၀၀)ဝန်းကျင်ရှိပြီး  ထိုအထဲမှ (၁၇)ဦးသည် နေရပ်ပြန်ရင်း စစ်အကြွင်းကျန်လက်နက်များထိမှန်ခြင်းဖြစ်ကြောင်း ထိ ထိခိုက်ဒဏ်ရာရသည့်အထဲတွင် ကလေးငယ်(၁၇)ဦးပါကြောင်း သိရသည်။ သျှမ်းတောင်တိုက်ပွဲအတွင်း စစ်ရှောင်ဦးရေ (၆)သောင်းဝန်းကျင်အထိရှိလာပြီး စစ်ရှောင်နေရာမှ နေရပ်သို့ အကြောင်းအမျိုးမျိုးကြောင့် ပြန်လာကြသည့် အရပ်သားများ နည်းအမျိုးမျိုးသတ်ဖြတ်ခံရသည့်အပြင် ဒေသအတွင်း သွားလာခွင့်များ ကန့်သတ်မှုများ ၊ လူသားဒိုင်း အဖြစ်အသုံးပြုခံရပြီး နယ်မြေအနေထားမလုံခြုံမှုများကြုံနေရကြောင်း ဖော်ပြထားသည်။ “အိမ်ပြန်ဖို့ စစ်ကောင်စီနဲ့ PNA တို့ က တောက်လျှောက်ဖိအားပေးတဲ့အပိုင်းရှိတယ် ၊ မြေပြင်တိုက်ပွဲငြိမ်လို့ ပြန်လာနေထိုင်ကြတဲ့ ဒေသခံပြည်သူတွေလည်းရှိတယ်။ နောက်တစ်ခုက စိုက်ပျိုးရာသီရောက် ရှိလာပြီဖြစ်တဲ့ အတွက်ကြောင့် စိုက်ပျိုးရေးလုပ်လို့ရနိုင်လားဆိုတဲ့ မျှော်လင့်ချက်နဲ့နေရပ်ကိုပြန်ကြတာ ဖြစ်တယ် အကြောင်းရင်း အမျိုးမျိုးနဲ့ အိမ်ပြန်ကြတာကို တွေ့ရပါတယ်”ဟု ပအိုဝ်းလူငယ်အစည်းအရုံးတာဝန်ရှိသူတစ်ဦး ကဆိုသည်။ သျှမ်းတောင်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်နှင့်  ပအိုဝ်းပြည်သူစစ် (PNO)ပူးပေါင်းအဖွဲ့နှင့် ပအိုဝ်းအမျိူးသား လွတ်မြောက်ရေးတပ်မတော်(PNLA) တိုက်ပွဲ(၃)ထောင်ကျော် ဖြစ်ခဲ့ပြီးလေကြောင်း အကြိမ် ၄၀၀ကျော် ရှိကြောင်း PYO ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ အလုပ်သင် သတင်းထောက် နန်းလောဝ်ငင်း ရေးသားသည်။

ဟိုပုံးမြို့ရောက် ဆီဆိုင်စစ်ရှောင်ကလေးများ ကျောင်းပြောင်းလက်မှတ်မရှိ ကျပ်ငွေ ၆သောင်းထိပေးရ

ဟိုပုံးမြို့သို့ စစ်ဘေးတိမ်းရှောင်လာသော ဆီဆိုင်မြို့နယ် စစ်ရှောင် ကလေးငယ်များ ကျောင်းတက်ရန်အတွက် ကျောင်းပြောင်းလက်မှတ်မရှိလျှင် ငွေကျပ် ၆သောင်းထိ ပေးဆောင်ရကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် မေလ ၂၃ ရက်မှ စ၍ ကျောင်းအပ်ရန် လက်ခံနေပြီး ဆီဆိုင်မြို့နယ် မှ ထွက်ပြေးလာသော...

ဆီဆိုင်မြို့နေရပ်ပြန်သူများ တပ်သားစုဆောင်ခံရ

သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့ပေါ်တွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO)တပ်တို့၏ ဖိအားပေးမှုကြောင့် နေရပ်ပြန်လာသွားသည့် ပြည်သူများကို စစ်သားစုဆောင်းနေကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းတောင်၊ ဆီဆိုင်မြို့တွင် စစ်ကောင်စီနှင့် ပူးပေါင်းတပ်တို့မှ ပြည်သူများကို နေရပ်ပြန်မလာပါက နေအိမ်များကို ချိတ်ပိတ် သိမ်းဆည်းမည်ဟု ဖိအားပေးခြိမ်းခြောက်သည်။ ထို့နောက် ပြည်သူများသည် နေရပ်သို့ပြန်သွားစဥ် အသက် (၁၈)နှစ်...

မူဆယ် အမျိုးသား တစ်ဦး မြေမြုပ်မိုင်းထပ်နင်းမိ

မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့နယ် ဝိန်းနန်ကျေးရွာရှိ တောလမ်းတစ်နေရာတွင် အမျိုးသား ၁ ဦး မြေမြုပ်မိုင်းထပ်မံနင်းမိခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ အမျိုးသား ၁ ဦးသည် ယမန်နေ့ (မေလ ၂၈) ရက် နံနက်ပိုင်းအချိန်တွင် မူဆယ်မြို့နယ် ဝိန်းနန်းကျေးရွာအနီးရှိ တောလမ်းတစ်နေရာတွင် မြေမြုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း၊ ခြေထောက်တစ်ဖက်ပြတ်သွားကြောင်း ၎င်းကိုသွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းထံမှ...

မူဆယ် – လားရှိုး တောတွင်း ရှောင်ကွင်းလမ်းကြမ်းတမ်း ကားသမားများအခက်ကြုံနေ

သျှမ်းပြည် မြောက်ပိုင်း မူဆယ် - လားရှိုးသို့ သွားသည့် တောတွင်း ရှောင်ကွင်းလမ်းတွင် မိုးရွာသွန်းမှုကြောင့် လမ်းများကြမ်းတမ်းနေပြီး၊ ဂိတ်ကြေးများအဆမတန်ကောက်ယူမှုကြောင့် ကားသမားများ အခက်ကြုံ နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မြောက်ပိုင်း မိုးဦးရာသီမှ စ၍ မူဆယ် - လားရှိုးသို့ သွားသည့် တောလမ်းတွင် မိုးရွာတွင်းမှုကြောင့်...

ကရင်နီ စစ်ဘေးရှောင်များ စားနပ်ရိက္ခာအခက်ခဲ ဆန်ပြုတ်သောက်နေသည့်အဆင့်ရောက်

ကရင်နီပြည်နယ်ရှိ စစ်ရှောင်များသည် စားနပ်ရိက္ခာ အခက်ခဲကြောင့် ဆန်ပြုတ်သာ စားနေရသည့် အဆင့် ရောက်ရှိနေကြောင်း စစ်ရှောင်ကူညီနေသူ ထံမှ စုံစမ်းသိရသည်။ ကရင်နီပြည်နယ်၊ မိုးဗြဲတောင်ဘက်ရှိ စစ်ဘေးရှောင်များသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်းနှင့် အလှူရှင်များ နည်းပါးလာမှုကြောင့် စားနပ်ရိက္ခာအခက်အခဲဖြစ်လာပြီး ကလေးများကို ထမင်းကျွေးကာ လူကြီးများ ဆန်ပြုတ် သောက်နေရသည့် အဆင့်ရောက်ရှိနေကြောင်း စစ်ရှောင်ကူညီနေပးနေသည့်...

ကိုယ့်ဖြစ်တည်မှု ကိုယ့်ရွေးချယ်ပိုင်ခွင့် “Pride Month ” ဆိုတာ ဘာလဲ

ကာလာစုံ ရိမ်းဘို (Rainbow) သက်တံ အလံကို လှပခန်းနားစွာ ဆင်မြန်းထားသလို လက်ထဲမှာလည်း သက်တံအလံကို ကိုင်ဆောင်ပြီး လိင်တူချစ်သူတွေ ရသင့်ရထိုက်အခွင့်အရေးကို အများသူငှာရှေ့မှာ တောင်းဆိုနေကြပါတယ်။ အချို့တွေက “You can choose to love whoever you love” တဲ့။ မြန်မာလိုဆိုရင်တော့...

Latest news