ဆီဆိုင်တွင် စစ်ကောင်စီ စစ်ကြောင်းထပ်ထိုးပြီးနောက် တိုက်ပွဲဆက်ဖြစ်နေ

သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ်ဒေသ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီက စစ်သားနှင့် ပြည်သူ့စစ် အင်အားရာနှင့်ချီသုံးပြီး စစ်ကြောင်းထပ်ထိုးပြီးနောက် ရက်သတ္တပတ်ကြာသည့်အထိ တိုက်ပွဲဆက်ဖြစ်နေ ကြောင်း စုံစမ်းသိရသည်။

ဇွန်လ ၂၄ ရက်တွင် ဆီဆိုင်မြို့နယ် အရှေ့ဘက်ထီဆုံကျေးရွာဘက်ကို စစ်ကောင်စီက စစ်သားနှင့် ပြည်သူ့စစ်အင်အားသုံးပြီး စစ်ကြောင်းထိုးလာသဖြင့် ရွာ၏အမြောက်ဘက်အရပ်တွင် ၅ နာရီကြာ ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်ဟု PNLA က ယနေ့ ဇွန်လ ၂၆ ရက်မှာ ထုတ်ပြန်ထားသည်။

“ဆီဆိုင်အခြေအနေကတော့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ ဆီဆိုင် အနောက်ဘက်ခြမ်း၊ တောင်ဘက်ခြမ်း၊ အရှေ့ဘက်ခြမ်း၊ အရှေ့မြောက်ခြမ်း နေရာမှာတိုက်ပွဲတွေ ဖြစ်နေဆဲဖြစ်ပါတယ်” ဟု PNLA ပြန်ကြားရေးတာဝန်ခံ ခွန်ရိန်းယံက သျှမ်းသံတော်ဆင့်ကိုပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုအချို့ရှိခဲ့ပြီး၊ စစ်ကောင်စီက လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်ရာ လက်နက်ကြီးကျည်အချို့ ကျေးရွာအတွင်း ကျရောက်၍ ပြည်သူလူထု၏ နေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့သည်ဟုဆိုထားသည်။

ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်ကတည်းက စစ်ကောင်စီတပ်သည် စစ်သားနှင့် ပြည်သူ့စစ် အင်အား ၃၀၀ ခန့်ဖြင့် ဆီဆိုင်မြို့နယ် သဘကျေးရွာအုပ်စု နောင်စကာကျေးရွာဘက်သို့ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ထိုစစ်ကြောင်းထိုးနေစဉ်အတွင်း စစ်ကောင်စီတပ်နှင့် PNLA တို့ထိတွေ့တိုက်ပွဲခဲ့သည်ဟု PNLA ကထုတ်ပြန်ထားသည်။

စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် သဘက်ချောင်းအနီးရှိ ကျေးရွာမှ ပြည်သူများ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရလျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီနှင့် ပြည်သူ့စစ် PNO တို့သည် ဆီဆိုင်မြို့နယ် စစ်ကြောင်းထိုးပြီး လက်နက်ကိုင် တော်လှန်ရေး အင်းအားစုနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေသော်လည်း ကျေးရွာတွင်မှု ဒေသခံများကို အခြေခံစစ်ပညာသင်တန်း ပေးနေလျက်ရှိကြောင်း သိရသည်။

ရပ်ရွာဒေသတည်ငြိမ် အေးချမ်းရေးအတွက်ဆိုကာ အခြေခံစစ်ပညာသင်တန်း အမှတ် (၁) ကို ဖွင့်လှစ်သင်ကြားပေးနေကြောင်း၊ အမှတ် (၁) သင်တန်းအတွင်း သင်တန်းသား (၈၀) ကျော် တက်ရောက်ခဲ့ကြောင်း ပြည်သူ့စစ် PNO က ဇွန်လ ၂၁ ရက်၌ ထုတ်ပြန်ထားသည်။

ထို့အပြင် ဇွန်လ ၂၀ ရက်က ဆီဆိုင်မြို့နယ် လွယ်ထွဲကျေးရွာသို့ ပုံမှန်ဈေးလာရောင်းချနေသည့် ညောင်ရွှေမြို့နယ် ကျားတွန်ကျေးရွာမှ လူငယ် ၂ ဦးကိုလည်း စစ်ကောင်စီနှင့် ပြည့်သူ့စစ်က ဖမ်းဆီးသတ်ခဲ့သည်ဟု PNLA ကထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...