ကျောက်မဲမြို့နယ်တွင် ရေပြန်ကျ၊ ရေစီးထဲ မျှောပါလာသည့် အလောင်းနှစ်လောင်းတွေ့ရှိ
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် မိုးသည်းထန်ရွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံ ဖြစ်ပွားပြီးနောက် ရေစီးထဲ မျှောပါလာသည့် အလောင်းနှစ်လောင်း တွေ့ရှိထားကြောင်း သတင်းရရှိသည်။ ယနေ့ (သြဂုတ် ၇ ရက်) နံနက်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးတိုက်နယ်အတွင်း ရေစီးနှင့် မျှောပါလာသည့် ပိုင်ရှင်မဲ့ အမျိုးသားတစ်ဦးကို နောင်ကွမ်ရွာနှင့် ကောင်းလန်းရွာကြားတွင် အလောင်းတွေ့ရှိထားကြောင်း...
သျှမ်းအရှေ့သွားရာ ပြည်ထောင်စုလမ်းမကြီး အခြေအနေဆိုးရွားခြင်းကြောင့် ခရီးသည်ခက်ခဲ
သျှမ်းပြည် အရှေ့ပိုင်းသို့သွားရာ ပြည်ထောင်စုလမ်းမကြီးတကြောတွင် လမ်းအခြေအနေ ဆိုးရွားနေသဖြင့် ခရီးသွားများ အခက်အခဲကြုံနေရကြောင်း သတင်းရရှိသည်။ သျှမ်းပြည် အရှေ့ပိုင်းသို့ သွားရာ ပြည်ထောင်စုလမ်းမကြီးများသည် မိုးတွင်းကာလ တောင်ပြိုခြင်း၊ လမ်းချော်ခြင်းများ ဆိုးဆိုးရွားရွား လမ်းပျက်စီးနေသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက လာရောက်ပြင်ဆင်ပေးခြင်း မရှိသဖြင့် ကားသမားအချင်းချင်းကြား ကူညီဖြေရှင်းကြရပြီး၊ ခရီးသွားများလည်း အခက်အခဲဖြစ်နေကြောင်း...
ပင်းတယ တောင်ကျရေကြောင့် စပါးခင်းအားလုံးနီးပါးပျက်စီး၊ နောက်နှစ် ဆန်ရှားပါးလာနိုင်
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် သိမ်ကုန်းကျေးရွာ အုပ်စုတွင် တောင်ကျရေကြောင့် စပါးခင်းအားလုံးနီးပါး ပျက်စီးသဖြင့် နောက်နှစ်အတွက် ဆန်ရှားပါးမှုကြုံတွေ့လာနိုင်ကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေ့တွင် သိမ်ကုန်းကျေးရွာအုပ်စု ကုန်းစောင်းကျေးရွာနှင့် အုံအက်ကျေးရွာတွင် တောင်ကျရေကြောင့် နေအိမ်နှင့် စိုက်ပျိုးထားသည့် စပါးခင်းများပျက်စီးခဲ့ပြီး လူ(၈)ဦးသေဆုံးခဲ့သည်။ ထိုတောင်ကျရေ တိုက်စားပြီးနောက် ပင်းတယ...
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပွား၍ ကားတစ်စီး ရေထဲမျှောပါသွားပြီး လူနှစ်ဦး ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၆ ရက်) နေ့လယ်ပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး နောင်ပိန်ကျေးရွာအနီး လုပ်ပါရေကန် ကျိုးပေါက်ခြင်းကြောင့် (၅) ရပ်ကွက်ရှိ...
ချင်းမိုင်ခရိုင် မြို့နယ် ၁၄ ခုတွင် မြေပြိုမှုနှင့် ရေကြီးမှု သတိပေးချက်ထုတ်ပြန်
SHAN -
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်ရှိ မြို့နယ် ၁၄ ခုတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုခြင်းနှင့် တောင်ကျရေများ ရုတ်တရက် စီးဝင်နိုင်ခြင်း ဖြစ်ပေါ်လာနိုင်သဖြင့် အထူးသတိထားရန် ထိုင်းနိုင်ငံ မိုးလေဝသဌာနက အသိပေးချက်ထုတ်ပြန်ထားသည်။ မြောက်ပိုင်းဒေသကို ဖြတ်ကျော်နေသော မုတ်သုံလေကြောင့် သြဂုတ်လ ၆ ရက်မှ ၈ ရက်နေ့အတွင်း ချင်းမိုင်ခရိုင်ရှိ...
မိုးဗြဲရေကာတာ ရေဖောက်ချမှုကြောင့် လယ်ဧက ရာနှင့်ချီ ရေနစ်မြှုပ်
သျှမ်းပြည် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ရှိ စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း (ခမရ-၄၂၂)သည် မိုးဗြဲ ရေကာတာကို ဖွင့်ချလိုက်သဖြင့် လယ်ဧက ရာနှင့်ချီ နစ်မြှုပ်ပြီး ဒေသခံများ ရေဘေးသင့်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လနှောင်းပိုင်းက စပြီး သျှမ်းပြည် တောင်ကြီးခရိုင်အတွင်း မိုးအဆက်မပြတ် ရွာသွန်းကာ ပင်လောင်းမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် ဖယ်ခုံမြို့နယ်အတွင်း တောင်ကျရေများကြောင့်...
ပင်လောင်း တောင်ကျရေကြောင့် ရွာလုံးကျွတ် ရွှေ့ပြောင်းရ
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ထီပေါင်းအုပ်စု၊ လွယ်မောင်းကျေးရွာနှင့် ထီဝါးလီ ကျေးရွာနှစ်ရွာသည် တောင်ကျရေကြောင့် ရွာလုံးကျွတ် ရွှေ့ပြောင်းနေရကြောင်း စုံစမ်းသိရှိရသည်။ ဩဂုတ်လ ၂ ရက် မနက် ၁၀ နာရီကျော်တွင် မိုးအဆက်မပြတ် ရွာသွန်းသောကြောင့် တောင်ကျရေ ရုတ်တရက် ဝင်ရောက်လာသဖြင့် နေအိမ်၊ လမ်းနှင့် စာသင်ကျောင်းများ ထိခိုက်...
ရွာငံ-အောင်ပန်း ကားလမ်း ပြတ်တောက်ပျက်စီး
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံ-အောင်ပန်း ကားလမ်းမကြီး သည် မိုးသည်ထန်ရွာသွန်းမှုကြောင့် ပြတ်တောက်ပျက်စီးသွားပြီး ယာဉ်ငယ်များသာ သွားလာနိုင်သေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၈)ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရွာငံမြို့ တောင်ဘက် မြိုင်ကျေးရွာအနီး ရှိ ရွာငံ-အောင်ပန်း ကားလမ်းမသည် ရေတိုက်စားမှုကြောင့် ပြတ်တောက်ပျက်စီးသွားပြီး ယာဉ်ငယ်များသာ ဖြတ်သန်းသွားလာလို့ ရသေးကြောင်း...
အကြွေးယူပြီး စိုက်ထားသည့် ပုံအင်းစပါးခင်းများရေမြုပ်
ယာဂီမုန်တိုင်းအရှိန်ကြောင့် ယမန်နှစ်က စပါးအရှုံးပေါ်ခဲ့သော ပုံးအင်းဒေသ တောင်သူများသည် အကြွေးယူပြီး စပါးပြန်စိုက်ခဲ့သော်လည်း ယခုလအတွင်း ဝင်ရောက်ခဲ့သော ဝီဖာမုန်တိုင်းအရှိန်ကြောင့် စပါးစိုက်ခင်း ဧက တစ်သောင်းကျော် ရေနစ်မြုပ်ကြောင်း တောင်သူလယ်သမားများက ပြောသည်။ တောင်ကြီးမြို့နယ် နားဟီးကျေးရွာအုပ်စုနှင့် အသုံးတော်ကျေးရွာအုပ်စု အပါအဝင် ဆီဆိုင်မြို့နယ် ပုံးအင်းကျေးရွာအုပ်စုအတွင်းရှိ စပါးစိုက်ခင်း ဧက တစ်သောင်းကျော်...
ပင်းတယ ရေကြီးမှုတွင် အသေပျောက်များ
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စု ကုန်းစောင်းရွာနှင့် အုံအက် ကျေးရွာတွင် တောင်ကျရေကြောင့် အသေအပျောက်ရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၃နာရီအချိန်တွင် ပင်းတယမြို့နယ် ကုန်းစောင်းရွာ၌ တောင်ကျရေ ရုတ်တရက်ဆင်းလာကာ ချောင်းနှင့် လမ်းသင့်သည့် နေအိမ်များ ကျောက်တုံး၊ မြေခဲ များ...






