Friday, February 6, 2026

CATEGORY

လူ့အခွင့်အရေး

လွိုင်ကော် စစ်ကောင်စီနှင့် PNO တို့ ပူးပေါင်းပြီး လူနေများသည့်ရပ်ကွက်ထဲ လိုက်လံဖမ်းဆီး ငွေညှစ်တောင်းရမ်း

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် ( PNO) တပ်တို့ ပူးပေါင်းပြီး လူနေများသည့် ရပ်ကွက်ကို ရှောင်တခင် လိုက်လံဖမ်းဆီး စစ်ဆေးပြီး အဆမတန်ငွေညစ်တောင်းရမ်းနေသည်ဟု စုံစမ်းသိရသည်။ လွိုင်ကော်မြို့ပတ်လည်တစ်လျှောက်တွင် နေရာအပြည့်ယူထားသည့် စစ်ကောင်စီနှင့် PNO တပ်ဖွဲ့သည် လူနေများသည့် ရပ်ကွက်တွင် ရှောင်တခင် လိုက်လံစစ်ဆေးနေပြီး အမှုမဖွင့်နိုင်သူများကို...

ကွန်ဟိန်းမြို့နယ် တောင်ယာသွားစဉ် မိုင်းနင်းမိပြီး အရပ်သား (၁) ဦးသေ၊ ၂၀ ကျော် ဒဏ်ရာရ

သျှမ်းပြည် ကွန်ဟိန်းမြို့နယ် ဝမ်ဆိုင်းမွန်ရွာမှ ဒေသခံများ တောင်ယာသွားနေစဉ် လမ်းတွင် မြေမြှုပ်မိုင်း နင်းမိပြီး အသက် (၁၅) နှစ်အရွယ် ယောကျ်ားလေးတစ်ဦး သေဆုံးပြီး၊ ဒေသခံ ၂၀ ကျော် ဒဏ်ရာရကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ (၂၀) ရက် နံနက် ၈ နာရီခန့်တွင် ကွန်ဟိန်းမြို့နယ်...

လားရှိုးမြို့ နှစ်ဘက်တိုက်ပွဲအတွင်း အရပ်သား (၃၀၀) ကျော်သေဆုံး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တိုက်ပွဲအတွင်း အရပ်သား (၃၀၀) ကျော် သေဆုံးခဲ့ကြောင်း လွတ်လပ်သော လူငယ်ပရဟိတအဖွဲ့အစည်း(FYO) ထံမှသိရသည်။ ပြီးခဲ့သည့် ဇူလိုင်(၃)ရက်မှ စတင်ကာ မြန်မာ့အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့သည် လားရှိုးမြို့ကို စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး (ဩဂုတ်လ ၃ ရက်)တွင်...

ဆက်ကြေးမဆောင်သည့် ယာဉ်များကို PNOမှ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် စံကားဒေသအတွင်းရှိ အခွန်(ဆက်ကြေး) မဆောင်သည့် ယာဉ်များကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ သိမ်းဆည်းသွားမည်ဟု ခြိမ်းခြောက်နေကြောင်း စုံစမ်းသိရသည်။ ညောင်ရွှေမြို့နယ် စံကားဒသေ၏ အနောက်ဘက်တပ်စခန်းတွင် PNO မှ ဗိုလ်ယက္ခ ဦးဆောင်ကာ ထောက်ခံစာစာရွက်ဖြင့် (ဩဂုတ်လ ၁၈ ရက်)နေ့ ဆက်ကြေး လိုက်ခံကောက်ပြီး...

စစ်အင်အား တစ်သောင်း ဒေသကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စဆောင်ရွက်သွားမည်ဟု PNO စစ်အင်အားထုတ်ပြ

ဒေသကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် စစ်အင်အား တစ်သောင်းဖြင့် စီမံဆောင်ရွက်သွားမည်ဟု ပအိုဝ်းပြည်သူ့စစ် PNO က ထုတ်ပြန်လိုက်သည်။ ယနေ့ ( သြဂုတ် ၂၁) ရက်တွင် ပင်လောင်းမြို့နယ် နောင်တရားမြို့တွင် ပအိုဝ်းပြည်သူ့စစ် PNO ဦးဆောင်ပြီး သင်တန်းအောင်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း ပင်လောင်းမြို့ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

မန္တလေးကို ဦးတည်တိုက်ခတ်လာသော လူမျိုးရေး အမုန်းစကားလှုံ့ဆော်မှုများ

အာဏာသိမ်းစစ်ကောင်စီ၏ အဓိက လက်နက်အဖြစ် သွေးခွဲအုပ်ချုပ်နည်းကို အသုံးပြုလာခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်ခဲ့ပြီးဖြစ်ပါတယ်။ သွေးခွဲအုပ်ချုပ်နည်းကို အာဏာရှင်အဆက်ဆက် လက်ခံကျင့်သုံးခဲ့ကြပါတယ်။ အထူးသဖြင့် အချုပ်အခြာအာဏာ သက်ရောက်မှုနည်းသည့် တိုင်းရင်းသားဒေသများတွင် ပိုမိုအသုံးပြုလေ့ရှိခဲ့ပါတယ်။ သွေးခွဲအုပ်ချုပ်နည်းထဲမှ လူမျိုးရေးဝါဒမှိုင်းသည် လည်း အာဏာရှင်အဆက်အဆက်က အဓိကလက်ကိုင်တုတ်အဖြစ်အသုံးပြုခဲ့ပါတယ်။ စစ်ကောင်စီက လည်း အာဏာသိမ်းပြီးကတည်းက အသုံးပြုလာခဲ့ပေမယ့် ၁၀၂၇...

ရွှေညောင် ရာအိမ်မှူးမှ စစ်မှုထမ်းအတွက် ပိုက်ဆံအတင်းအကြပ်ကောက်ခံနေ

သျှမ်းပြည်တောင်ပိုင်း၊ ရွှေညောင်မြို့နယ် မြို့ပေါ်ရပ်ကွက် အချို့တွင် ရာအိမ်မှူးမှ စစ်မှုထမ်းအတွက် ငွေအတင်းအကြပ်ကောက်ခံမှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ ဩဂုတ်လအတွင်း ရွှေညောင်မြို့၊ မြို့ပေါ်ရပ်ကွက်အချို့တွင် စစ်မှုထမ်းအကြောင်းပြကာ ငွေအတင်းအကြပ်ကောက်ခံမှုများရှိနေကြောင်း မြို့ခံတစ်ဦးကပြောသည်။ “ယောကျ်ားလေးရှိတဲ့ အိမ်တိုင်းကိုကောက်တာ တအိမ်ကို ၃ သောင်းကျပ်၊ အစည်းအဝေးတွေ ခေါ်တာမျိုးလည်း မကြားမိဘူး။ အိမ်တိုင်ရာရောက်လိုက်ကောက်နေတာ၊ ယောကျ်ားလေးမရှိတဲ့ အိမ်တွေကိုလည်း...

မိုင်းဖြတ်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ငွေအဆမတန်ကောက်ခံနေ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ခရီးဝေးသို့ ဆက်သွားမည့် ကားများကိုသာ ငွေအဆမတန် ကောက်ခံနေသည်ဟု စုံစမ်းသိရသည်။ မိုင်းဖြတ်မြို့အဝင် ဟိုနား(စောမွန်)ရွာရှိ စစ်ဆေးရေးဂိတ်တွင် ခရီးဝေးသို့ ဆက်သွားမည့် ခရီးသည်တင် ကားများနှင့် လူမျိုးဘာသာကို စစ်မေးပြီး ငွေအဆမတန် ကောက်ခံနေသည်ဟု ယာဉ်မောင်းအမျိုးသားတစ်ဦးက သျှမ်းသံဆော်ဆင့်ကို ပြောသည်။ အဆိုပါ ကောက်ခံနေသည့်...

သီပေါတွင် လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ နေအိမ် ၃လုံးပျက်စီး

သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့တွင် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး လက်နက်ကြီးထိမှန်သေဆုံးပြီး၊ နေအိမ် ၃လုံးပျက်စီးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့်( ဩဂုတ်လ ၁၀ရက်) မှစတင်ပြီး သီပေါအခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ(၂၃)၊ ခြေမြန်တပ်ရင်း ခမရ-၅၀၃/၅၀၄ တို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် PDF...

ရပ်စောက်မြို့နယ် ပင်ဖြစ်ရွာတွင် စစ်ကောင်စီမှ စစ်သင်တန်းပေးရန်ကြိုးစားနေ

သျှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ရွာတွင် စစ်ကောင်စီတပ်မှ စစ်သင်တန်းပေးရန်ကြိုးစားနေကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (ဩဂုတ်လ ၂၀) ရက်တွင် ရပ်စောက်မြို့နယ် ပင်ဖြစ်ရွာဘုန်းကြီးကျောင်းအတွင်း စစ်ကောင်စီတပ်မှ ပင်ဖြစ်ကျေးရွာဘုန်းကြီးကျောင်းအတွင်းတွင် စစ်သင်တန်းပေးရန် လာရောက်ညှိနှိုင်းမှုများရှိနေကြောင်း ရပ်စောက်မြို့နယ် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။ “ ဘုန်းကြီးကျောင်းထဲမှာ စစ်သင်တန်းပေးဖို့ လာညှိတယ်လို့ပြောတယ်။ လက်မခံလို့ ဆပ်သေဘက်ကိုသွားလိုက်ကြတယ်လို့ ကြားတယ်”...

Latest news