Sunday, February 8, 2026

CATEGORY

လူ့အခွင့်အရေး

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လုပ်ကြံရန် ကြံစည်သည့် ရန်ကုန် UG များဖမ်းမိဟု စစ်ကောင်စီကြေညာ

ရန်ကုန်တိုင်းရှိ သန်လျင်တံတား အမှတ်(၃) ဖွင့်ပွဲကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ရန်ကြံစဉ်သည့် ရန်ကုန် UG အဖွဲ့ဝင်များအား ဇွန်လ ၈ ရက်၊ နံနက်ပိုင်းက ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ (၆၁)ရပ်ကွက်၊ သင်္ဘောကျင်းဝန်ထမ်းအိမ်ယာဝန်းအတွင်း၊ သစ်သားလိုင်းခန်း အဟောင်း၌ ဖမ်းမိကြောင်း...

ရွာငံ စစ်ကောင်စီက ကျေးရွာတွင်း စစ်ကြောင်းထိုး၊ ပြည်သူတွေကိုရိုက်နှက်

သျှမ်းပြည် ရွာငံရှိ စစ်ကောင်စီ တပ်များက ကျေးရွာများတွင် စစ်ကြောင်းထိုးပြီး ပြည်သူများကို ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ သျှမ်းပြည် တောင်ပိုင်း၊ ရွာငံမြို့နယ် အရှေ့ဘက်ရှိ ကျေးရွာများကို စစ်ကောင်စီက ပြီးခဲ့သည့် ဇွန်လ ၇ ရက်တွင် ဒေသခံတစ်ဦးမှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များ တောတောင်ဘက်တွင် ရှိနေသည်ဟု စစ်ကောင်စီကို...

ပြည်သူများ ‘သားရေပေါ်အိပ် သားရေနားစား’ ရိုင်းစိုင်း ယုတ်မာသည့် အကြမ်းဖက်သမားများဟု မင်းအောင်လှိုင် စွပ်စွဲ၊ မြဝတီသတင်း ပြင်ဆင်ဖော်ပြ

ဒေသခံ ပြည်သူလူထုသည် "သားရေပေါ်အိပ် သားရေနားစား" ရိုင်းစိုင်း ယုတ်မာသည့် အကြမ်းဖက်သမားများဖြစ်ပြီး နိုင်ငံ ပျက်စီးအောင် ပြုလုပ်နေသည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယမန်နေ့ (ဇွန်လ ၇ ရက်) တွင် ပြုလုပ်သည့် စစ်ကောင်စီ အစည်းအဝေးတွင် စွပ်စွဲပြောဆိုလိုက်သည်။ ဒေသတစ်ခု ပျက်စီးစေရန်အတွက် လုပ်ဆောင်သူများမှာ အဆိုပါ...

ဆီဆိုင်တွင် အသက် ၇၀အရွယ် အမျိုးသမီးတစ်ဦး မြေမြုပ်မိုင်းနင်းမိ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်တွင် အသက်၇၀ အရွယ် အမျိုးသမီးတစ်ဦး ယနေ့ ( ဇွန် ၆)ရက် နံနက် ၈နာရီတွင် မြေမြုပ်မိုင်းနင်းမိပြီးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့ ၊ မြကန်သာရပ်ကွက်တွင် ယနေ့ မနက် ၈နာရီ၌ အသက် ၇၀ အရွယ်အမျိူးသမီးတစ်ဦးသည်...

နိုင်ငံခြားငွေ ရောင်းဝယ်သူ ၃၉ ဦးကို ဖမ်းဆီး၊ ဘဏ်များကို ယုံကြည်ရန် စစ်ကောင်စီပြော

နိုင်ငံခြားငွေကြေး ကစားမှုနှင့် ငွေလွှဲ ဟွန်ဒီ လုပ်ငန်း ဆောင်ရွက်မှု စွပ်စွဲချက်ဖြင့် လူ ၃၉ ဦးကို ဖမ်းဆီးလိုက်ပြီး ၄င်းတို့၏ ဘဏ်ငွေစာရင်းများနှင့် Pay Account များ ပိတ်သိမ်းကြောင်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ယမန်နေ့ (ဇွန်လ ၄ ရက်)...

လွိုင်ကော်ဘက် စစ်ကောင်စီဘက်က စစ်ကြောင်းထိုး၊ ရပ်ကွက်ထဲ မိုင်းထောင်ထား

ကရင်နီ (ကယားပြည်) လွိုင်ကော်မြို့အနီးသို့ စစ်ကောင်စီဘက် မှ စစ်အင်အားဖြည့်တင်းနေပြီး၊ မိုင်းလုံရပ်ကွက်အနီးတွင် စစ်ကောင်စီဘက်က တပ်စွဲထားပြီး မိုင်းထောင်ထားကြောင်း စုံစမ်းသိရသည်။ ကရင်နီပြည် လွိုင်ကော်မြို့နယ် မိုင်းလုံရပ်ကွက်အနီးတွင် စစ်ကောင်စီဘက်က တပ်စွဲထားပြီး မိုင်းထောင်တာတွေ ရှိသကဲ့သို့ စစ်ကောင်စီ စစ်ကြောင်းထိုးရင်လည်း ပြည်သူများကို ဓားစာခံအဖြစ်ပြုလုပ်မည်ကို စိုးရိမ်သဖြင့် ထပ်မံရှောင်နေကြကြောင်း လွိုင်ကော်မြို့ခံ...

သျှမ်းမြောက်တွင် စက်သုံးဆီဝယ်လျှင် ရပ်ကွက်ထောက်ခံစာပါမှ ဝယ်ခွင့်ပြုမည်ဟုဆို

သျှမ်းမြောက်တွင် စစ်ကောင်စီမှ စက်သုံးဆီဝယ်သူများကို ရပ်ကွက် ထောက်ခံစာပါမှသာ ရောင်းချပေးရန် ထုတ်ပြန်လာကြောင်း သတင်းရရှိသည်။ မေလ ၃၁ ရက်မှ စပြီး စက်သုံးဆီရောင်းချသူများကို ပုံး၊ ပေပါဖြင့်ရောင်းချခြင်း မပြုရန်နှင့် စက်သုံးဆီအရောင်းဆိုင်များမှ အခြားဆိုင်နှင့် လုပ်ငန်းများကို တိုက်ရိုက်ရောင်းချ ခြင်းမပြုရနှင့် မီးစက်များအတွက် မဖြစ်မနေ အသုံးပြုရမည်ဆိုပါက သက်ဆိုင်ရာ...

စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည် အတွင်း အရပ်သားသေဆုံးမှု ၅၀၀ ကျော်ရှိလာ

စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်(ကယားပြည်) အတွင်း အရပ်သားသေဆုံးမှု ၅၀၀ ကျော်ရှိလာကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) မှ ထုတ်ပြန်ထားသည်။ ၂၀၂၄ ခုနှစ်အတွင်း စစ်တပ်၏အကြောင်းမဲ့တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၄၅ ဦး သေဆုံးခဲ့ပြီး စစ်ဘေးရှောင်ရင်း ထိခိုက်သေဆုံးသူ ၆ ဦးရှိကြောင်း (PKPF) ၏ ဇွန်လ...

ကွတ်ခိုင် TNLA တပ်သားနှင့် ကျောင်းသားမိဘ ရုန်းရင်းဆန်ခတ်ဖြစ်၊ ကျောင်းဝင်းထဲ TNLA နေရာယူထားဆဲ

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာရှိ စာသင်ကျောင်းဖွင့်လှစ်နိုင်ရန်အတွက် ကျောင်းသားမိဘများနှင့် TNLA တပ်သားတို့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ကျောင်းသူတစ်ဦး သတိလစ်မေ့မျောသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၃ ရက်) နံနက် ၉ နာရီခန့်တွင် ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာ စာသင်ကျောင်းဝန်းထဲ စခန်းချနေထိုင်သည့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်...

မိုင်းဖြတ် ရဲတပ်ဖွဲ့က NLD အင်္ကျီဝတ်လူငယ်များကို ပိုက်စိပ်တိုက်ရှာဖွေ

သျှမ်းပြည် မိုင်းဖြတ်မြို့နယ် စစ်ကောင်စီရဲတပ်ဖွဲ့က NLD ပါတီတံဆိပ်ပါ အင်္ကျီဝတ်ထားသည့် လူငယ်များကို ဖမ်းဆီးရန် ပိုက်စိပ်တိုက် ရှာဖွေခဲ့ကြောင်း စုံစမ်းသိရသည်။ မေလ (၂၉) ရက်တွင် မိုင်းဖြတ်မြို့၊ ဈေးတန်းရပ်ကွက်ရှိ မြို့မဈေးသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီတံဆိပ်ပါ အင်္ကျီဝတ်ဆင်လာသည့် လူငယ်များကို ဖမ်းဆီးရန်အတွက် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က...

Latest news