ကျောက်မဲ တိုက်ပွဲ(၃)ရက်အတွင်း အရပ်သား ၂၀ ကျော် သေဆုံး၊ ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA )တို့ နှစ်ဘက်တိုက်ပွဲ (၃) ရက်အတွင်း အရပ်သား (၂၁) ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ဇွန်လ ၂၅ ရက်မှ ယနေ့ (ဇွန်လ ၂၇ ရက်)အထိ ကျောက်မဲမြို့တွင် စစ်ကောင်စီနှင့် TNLA တပ်ဖွဲ့တို့၏ နှစ်ဘက်တိုက်ပွဲအတွင်း မြို့ပေါ်ရပ်ကွက်များသို့ လက်နက်ကြီး ပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အမျိုးသမီး ၃ ဦး အပါအဝင် အရပ်သား စုစုပေါင်း (၂၁) ဦး သေဆုံးပြီး (၁၅) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

“မနေ့က ရန်ကင်းမှာ လက်နက်ကြီးကျည် အိမ်ပေါ်ကျလို့ တစ်အိမ်တည်း မိသားစု ၄ ယောက် ဆုံးပြီးတဲ့အပြင် နောက်ထပ် တခြားအိမ်က ၂ ယောက်ထပ်သေတယ်။ အလောင်းကိုလည်း အိတ်နဲ့ ထုတ်ထားရတယ်လို့ ပြောတယ်။ နောက်တခါ အမျိုးသားတစ်ယောက် ဆုံးတာလည်း သွားမပို့နိုင်သေးဘူး။ တစ်ရက်တည်း စုစုပေါင်း ၇ ယောက် ဆုံးတယ်”ဟု ကျောက်မဲမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ (ဇွန်လ ၂၆ ရက်) က ကျောက်မဲမြို့အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ-၅၀၁/၅၀၂ ကို TNLA တပ်ဖွဲ့မှ စစ်ကြောင်းထိုးစဉ်အတွင်း ရပ်ကွက်(၁) နယ်မြေ(၁)မှ တရုတ်သင်္ချိုင်းအနောက်ဘက်ရှိ သားအဖ နှစ်ဦးကို သေနတ်ပစ်ခတ်မိပြီး ဖခင်ဖြစ်သူ သေဆုံးသွားခဲ့ကြောင်း ဆွေမျိုးတော်စပ်သူများထံမှ သိရသည်။

အလားတူ ကျောက်မဲမြို့ပေါ် ရပ်ကွက်များရှိ ဌာနဆိုင်ရာရုံးများနှင့် မြို့မရဲစခန်းအထိ TNLA တပ်သားများနှင့် စစ်ကောင်စီတပ်သားတို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြပြီး တိုက်ပွဲအတွင်း သေနတ်ကျည် ထိမှန်ဒဏ်ရာရသူ အများအပြားရှိကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

“ရပ်ကွက်ထဲထိ ဝင်ပစ်ကြတော့ တချို့လူတွေ သေနတ်ကျည်မှန်တာရှိတယ်။ အခု နောက်ထပ် ၃ ယောက်တိုးပြီး ဆေးကုနေတာလည်း လည်ပင်း၊ ပါးတွေမှာ ထိတယ်။ သွေးထွက်လွန်ပြီး ၃ ရက်လောက်အထိပဲ နေနိုင်မယ်လို့ ပြောလို့ရယ်။ စစ်တပ်က လက်နက်ကြီး အဆက်မပြတ် ပစ်နေတာ၊ ဟောင်ဝစ်ဇာနဲ့ ပစ်သလိုဖြစ်နေတာ။ အိမ်တွေပေါ် ကျရင် လူထပ်ထိမှာ”ဟု ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လက်ရှိတွင် ဒဏ်ရာပြင်းထန်သူများကို မန္တလေးသို့ ဆေးကုသရန် လမ်းကြောင်းအခြေအနေ မလုံခြုံမှုကြောင့် ပို့ဆောင်ကုသပေးနိုင်ခြင်း မရှိသေးဘဲ ရပ်ကွက်ဆေးပေးခန်းများတွင်သာ ကုသနေရကြောင်း သိရသည်။

ကျောက်မဲမြို့ပေါ်တွင် နှစ်ဘက်တိုက်ပွဲအတွင်း လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ရပ်ကွက်(၉) တိလင်ရပ်တွင် (၂) ဦး၊ ရန်ကင်းရပ်တွင် (၆) ဦး၊ ရပ်ကွက်(၁) တွင် ၃ ဦးနှင့် အခြားရပ်ကွက်များတွင်လည်း သေဆုံးဒဏ်ရာရသူ အများအပြားရှိကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

“ဒီတခေါက် တိုက်ပွဲက ပြည်သူလည်း မလွတ်ဘူး၊ အကုန်ထိတယ်။ ကျောက်မဲက အခု လေယာဉ်လာဝဲနေတာပဲ ရှိသေးတယ်။ ၅၀၁/၅၀၂ သိမ်းပြီးရင်တော့ လေယာဉ်နဲ့ ဗုံးလာကြဲမယ်ဆိုတာ မြို့ခံတွေကတော့ အဲ့လိုယုံကြည်နေကြတယ်။ အခုတော့ ရတဲ့လမ်းကနေ ရှောင်ဖို့ လုပ်နေကြပြီ”ဟု ကျောက်မဲမြို့ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့ပေါ်ရပ်ကွက်များမှ ပြည်သူများမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေပြီး နောင်ပိန်လေး၊ နားပြိန်း၊ ခိုမုန်းနှင့် ဟဲကွီကျေးရွာဘက်သို့ လောလောဆယ် စစ်ဘေးရှောင် ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

#SHANBurmese

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...