ကျောက်မဲနှင့် နောင်ချိုမြို့ကို TNLA ထိန်းချုပ်၊ နောင်ပိန်ဂုတ်တွင်းအနီး တိုက်ပွဲဆက်လက်ပြင်းထန်

သျှမ်းပြည် ကျောက်မဲမြို့နှင့် နောင်ချိုမြို့တို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က မြို့သိမ်းတိုက်ပွဲ ဆင်နွှဲလျက်ရှိရာ ယမန်နေ့ (ဇွန်လ ၂၆ ရက်) ညပိုင်းတွင် ထိန်းချုပ်လိုက်နိုင်ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇွန်လ ၂၆ ရက်) နေ့လယ်ပိုင်းမှ စတင်ပြီး ကျောက်မဲမြို့အဝင်ရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့ဆေးရုံနှင့် အမြောက်တပ်-၃၅၂ တို့ကို TNLA တပ်ဖွဲ့က ထိန်းချုပ်လိုက်ပြီးနောက် မြို့ပေါ်ရှိ မြို့နယ်/ခရိုင် ရဲစခန်း၊ ထွေအုပ်ရုံး၊ မီးသတ်စခန်းနှင့် အခြားသော ဌာနဆိုင်ရာရုံးများကို ညနေ (၄) နာရီကျော်ခန့်တွင် ထပ်မံသိမ်းပိုက်လိုက်ကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

“မနေ့က နေ့လယ်လောက်မှာ အမြောက်တပ်နဲ့ ဆေးရုံကို ရပြီးတော့ မြို့မရဲစခန်းကို ဆက်တိုက်ကြတာ။ ညနေ (၄) နာရီလောက်မှာ ရဲစခန်းလည်း ကျသွားပြီးတော့ ထွေအုပ်ရုံးတို့၊ ခရိုင်စုပေါင်းရုံးတို့ နောက်ပြီး မီးသတ်စခန်းတို့ အကုန်ရသွားတာပေါ့။ ဒီမနက် လွယ်ခွင်တောင်ဘက်က ၅၀၁/၅၀၂ တပ်နဲ့ နောင်ပိန်ဂုတ်တွင်းမှာ ထပ်ဆော်နေကြပြီ”ဟု ကျောက်မဲမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ယမန်နေ့ (ဇွန်လ ၂၆ ရက်) မွန်းလွဲ ၂ နာရီခန့်က ကျောက်မဲမြို့နယ်အတွင်း နောင်ပိန်ကျေးရွာရှိ တိုက်နယ်ဆေးရုံ၊ အထက်တန်းကျောင်းနှင့် ကျေးလက်ဆေးပေးခန်းတို့ကို TNLA တပ်သားများမှ သော့ခတ်ချိတ်ပိတ်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက်မဲနှင့် နောင်ချိုမြို့ကြားရှိ နောင်ပိန်ဂုတ်တွင်း အနီးရှိ စစ်ကောင်စီတပ် စခန်းချနေရာများကို ယနေ့ (ဇွန်လ ၂၇ ရက်) နံနက် ၅ နာရီခန့်မှ စ၍ TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်နေပြီး လက်ရှိသတင်းရေးသားချိန်အထိ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

ထို့အပြင် နောင်ချိုမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ခမရ-၁၁၅ တပ်ရင်း၊ ရဲစခန်း၊ ဆေးရုံနှင့် တိုးဂိတ်တို့ကို အပြည့်အဝ သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီး လက်ကျန်တပ်စခန်းများ ဖြစ်သည့် ခမရ-၁၁၄ နှင့် အမြောက်တပ်-၆၀၆ တို့ကို ဆက်လက်ထိုးစစ်ဆင်နေကြောင်း TNLA နှင့်အတူ စစ်ဆင်ရေး ဖော်ဆောင်နေသည့် မန္တလေး-PDF တပ်ဖွဲ့က ယမန်နေ့ (ဇွန်လ ၂၆ ရက်)တွင် သတင်းထုတ်ပြန်သည်။

ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ မိုးကုတ်၊ သီပေါမြို့နယ်များ၌ တိုက်ပွဲဖော်ဆောင်ရာတွင် (၂) ရက်တာအတွင်း စစ်ကောင်စီတပ်စခန်း (၂၄) ခု သိမ်းပိုက်နိုင်ပြီး လက်နက်ခဲယမ်း အများအပြားနှင့် စစ်သုံ့ပန်း (၁၇) ဦး ဖမ်းဆီးရမိခဲ့ကြောင်းလည်း TNLA သတင်းနှင့် ပြန်ကြားရေးဌာန ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ကျောက်မဲနှင့် နောင်ချိုမြို့သိမ်းတိုက်ပွဲ (၂) ရက်တာအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုနှင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများကြောင့် မြို့ပေါ်ရပ်ကွက်များတွင် ကျရောက်ပေါက်ကွဲပြီး အရပ်သား (၁၀) ဦးထက်မနည်း သေဆုံးပြီး (၂၀) ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိကြောင်း ကနဦး သတင်းရရှိထားပြီး သျှမ်းသံတော်ဆင့်မှ အသေးစိတ် ဆက်လက်စုံစမ်းနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...