CATEGORY

လူ့အခွင့်အရေး

စစ်ခေါင်းဆောင် က ဂျီနီဗာကွန်ဗင်းရှင်းအတိုင်း ဆောင်ရွက်နေဟု ICRC ဥက္ကဋ္ဌကို ဗြောင်လိမ်ပြောဆို

ဆုံးရှုံးနယ်မြေဒေသများကို တန်ပြန်ထိုးစစ်ဆင်မည်ဟု ကြုံးဝါးနေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ ဆောင်ရွက်နေကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဋ္ဌကို ဆွေးနွေးပြောဆိုခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၉ ရက်) နေပြည်တော်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဋ္ဌ Ms....

မိုင်းရယ်စစ်ကောင်စီတပ် အင်အားဖြည့်၊ ဒရုန်းဗုံးနှင့် အမြောက်ပစ် လုံခြုံရေးစိုးရိမ်ရ

သျှမ်းပြည် မိုင်းရယ်မြို့အခြေစိုက် စစ်ကောင်စီတပ်မှ လားရှိုးမြို့သို့ စက်သုံးဆီနှင့် ရိက္ခာသယ်ယူနေသည့် လမ်းကြောင်းဖြတ်တောက်ရေး ဂိတ်ဆောက်၍ တားဆီးနိုင်ရန် အင်အားဖြည့်တင်းနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၉ ရက်)မှ စတင်၍ မိုင်းရယ်မြို့အခြေစိုက် စစ်ကောင်စီတပ်များမှ ဟိုယကျေးရွာအုပ်စုအနီး နားဆန်း၊ နားယန်းနှင့် နောင်ပစ်အကြားတွင် နေရာယူကာ လားရှိုးမြို့သို့ စက်သုံးဆီနှင့်...

ပန်ဆိုင်းမြို့ပေါ် လေကြောင်းစိုးရိမ်မှုကြောင့် စာသင်ကျောင်းပိတ်ထားရ

သျှမ်းပြည် မူဆယ်မြို့နယ်အတွင်း ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ အထက စာသင်ကျောင်းကို လေကြောင်းအန္တရာယ် စိုးရိမ်မှုကြောင့် ကိုးကန့်တပ်ဖွဲ့ MNDAA က ကျောင်း (၂) ရက် ပိတ်ထားခိုင်းကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ...

နောင်ချို စစ်ဘေးရှောင် ၅ ထောင်ကျော် ဆေးဝါးနှင့်ရိက္ခာ အရေးပေါ်လိုအပ်၊ ရွာပြင်မှာ တဲထိုးနေရ

သျှမ်းပြည် နောင်ချိုမြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် (၅၀၀၀) ကျော်အတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလအတွင်း တစ်ကျော့ပြန် စတင်ခဲ့သည့် စစ်ကောင်စီတပ်နှင့် မန္တလေး-PDF တပ်ဖွဲ့တို့၏ ပြင်ဦးလွင်-နောင်ချိုနယ်စပ် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် သရက်ကုန်းနှင့် ဆီဆုံကျေးရွာအုပ်စုမှ စစ်ဘေးရှောင် (၅၀၀၀) ကျော်သည်...

လေကြောင်း ထပ်မံဗုံးကြဲခံရသည့် လားရှိုးမြို့အရပ်သား ၁၂ ဦး ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုရှိ

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လားရှိုးမြို့တွင် ထိခိုက်ဒဏ်ရာရသူ အရပ်သား ၁၂ ဦးနှင့် သေဆုံးသူ အရပ်သားများရှိသည်ဟု ကိုးကန့်တပ်ဖွဲ့ MNDAA က ယနေ့ စက်တင်ဘာလ ၉ ရက်တွင် ထုတ်ပြန်ထားသည်။ ယနေ့ (စက်တင်ဘာလ ၉ ရက်) နံနက်ပိုင်း ၁၀ နာရီကျော်အချိန်တွင် လားရှိုးမြို့...

လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးထပ်ကြဲ

သျှမ်းပြည် လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ယနေ့ (စက်တင်ဘာလ ၉ ရက်) နံနက် ၁၀ နာရီကျော်တွင် ဗုံးထပ်ကြဲနေကြောင်း မြို့ခံတစ်ဦးက ပြောသည်။ လားရှိုးမြို့ ရပ်ကွက် (၁) ဗျူဟာလမ်းနှင့် ထွေအုပ်ရုံးအနီးတဝိုက်ကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံး ၂ လုံးကြဲချသွားကြောင်း လားရှိုးမြို့ခံ...

စစ်ရှုံးသည့် စစ်ကောင်စီ လူအိပ်မောကျချိန် လားရှိုးမြို့ပေါ် ဗုံးလာကြဲ

သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို ယနေ့ (စက်တင်ဘာ ၈)ရက် နံနက် ၄နာရီကျော်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးလာကြဲသွားကြောင်း သတင်းရရှိသည်။ ယနေ့ (စက်တင်ဘာ ၈)ရက် နံနက် ၄နာရီကျော်တွင် လားရှိုးမြို့ ရပ်ကွက် (၁၂)တွင် စစ်ကောင်စီတပ်ဖွဲ့မှ လေကြောင်းဖြင့် ဗုံး...

သျှမ်းမြောက်တက်လာသည့် ၅ မျဉ်းစောင်း၊ ၈ မျဉ်းစောင်း၊ ၉ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူ ရပ်စောက် စစ်ကောင်စီ ဂိတ်ဖြတ်သန်းခွင့်မပြု

သျှမ်းပြည် ရပ်စောက်မြို့ စစ်ကောင်စီတပ်သည် ပြည်မမှ တက်လာသည့် ၅ မျဉ်းစောင်း၊ ၈ မျဉ်းစောင်း၊ ၉ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူများကို ဂိတ်ဖြတ်သန်းခွင့်မပြုဘဲ ခရီးသွားလာခွင့် ကန့်သတ်နေကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ ပထမပတ်မှ စတင်၍ ရပ်စောက်မြို့နယ်အတွင်းရှိ စစ်ကောင်စီဂိတ်များတွင် သျှမ်းမြောက်သို့ ခရီးသွားမည့် ၅ မျဉ်းစောင်း၊...

သီပေါမြို့နယ် စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သား ၁ဦးသေဆုံး၊ ၁ဦးဒဏ်ရာရ

သျှမ်းပြည် သီပေါမြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၅ ရက်) နံနက် ၉ နာရီဝန်းကျင်တွင် နမ့်လန်မြို့ အခြေစိုက်ထားသည့် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ (၅၀၆) တပ်မှ...

‘ဝ’ဒေသ ရာဇဝတ်မှု ကျူးလွန်သူများကို UWSP မှ လူစုလူဝေးရှေ့ စီရင်ချက်ချ

သျှမ်းပြည် ‘ဝ’ဒေသအတွင်း ရာဇဝတ်မှု ကျူးလွန်သူများကို ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) တရားစီရင်ရေးကော်မတီမှ လူစုလူဝေး ရှေ့မှောက်တွင် စီရင်ချက် ချမှတ်ပြီး ပြစ်ဒဏ်ပေးခဲ့ကြောင်း သတင်းသိရသည်။ ဩဂုတ်လ (၄) ရက် နံနက်ပိုင်းတွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသရှိ ပန်ဆန်း(ပန်ခမ်း)မြို့တွင် ပြန်ပေးဆွဲမှု၊ ခိုးမှု၊ လုယက်မှုနှင့် သေနတ်ရောင်းဝယ်ဖောက်ကားမှု...

Latest news