CATEGORY

သဘာဝအရင်းအမြစ်

တာချီလိတ်တွင် ရေပြန်ကျပြီးနောက် ရွှံ့နွံများ ကိုယ်တိုင်ရှင်းထုတ်နေရ

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်ရှိ နေအိမ်၊ ရပ်ကွက်နှင့် လမ်းများပေါ်တွင် ရေများကျဆင်း သွားပြီးနောက် ရွှံ့နွံများအား ကိုယ်တိုင်ရှင်းထုတ်နေရကြောင်း သိရသည်။ ပြီးခဲ့သည့် မေလ ၂၃ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မယ်ဆိုင်ချောင်းရေလျှံမှုကြောင့် တာချီလိတ်မြို့ပေါ်ရှိ နေအိမ်၊ ရပ်ကွက်နှင့် လမ်းများအတွင်း ရေများဝင်ရောက်ကာ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည်။ ယနေ့ နံနက်ပိုင်းအထိ...

သုံးလကြာ နမ့်ခုတ်ချောင်းပြဿနာအား ထိုင်းအစိုးရမှဖြေရှင်းရန်ပျက်ကွက်ပြီးနောက် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ပေးရန် ထိုင်းအမတ်ပြော

ထိုင်း-မြန်မာနယ်စပ်တလျောက် ချင်းရိုင်နှင့် ချင်းမိုင်ခရိုင်ကို ဖြတ်သန်းစီးလာသော နမ့်ခုတ်မြစ်ရေညစ်ညမ်းမှု ပြဿနာကို သုံးလကြာ ထိုင်းအစိုးရမှ ဖြေရှင်းရန်ပျက်ကွက်ပြီးနောက် လက်ရှိဝန်ကြီးချုပ်ရာထူးမှ နှုတ်ပေးရန် ထိုင်းအတိုက်အခံ အမတ်ဖြစ်သူ ကန်နဝီက The Reporters သတင်းတွင် ပြောသည်။ မိုင်းဆတ်မြို့နယ် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာဒေသရှိ တရုတ်သတ္တုလုပ်ငန်း များမှ စွန်ပစ်ပစ္စည်းများကြောင့်...

အင်းလေးဒေသ ငလျင်ဒဏ်ကြောင့် ဒေသခံများ စိုက်ပျိုးရေးလုပ်ငန်း နလံမထူနိုင်သေး

သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင် ငလျင်ဒဏ်သင့်သည့် ကျေးရွာများ၌ စိုက်ပျိုးရေးလုပ်ငန်းများ နလံမထူနိုင်သေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ၂၈ ရက်တွင် စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အား ၇.၇ ရစ်ချ်တာစကေးရှိ အင်အားပြင်း ငလျင်ကြီးကြောင့် သျှမ်းပြည် အင်းလေးဒေသအတွင်း နေအိမ် ရာနဲ့ချီ ပြိုကျပျက်စီးခဲ့ရသည်။ ထိုသို့ ပြိုကျပျက်စီးသွားသည့် နေအိမ်များကို...

သျှမ်းအရှေ့ UWSA ထိန်းချုပ်နေရာ မြေရှားသတ္တု တူးဖော်သည့်ကိစ္စ တရုတ်နှင့်မြန်မာသံရုံးသို့ ထိုင်းဒေသခံစာပို့၊ လူသောင်းချီ ဆန္ဒထုတ်ဖော်မည်

သျှမ်းပြည်အရှေ့ပိုင်းရှိ စစ်ကောင်စီနှင့် ‘ဝ’တပ်ဖွဲ့ UWSA တို့ ပူးပေါင်းထိန်းချုပ် ဒေသတွင် မြေရှားသတ္တု တူးဖော်နေသည့် ဂြိုလ်တုဓာတ်ပုံများ ထွက်ပေါ်လာပြီးနောက် တရုတ်နှင့် မြန်မာသံရုံးများသို့ ထိုင်းပြည်သူများ စာပေးပို့တောင်းဆိုထားကြောင်း သတင်းသိရသည်။ ယမန်နေ့ (မေလ ၁၉ ရက်) တွင် ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ သဘာဝပတ်ဝန်းကျင်...

တောင်ကြီး-လွိုင်လင်လမ်းပိုင်း မြေပြိုမှုကြောင့် (၁၅)ရက်ကြာ ညဘက်သွားလာခွင့် ပိတ်မည်

သျှမ်းပြည် တောင်ကြီး-လွိုင်လင်လမ်းပိုင်းတွင် မိုးရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်ပေါ်လျက်ရှိရာ ယနေ့ မေလ (၂၀)ရက်မှ ဇွန်လ (၃)ရက်နေ့အထိ (၁၅)ရက်ကြာ ညပိုင်း ကားဖြတ်သန်း သွားလာခွင့် ယာယီပိတ်မည်ဟု စုံစမ်းသိရှိရသည်။ တောင်ကြီး-လွိုင်လင် ပြည်ထောင်စုလမ်းမပေါ် ဟိုပုံးနှင့် မိုင်းပွန်ကြား နောင်ခါးကျေးရွာ၊ ထမ်စမ်းဂူ၊ လွယ်ဝိုးတုတ်ကျေးရွာ ကြား (၆)မိုင်ရှိသည့်...

နမ့်ခုတ်မြစ်ထဲသို့ ရေကစားပြီးနောက် ဆင်များအနာဖြစ်

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် မဲ့ယောင်းကျေးရွာ (Mae Yao) ရှိ ကရင်ဆင်စခန်းမှ ဆင်များသည် နမ့်ခုတ်မြစ်ထဲသို့ ရေကစားပြီးသည့်နောက် အဖုအထစ် အနာများဖြစ်ပွားနေကြောင်း ထိုင်းသတင်း၌ ဖော်ပြသည်။ ဆင်များ အဖုအထစ်အနာများဖြစ်ပွားမှုကြောင့် ကရင်ဆင်စခန်းမှ ခရီးသွားဧည့်သည်များ ၈၀ ရာခိုင်နှုန်း လျှော့ကျသွားကြောင်း ဆင်စခန်းမှ မန်နေဂျာအားကိုးကားပြီး Transborder News...

အဆိပ်သင့်မြစ်ရေနှင့် လာမည့်မိုးရာသီအတွက် ဒေသခံများစိုးရိမ်နေ

ထိုင်း-မြန်မာနယ်စပ်ဒေသ တာချီလိတ်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းလျှင် ယမန်နှစ်ကဲ့သို့ ရေကြီးရေလျှံမှု ဖြစ်ပေါ်မည်ကို စိုးရိမ်နေလျက်ရှိကြောင်း ဒေသခံများကပြောသည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း စံချိန်တင်ရေကြီးရေလျှံမှုကြောင့် ထိုင်း-မြန်မာနယ်စပ်ဒေသ တာချီလိတ်နှင့် မယ်ဆိုင်တွင် ရေလွှမ်းမိုးခံခဲ့ရပြီး နေအိမ်၊ အဆောက်အဦနှင့် ဈေးများ ပျက်စီးဆုံးရှုံးခဲ့ရသည်။ မေလ ၂၀ ရက်နေ့မှစ၍ သျှမ်းပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် နေရာအနှံ့အပြား...

UWSA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်း ၂ ခုတွေ့ရှိထား၊ ဒေသခံများ၏ ကျန်းမာရေးခြိမ်းခြောက်နေဟု SHFR ပြော

"ဝ"ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် "UWSA"နှင့် စစ်ကောင်စီတို့ ပူးပေါင်းထိန်းချုပ်ထားသည့် မိုင်းဆတ်မြို့နယ် မိုင်းယွန်းဒေသတွင် မြေရှားသတ္တုတွင်း ၂ ခု၏ ပုံရိပ်များတွေ့ရှိထားကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က ယမန်နေ့ မေလ ၁၅ ရက်နေ့က ထုတ်ပြန်သည်။ ဂြိုလ်တုဓာတ်ပုံများ၏ ဖော်ပြချက်အရ ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မယ်အိုင်းဒေသနှင့် မျက်နှာချင်းဆိုင်...

တောင်ကြီးတွင် ရေကြီးမှုများစတင်ဖြစ်ပွား

သျှမ်းပြည် တောင်ကြီးမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြို့ပေါ်ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ စတင်ဖြစ်ပေါ်နေပြီး လမ်းသွားလာမှုအခက်အခဲများကြုံတွေနေရကြောင်း တောင်ကြီးမြို့ခံများထံမှ သတင်းရရှိသည်။ ယမန်နေ့ (မေလ ၁၅ ရက်) ညနေပိုင်းတွင်း သျှမ်းပြည် တောင်ကြီးမြို့၊ မြို့ပေါ်ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ စတင်ဖြစ်ပေါ်နေပြီး အုတ်တံတိုင်းများပြိုကျပျက်စီးခြင်း၊ ကားလမ်းများပေါ်သို့ ရေလျှံခြင်း၊ မော်တော်ကားများနှင့် ဆိုင်ကယ်များပါ ရေနစ်မြုပ်ခြင်းတို့အထိဖြစ်ပေါ်နေကြောင်း...

မိုးဗြဲမြို့ ဆည်မြောင်းရေကို မှီခိုနေရသူများ သောက်သုံးရေအခက်တွေ့

သျှမ်း - ကရင်နီ နယ်စပ် မိုးဗြဲမြို့ရှိ ဆည်မြောင်းထဲတွင် အကြောင်းရင်း မသိဘဲ ငါးများ အစုအပြုံလိုက် သေဆုံးခြင်းကြောင့် ရေမသန့်ရှင်းမှု ဖြစ်သဖြင့်  ပြည်သူများအတွက် သောက်သုံးရေ အခက်အခဲ ကြုံနေကြောင်း စုံစမ်းသိရသည်။ တိုက်ပွဲပြင်းထန်နေသည့် မိုးဗြဲမြို့ရှိ ဆည်မြောင်းထဲတွင် မေလဆန်းပိုင်းမှ စတင်၍ ငါးများ အစုလိုက်အပြုံလိုက် အကြောင်းရင်းမသိရဘဲ...

Latest news