မန္တလေး စစ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင် ကို မင်းအောင်လှိုင် ဖမ်းဆီး

မန္တလေး အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်တိုင်းမှူး ဖြစ်သူ ဗိုလ်ချုပ်ကြည်ခိုင် ကို မင်းအောင်လှိုင်၏ နေပြည်တော် အထူးတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇွန်လ ၂၇ ရက်) တွင် ပြောသည်။

ငါးဇွန်မြို့နယ် မြို့သာရွာနှင့် ပန်းချီကမ္မရွာကြား ဖြစ်ပွားခဲ့သည့် ပဲခူး ဝင်းနိမ္မိတာရုံ ဆရာတော် ပစ်သတ်မှု ဖြစ်စဥ်နှင့် ပတ်သက်၍ ဗိုလ်ချုပ်ကြည်ခိုင် တာဝန်ရှိသည် ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

ယင်းသတ်ဖြတ်မှုနှင့် ပတ်သက်၍ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဝန်ခံ တောင်းပန်ခဲ့ရပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ပဲခူးဆရာတော် အသတ်ခံရမှု အတွင်း အသက်ရှင် ကျန်ရစ်သည့် ဆရာတော်ကို မန္တလေးနန်းတွင်း ခေါ်ယူ၍ ဗိုလ်ချုပ်ကြည်ခိုင် ကိုယ်တိုင် နာရီပေါင်းများစွာ စစ်ဆေးခဲ့ပြီး လိမ်လည် ထွက်ဆိုရန် ဖိအားပေးခဲ့သော်လည်း ဆရာတော်က အဖြစ်မှန်ကို ဖွင့်ချခဲ့သည်။

သို့သော် ဗိုလ်ချုပ်ကြည်ခိုင် သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ပုန်ကန်၍ တန်ပြန် အာဏာသိမ်းရန် စစ်အရာရှိဟောင်း တစ်ချို့နှင့် နန်းတွင်း၌ အစည်းအဝေးလုပ်ပြီးနောက် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။

“ဆရာတော်ကြီး ပစ်သတ်မှု ဖြစ်စဥ်မှာ တာဝန်အရှိဆုံးလူ၊ မန္တလေးနဲ့ ဘယ်လောက်မှ မဝေးတဲ့ မတ္တရာက လေကြောင်းရန် ကာကွယ်ရေးတပ် တိုက်ခိုက် သိမ်းပိုက်ခံထားရတယ်၊ မိုးကုတ်မြို့ကလည်း လှုပ်နေတဲ့ အချိန် ဆိုတော့ သူပြုတ်မှာက သေချာနေပြီ။ အဲတော့ လျှို့ဝှက် အစည်းအဝေးလုပ်ပြီး နေပြည်တော်ကို သိမ်းမယ် ဘာညာလုပ်လို့ အဖမ်းခံရတာ” ဟု ၎င်းက ဆိုသည်။

ယင်းလျှို့ဝှက် အစည်းအဝေး ကျင်းပပြီးနောက် နေပြည်တော်မှ မင်းအောင်လှိုင် ၏ ခါးပိုက်ဆောင် တပ်ဖွဲ့က စောင့်ဆိုင်းဖမ်းဆီးပြီး စစ်အရာရှိဟောင် တစ်ချို့ကိုပါ နေပြည်တော်သို့ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ၄င်းကရှင်းပြသည်။

ဖမ်းဆီးခံရသူ ဗိုလ်ချုပ်ကြည်ခိုင် သည် မင်းအောင်လှိုင် ၏ လူယုံ တစ်ဦးဖြစ်ပြီး မကြာခဏ အစည်းအဝေးလုပ်သည့် အကျင့်ရှိသူဖြစ်ကြောင်း အငြိမ်းစား စစ်တပ် အရာရှိတစ်ဦးက ပြောသည်။

ယခု ဖမ်းဆီးခံရသည့် ကိစ္စနှင့် ပတ်သက်၍ ထပ်မံ စုံစမ်း မေးမြန်းနေဆဲ ဖြစ်သည်။

ဖမ်းဆီးခံရသည့် ဗိုလ်ချုပ်ကြည်ခိုင်သည် စစ်တ္ကသိုလ် အပတ်စဥ် (၃၇) ဖြစ်ပြီး ပြန်တမ်းဝင် အမှတ် ကြည်း (၂၇၁၄၀) ဖြစ်ကြောင်း သိရသည်။

SHANBurmese

Shannews

သျှမ်းသံတော်ဆင့်

မန္တလေး #ဗိုလ်ချုပ်ကြည်ခိုင် #နေပြည်တော် #အာဏာသိမ်း

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...