ကလော ရေကြီးမှု မှတဆင့် အင်းလေးကန်လည်း ရေကြီးလာနိုင်
ယခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သျှမ်းပြည် ကလောမြို့မှာ ရေကြီးမှုဖြစ်ပွားပြီး နေအိမ်ပျက်စီးမှုရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင် ၂၈)ရက် နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကလောမြို့ရှိ ကလောချောင်း ရေကြီးရေလျှံမှုဖြစ်ပြီး ချောင်းဘေးရှိ နေအိမ်များ ရေကြီးမှုဖြစ်ပွားခဲ့ကြောင်း ကလောဒေသခံတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ မနက်ပိုင်းကတော့ ကလောချောင်းရေ တော်တော်တက်၊ နေအိမ်တွေ...
သျှမ်းပြည်နေရာအနှံ့တွင် ရေကြီး၊ နေအိမ်အချို့နှင့် သီးနှံစိုက်ခင်းများ ပျက်စီး
ဝီဖာမုန်တိုင်း၏ ရိုက်ခတ်မှု အရှိန်ကြောင့် သျှမ်းပြည်အရှေ့ပိုင်းနှင့် တောင်ပိုင်းရှိ မြို့နှင့် ကျေးရွာများတွင် ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက် နေအိမ်အချို့နှင့် သီးနှံစိုက်ခင်းများ ပျက်စီးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၂၃ ရက်) ညနေပိုင်းက လင်းခေးမြို့ရှိ နမ့်တိန်းချောင်းရေလျှံမှုကြောင့် မြို့ပေါ်ရှိ လူနေအိမ်နှင့် ရပ်ကွက်များတွင် ရေကြီးမှုဖြစ်ပွားခဲ့ပြီး ပြည်သူများ...
“UWSA” ထိန်းချုပ် မိုင်းပေါက်မြို့တွင် ရေကြီးမှုဖြစ်၊ ရဲအရာရှိ ၁ ဦးသေဆုံး
SHAN -
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာဒေသ သျှမ်းပြည်အရှေ့ပိုင်း မိုင်းပေါက်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေကြီးရေလျှံမှု ဖြစ်ပေါ်ပြီး ရဲအရာရှိ တစ်ဦးသေဆုံးကြောင်း သိရသည်။ ယမန်နေ့ (ဇူလိုင် ၂၂ ရက်) နံနက်အစောပိုင်းမှစပြီး မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မိုင်းပေါက်မြို့တွင် ရေကြီးမှု ဖြစ်ပေါ်ခဲ့ကြောင်း Wa Nation society...
အကြွေးယူပြီး စိုက်ထားသည့် စိုက်ခင်းများရေမြှုပ်သော်လည်း နေ့စားလိုက်ဆပ်နေရ
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် အကြွေးယူပြီး စိုက်ပျိုးထားသည့် စိုက်ခင်းများ ရေမြှုပ်ပျက်စီးသွားသော်လည်း ဒေသခံများ နေ့စားလိုက်ပြီး အကြွေးပြန်ဆပ်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန် (၁၀)ရက် မိုးဉီးကျချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများကြောင့် အင်းလေးကန် ရေကြီးမှုဖြစ်ပွားကာ အကြွေးယူပြီးစိုက်ပျိုးထာားသည့် သီးနှံများ ရိတ်သိမ်းရန် ရက် ၂၀...
ဝီဖာမုန်တိုင်းရိုက်ခတ်မှုကြောင့် တာချီလိတ်တွင် မိုးကြီးလေပြင်းတိုက်၊ လူ (၂) ဦး ဓာတ်လိုက်ခံရ
တုံကင်ပင်လယ်ကွေ့တွင် ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်း ဝီဖာ (WIPHA) မုန်တိုင်း၏ ရိုက်ခတ်မှုကြောင့် ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် မိုးကြီးလေပြင်းတိုက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇူလိုင် ၂၁) ရက်နေ့ ည (၇) နာရီတွင် ဝီဖာ (WIPHA) မုန်တိုင်း၏ ရိုက်ခတ်မှုကြောင့် ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်ရှိ ရပ်ကွက်များတွင်...
မန္တလေး၊ အင်းလေး ငလျင်ထပ်မံလှုပ်
ယနေ့ (ဇူလိုင်လ ၈ ရက်) ညနေ ၄ နာရီဝန်းကျင်တွင် မန္တလေးတိုင်းဒေသကြီး ကျောက်မြောင်းအနီးတွင် ဗဟိုပြု၍ မဂ္ဂနီကျု ၅.၄ အဆင့်အားပြင်းသည့် ငလျင်ထပ်မံလှုပ်ခတ်ခဲ့ကြောင်းသိရသည်။ ထိုမြေငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းဒေသ မိုးကုတ်မြို့နယ် သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသ၊ တောင်ကြီးမြို့နယ် နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့မြို့နယ် ထိသိသိသာသာ ငလျင်လှုပ်ခတ်ခဲ့ကြောင်း...
မိုင်းပန်တွင် ညသန်းခေါင်ယံ ချောင်းရေတက်လာခြင်းကြောင့် ညတွင်းချင်း ဘေးလွတ်ရာပြောင်းရွှေ့ရ
သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့တွင် ညသန်းခေါင်အချိန် နမ့်ပန်ချောင်းရေ ရုတ်တရက် တက်လာသောကြောင့် ညတွင်းချင်း ဘေးလွတ်ရာ ပြောင်းရွှေ့လိုက်ရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၁၆ ရက်)တွင် မိုင်းပန်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နမ့်ပန်ချောင်းရေ ရုတ်တရက် တက်လာပြီး ညသန်းခေါင်ယံအချိန်တွင် ရေများ နေအိမ်အတွင်းသို့ ဝင်ရောက်လာသည်။ ထိုသို့ နမ့်ပန်ချောင်းရေ...
SHAN -
သျှမ်းပြည်အရှေ့ပိုင်းတွင် မြစ်ဖျားခံပြီး ထိုင်း-မြန်မာနယ်စပ်တလျှောက် ဖြတ်သန်းစီးဆင်းနေသည့် မြစ်ချောင်းများထဲ ရေထုညစ်ညမ်းမှုကို ဖြေရှင်းရန် ထိုင်းအစိုးရ ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်သို့ သွားရောက်ညှိနှိုင်းမည်ဟု သိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၆ ရက်) တွင် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်ခန်းမ၌ မယ်ဆိုင်ချောင်း၊ မယ်ဟုတ်ချောင်း၊ နမ့်ခုတ်မြစ်နှင့် မဲခေါင်မြစ်ဝှမ်းတလျောက် နေထိုင်သည့်...
မိုင်းဆတ်တွင် တောင်ကျချောင်းရေကြောင့် နမ့်ကျန်းတံတား ယာယီပိတ်ထား
သျှမ်းပြည်အရှေ့ပိုင်း၊မိုင်းဆတ်မြို့ တွင် တောင်ကျချောင်းရေကြောင့် မိုင်းဆတ်-တာချီလိတ်သွားသည့် နမ့်ကျန်တံတား ယာယီပိတ်ထားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၅) ရက်ညတွင် မိုင်းဆတ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး တောင်ကျချောင်းရေများကြောင့် နမ့်ကျန်းတံတား ချင်းကပ်လမ်းပျက်စီးသွားခဲ့ပြီး သွားလာမှု ယာယီပိတ်ထားရကြောင်း ဒေသခံများထံမှ သိရသည်။ “မနေ့ညက မိုးတစ်ညလုံးရွာလို့ ဒီမနက်ရေတက်လာတာ။တံတားချင်းကပ် ပြိုသွားလို့ အသွားအလာတော့ ခဏပိတ်ထားတယ်။...
ပင်လောင်းတွင် တောင်ကျရေကြောင့် နေအိမ်အတွင်း ကျောက်တုံးကြီးများ လှိမ့်ဝင်လာ
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ထီပေါင်းကျေးရွာအုပ်စုတွင် တောင်ကျရေနှင့်အတူ ကျောက်တုံးကြီးများ လှိမ့်ကျလာပြီး နေအိမ်များထဲ ဝင်ရောက်လာခဲ့ကြောင်း သတင်းရရှိသည်။ ဇူလိုင်လ ပထမပတ်မှ စပြီး ပင်လောင်းမြို့နယ် ထီပေါင်းကျေးရွာအုပ်စု လွယ်မောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကျရေနှင့်အတူ လှိမ့်ဆင်းလာသည့် ကျောက်တုံးကြီးများသည် အရှေ့လွယ်မောင်းကျေးရွာ အနောက်ဘက်ခြမ်းရှိ နေအိမ်များထဲသို့ ဝင်ရောက်လာသဖြင့် မြေပြန့်သို့...






