မိုင်းပျဉ်းတောင် လမ်းပျက်စီး ကားကြီးများ ရာနှင့်ချီပိတ်နေ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းတောင်တွင် မိုးရွာသွန်းခြင်းကြောင့် လမ်းပျက်စီးကာ တွဲကားကြီးများ ရာနှင့်ချီ ဆက်လက်ပိတ်မိနေပြီး သွားလာရန် ခက်ခဲနေကြောင်း စုံစမ်းသိရသည်။

ဇွန်လ တတိယပတ်မှ စတင်ပြီး သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်ရှိ လွိုင်စောင်းတောင်တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် လမ်းများ ပျက်စီးကာ တွဲကားကြီးများ နေ့စဉ် ရာနှင့်ချီ ဆက်လက်ပိတ်မိနေပြီး သွားလာရန် ခက်ခဲနေကြောင်း ကုန်တင်ယာဉ်မောင်း ကားသမားများက ပြောသည်။

“လမ်းတွေကတော့ မိုးရွာရင် ကားကြီး အရမ်းပိတ်တယ်။ ကားကြီးတွေက ပိတ်မိနေတာ အတက်ရော အဆင်းရောဆို ရာနဲ့ချီတယ် ပိတ်မိနေတာ။ အခုက မြဝတီကော၊ မြောက်ပိုင်းကော ကားကြီးတွေ မသွားရတော့ ဒီဘက်တစ်လမ်းတည်း လာတော့ လမ်းတွေပိတ်ကြတာပေါ့။ တချို့တွေကြလည်း လမ်းမရှောင်ပေးချင်တာနဲ့ ပိတ်မိနေကြတာပေါ့။ အဲ့ကြောင့် ကားငယ်တွေလည်း လမ်းကျဉ်းတော့ ပိတ်မိကုန်တာပေါ့”ဟု ၎င်းကားသမားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းပျဉ်းတောင်တွင် ကားပိတ်ဆို့မှုများ ဖြစ်ပွားပြီးနောက် အတက်အဆင်းကို ၂ နာရီတစ်ကြိမ် အချိန်အကန့်အသတ်ဖြင့် ပြုလုပ်ပေးသော်လည်း တွဲကားကြီးများ လမ်းတွင် ဆက်လက် ပိတ်မိနေကြောင်း အသက် ၄၅ ဝန်းကျင် ယာဉ်မောင်းအမျိုးသားတစ်ဦးက ဆက်ပြောသည်။

“သူတို့က အတက်အဆင်းကို ပုံသေလုပ်ပေးတာမျိုးမှ မရှိတာ။ အချိန်တောင် ၂ နာရီ မပြည့်သေးဘူး၊ ကားတွေလွှတ်လိုက်တာလည်း ရှိတာပေါ့။ သူတို့က အဲ့လိုသာ လုပ်ပေးမယ်ပြောတာ သေချာမှ လိုက်မလုပ်တာ။ အတက်ကားက အကုန်မကျော်သေးဘူး၊ အဆင်းကို လွှတ်ပေးလိုက်တော့ အဲ့လမ်းပိုင်းမှာ ကားတွေပြန်ပိတ်ပြန်‌ရော”ဟု အသက် ၄၅ ဝန်းကျင် ၎င်းယာဉ်မောင်းအမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုသို့ လမ်းတွင် ကုန်တင်ယာဉ် ကားကြီးများ ရာနှင့်ချီ ပိတ်ဆို့မှုကြောင့် ခရီးသွားယာဉ်ငယ်များ သွားလာရန် ခက်ခဲပြီး လမ်းပိုင်းတွင် ညအိပ်ရခြင်းများ ကြုံနေရကြောင်း ၎င်းက ဆက်ပြောသည်။

“လမ်းတွေမှာ အရမ်းပိတ်ပြီး ကြာရင် နှစ်ရက် အိပ်ရတာရှိတယ်။ ကားကြီးတွေဆို ၁ ပတ်လောက်တော့ ကြာတယ်။ အဲ့လိုတွေ ပိတ်မိရင် စားဖို့သောက်ဖို့က အရမ်းခက်တယ်။ ရွာတွေနားမှာ အိပ်ရရင်တော့ ကောင်းတယ်။ ရွာတွေမဟုတ်ဘဲ တောထဲအိပ်ရရင်တော့ စားဖို့သောက်ဖို့က အရမ်းခက်ခဲတယ်၊ ကားပေါ်မှာပဲ အိပ်ရတာပေါ့”ဟု အသက် ၄၅ ဝန်းကျင် ယာဉ်မောင်းအမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် ၎င်းကုန်တင်ယာဉ် ကားကြီးများကြောင့် လမ်းများ ပျက်စီးခြင်း၊ ကားကြီးများ ပိတ်ဆို့၍ သွားလာရန် ခက်ခဲခြင်းများကြောင့် ခရီးသွားယာဉ်ငယ်အချို့နှင့် ကုန်တင်ယာဉ်များကို ရပ်နားထားရခြင်းများ ရှိနေကြောင်း ကားသမားများက ပြောသည်။

ထိုလမ်းတကြောတွင်လည်း ကားမှောက်ခြင်း၊ ရွှံ့နွံအတွင်း ကန့်လန့်ခံနေခြင်း၊ ကားပျက်၍ ဖယ်ရခက်နေသည့်ကားများ စသည့် အခက်အခဲများစွာဖြင့် ပိတ်မိနေသည့် ကားများ ကျန်ရှိနေသေးကြောင်း ၎င်းက ဆက်ပြောသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် “၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်း စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တို့ တိုက်ပွဲများကြောင့် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတွင် ကုန်တင်ယာဉ်များ သွားလာ၍ မရတော့ဘဲ နယ်စပ်ကူးသန်းရောင်းဝယ်ရေးအတွက် မန္တလေး-မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-မိုင်းလား လမ်းမကြီးကို အဓိကထား အသုံးပြုသွားလာနေရကြောင်း ကုန်သည်များထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...