ကျောက်မဲ ပြည်သူ့ဆေးရုံနှင့် အမြောက်တပ်ကို TNLA ထိန်းချုပ်၊ လက်နက်ကြီးကြောင့် မိသားစုဝင် ၄ ဦး ပွဲချင်းပြီးသေဆုံး

သျှမ်းပြည် ကျောက်မဲမြို့ရှိ စစ်ကောင်စီလက်အောက်ခံ အမြောက်တပ်နှင့် ပြည်သူ့ဆေးရုံကြီးတို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က ထိန်းချုပ်လိုက်ပြီး မြို့မရဲစခန်းကို ဆက်လက်တိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဇွန်လ ၂၆ ရက်) နံနက် ၉ နာရီခန့်မှ စတင်၍ ကျောက်မဲမြို့ပေါ်နှင့် အနီးတဝိုက် ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး နေ့လယ် (၁၂) နာရီကျော်ခန့်တွင် မြို့ဝင်ဆိုင်းဘုတ်အနီးရှိ အမြောက်တပ်-၃၅၂ နှင့် ပြည်သူ့ဆေးရုံတို့ကို TNLA တပ်ဖွဲ့က သိမ်းပိုက်ထိန်းချုပ်လိုက်ကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

“၉ နာရီလောက်ကနေ တိုက်ပွဲပြန်စနေတာ ဒီတစ်ခါတော့ ပြင်းတယ်ပြောရမယ်။ ရပ်ကွက်တွေထဲ လက်နက်ကြီးကျတယ်။ မြို့အဝင်မှာ အစက ၂၂ တပ်ပေါ့ အခုက ၃၅၂ အမြောက်တပ်ကို အရင်သိမ်းရတယ်။ နောက်ပြီး ပြည်သူ့ဆေးရုံကိုလည်း TNLA ဝင်ပြီး နေရာယူထားပြီ။ အခုကတော့ မြို့မရဲစခန်းကို အသည်းအသန် တိုက်နေကြတာ”ဟု ကျောက်မဲမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ကျောက်မဲမြို့မ ရဲစခန်းကို TNLA တပ်ဖွဲ့မှ ဆက်လက်တိုက်ခိုက်နေပြီး မိုးလုံလေလုံ အားကစားရုံနှင့် သစ်တောရုံးလမ်းတို့တွင်လည်း TNLA တပ်သားအများအပြား ရောက်ရှိနေကြောင်း ကျောက်မဲဒေသခံများထံမှ သိရသည်။

အလားတူ ယနေ့ (ဇွန်လ ၂၆ ရက်) မွန်းလွဲ ၁ နာရီခန့်တွင် ကျောက်မဲမြို့ ရပ်ကွက်(၂) ရန်ကင်းရှိ ပြည်သူနေအိမ်ပေါ်သို့ စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာ မိသားစုဝင် ၅ ဦးအနက် (၄) ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

“ကျောက်မဲအထွက် ရန်ကင်း ရပ်ကွက် ၂ ဘက်မှာ လက်နက်ကြီးကျပြီး မိသားစုဝင် ၅ ဦးရှိတာ ၄ ဦး ပွဲချင်းပြီး ဆုံးသွားတယ်။ အမျိုးသမီးတစ်ဦးပဲ လွတ်တယ်၊ သူ့မိဘတွေနဲ့ မောင်နှမ ၂ ယောက် ဆုံးသွားတယ်”ဟု ကျောက်မဲမြို့မှ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့တို့၏ နှစ် ရက်တာ တိုက်ပွဲအတွင်း အမျိုးသမီး ၂ ဦးအပါအဝင် အရပ်သား (၆) ဦးအထိ သေဆုံးပြီး စုစုပေါင်း (၁၄) ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ (ဇွန် ၂၆)ရက် နံနက် ၅ နာရီခွဲခန့်မှ စတင်ပြီး ကျောက်မဲမြို့နယ် စခန်းသာရွာရှိ စစ်ကောင်စီတပ်စခန်းတွင်လည်း နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးမှ ထုတ်ပြန်ထားသည်။

အလားတူ ကျောက်မဲမြို့အခြေစိုက် စစ်ကောင်စီတပ် စကခ-၁ နှင့် ခလရ-၅၀၁/၅၀၂ တပ်ရင်းတို့ကိုလည်း TNLA တပ်ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ငြိမ်းချမ်းရေးကုန်းတပ်စခန်း၊ ရပ်ကွက် (၈) ရှိ ကျောက်မဲခရိုင်ရဲရုံးနှင့် အခြားဌာနဆိုင်ရာရုံးများကိုလည်း TNLA တပ်ဖွဲ့က သိမ်းပိုက်ထိန်းချုပ်ထားနိုင်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...