Friday, February 6, 2026

CATEGORY

လူ့အခွင့်အရေး

မူဆယ်မြို့ တရုတ်စစ်တပ် ကျူးကျော်မှု ကာကွယ်ရန်ဟုဆိုကာ မြို့မ ပြည်သူ့စစ် ခံစစ်ပြင်

သျှမ်းမြောက်၊ တရုတ်-မြန်မာနယ်စပ်၊ တရုတ်နိုင်ငံဘက် ရွှေလီတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်-PLA စစ်ရေးလေ့ကျင့်နေစဥ် မူဆယ်မြို့၌ စစ်ကောင်စီ လက်အောက်ခံ နမ့်ခမ်းမြို့မ ပြည်သူ့စစ်က ခံစစ် ပြင်နေသည်ဟု နယ်စပ် စစ်ရေးလေ့လာ စောင့်ကြည့်နေသူ တစ်ဦးက ယနေ့ (သြဂုတ်လ ၂၈ ရက်) တွင် ပြောသည်။ တရုတ်...

သီပေါ စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် အရပ်သား ၁၉ ဦးသေဆုံး SHRF ထုတ်ပြန်

သျှမ်းပြည် သီပေါမြို့နယ်အတွင်း စစ်ကောင်စီ၏ ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သား (၁၉) ဦးသေဆုံးကာ (၁၉) ဦးဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က ထုတ်ပြန်လိုက်သည်။ အဆိုပါ ထုတ်ပြန်ချက်ကို သြဂုတ်လ ၂၆ရက်တွင်ထုတ်ပြန်ခဲ့ပြီး SHRF ၏ ဇူလိုင်လ ၁၉ ရက်မှ သြဂုတ်လ ၁၉...

ကြီးငယ်၊ ကျား-မ မရွေး စစ်တပ်ထဲသွင်းမည့်အစီအစဉ် စစ်ကောင်စီကြိုးပမ်းနေ

နိုင်ငံအနှံ့ တိုက်ပွဲများတွင် ရှုံးနိမ့်မှုများနှင့် စစ်အင်အားလျော့ပါးနေသည့် စစ်ကောင်စီသည် ကြီးငယ်၊ ကျား-မ မရွေး ပြည်သူများကို စစ်တပ်ထဲသွင်းမည့်အစီအစဥ်အား ကြိုးပမ်းနေသည်။ သြဂုတ်လ ၁၆ ရက်နေ့က ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေး ဗဟိုကြီးကြပ်မှုအဖွဲ့ဟု စစ်ကောင်စီက ဖွဲ့စည်းလိုက်ပြီးနောက် လမ်းအလိုက်၊ ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် လုံခြုံရေး တည်ဆောက်ရမည်ဟု စစ်ခေါင်းဆောင်...

တောင်ကြီးမြို့နယ် စစ်ကောင်စီ စစ်မှုထမ်းအတွက် ငွေကြေးကောက်ခံနေ

သျှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာစုတွင် စစ်ကောင်စီတို့က စစ်မှုထမ်းအတွက် ငွေကြေးကောက်ခံနေကြောင်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှ စပြီး စစ်ကောင်စီတပ်မှ တစ်အိမ်လျှင် ကျပ်ငွေ( ၅သောင်း) ကောက်ခံနေကာ စစ်မှုထမ်းရန်အတွက် ဒေသခံများကို ခေါ်ယူစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ “စစ်တပ်ကလည်းလာကောက်တယ်။ စစ်မှုထမ်းအတွက်လည်း လူပေးနေရတယ်။ နောက်ကျရင် ပအိုဝ်းပြည်သူ့စစ် (PNO)...

သီပေါမြို့ပေါ် စစ်ကောင်စီတပ် အပြင်းအထန် လေကြောင်းဗုံးကြဲ၊ စာသင်ကျောင်းထဲ အရပ်သားနှစ်ဦး သေဆုံး

သျှမ်းပြည် သီပေါမြို့ကို စစ်ကောင်စီတပ်မှ လူအိပ်မောကျနေသည့် ညအချိန် လေကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းတွင် နေထိုင်သည့် အရပ်သားနှစ်ဦး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်) နံနက် ၁ နာရီခန့်မှ စတင်၍ သီပေါမြို့ပေါ် ရပ်ကွက်များသို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနှင့်...

မိုင်းရယ်မြို့နယ် နေအိမ်များထံ စစ်ကောင်စီ အဓမ္မဝင်ပြီး ပစ္စည်းများသယ်ဆောင်နေ

သျှမ်းပြည် မိုင်းရယ်မြို့နယ် ကျေးရွာတစ်ရွာရှိ နေအိမ်များထံ စစ်ကောင်စီတပ်သားများက အတင်းအဓမ္မ ဝင်ရောက်ကာ လိုချင်သည့် ပစ္စည်းများကို ယူဆောင်သွားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ ဒုတိယပတ်မှ စတင်၍ မိုင်းရယ်မြို့နယ် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-၆၇ အနီးရှိ ဝမ်မုရွာ(ဝၢၼ်ႈမူႉ)တွင် စစ်ကောင်စီတပ်သားများ ဝင်ရောက်လာပြီး...

ဆီဆိုင်မြို့သို့ ပို့ဆောင်ခံရသည့် အခြားပြည်နယ်က စစ်သင်တန်းဆင်း တပ်သားသစ် သေဆုံးမှုများ

သျှမ်းပြည် ဆီဆိုင်မြို့သို့ ပို့ဆောင်ခံရသည့် အခြားပြည်နယ်က စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များ သေဆုံးမှုများနေကြောင်း သိရသည်။ သြဂုတ်လဆန်းမှစ၍ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA တို့ တိုက်ပွဲပြန်ဖြစ်ပွားလာရာ တစ်လနီးပါးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့်သေဆုံးခဲ့သည်ဟု PNLA ကသြဂုတ် ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။ တိုက်ပွဲအတွင်း...

သီပေါ ၃ ရက်ဆက်တိုက် လက်နက်ကြီးကြောင့် အရပ်သား ၃ ဦး သေဆုံး

သျှမ်းပြည် သီပေါမြို့တွင် စစ်ကောင်စီတပ်မှ သုံးရက်ဆက်တိုက် လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး၊ ကလေး တစ်ဦး အပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၆ ရက်) နံနက် ၄...

ဘားအံမြို့ ၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူ သွားလာခွင့်မရ

သျှမ်းပြည်မှ ကရင်ပြည်နယ်သို့ သွားသည့်လမ်းတွင် ၁၃ မျဉ်းစောင်း နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်ကတ် ကိုင်ဆောင်ထားသော မည်သည့်လူမျိုးမဆို စစ်ကောင်စီဂိတ်တွင် ဖြတ်သန်းသွားလာခွင့် မပြုကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (သြဂုတ်လ ၁၈ ရက်) မှ စတင်၍ ကရင်ပြည်နယ် ဘားအံမြို့ စစ်ကောင်စီဂိတ်များတွင် သျှမ်းပြည်မှ လာသည့် ၁၃...

အမျိုးသမီးစစ်မှုထမ်းစာရင်း စတင်ကောက်ယူ သတင်းကြောင့် မိဘနှင့်လူငယ်အမျိုးသမီးကြား စိုးရိမ်မှုမြင့်တက်လာ

မြန်မာနိုင်ငံဒေသအချို့တွင် အမျိုးသမီး စစ်မှုထမ်းစာရင်းများကို စတင် ကောက်ယူနေကြောင်း သတင်းများထွက်လာပြီးနောက် သျှမ်းပြည်အတွင်း လူငယ်အမျိုးသမီးများနှင့် မိဘများအကြား စိုးရိမ်ပူပန်မှုများစွာဖြစ်‌ပေါ်လာကြောင်း သိရသည်။ ဩဂုတ်လအတွင်း အမျိုးသမီးများကိုပါ စစ်မှုထမ်းစာရင်းကောက်ယူနေသည့်အတွက် CDM ဝန်ထမ်းဖြစ်သောကြောင့် ပို၍စိုးရိမ်နေရကြောင်း တောင်ကြီးမြို့တွင်နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် CDM ကျောင်းဆရာမတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “...

Latest news