Thursday, May 30, 2024

CATEGORY

သဘာဝအရင်းအမြစ်

နမ့်လန် ပြောင်းခင်းထဲ ကြွက်များသောင်းကျန်း

သျှမ်းပြည် နမ့်လန်မြို့နယ်အတွင်း တောင်သူများ စိုက်ပျိုးထားသည့် ပြောင်းခင်းထဲကြွက်များ ဝင်ရောက်သောင်းကျန်းမှုကြောင့် ပြောင်းအများအပြား ပျက်စီးကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်း နမ့်လန်မြို့နယ်အတွင်း တောင်သူများ စိုက်ပျိုးထားသည့် ပြောင်းခင်းထဲ ကြွက်များဝင်ရောက်သောင်းကျန်းမှုကြောင့် ပြောင်းများပျက်စီးခဲ့ရပြီး၊ ပြောင်းထွက်နှုန်းထိခိုက်မှုရှိကြောင်း နမ့်လန် တောင်သူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ ပြောင်းအထွက်နှုန်းကောင်းပေမယ့် ကြွက်တွေဖျက်ဆီးတော့ ဆုံးရှုံးမှုရှိတယ်။ တကယ်လို့...

မိုင်းရယ်မြို့နယ် ကြိုးပြင်ကာကွယ်တောလုပ်မည့်ကိစ္စ ဒေသခံများ ဝိုင်းဝန်းကန့်ကွက်

သျှမ်းပြည် လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်အတွင်း အမှတ် (၃) ကြိုးပြင် ကာကွယ်တောပြုလုပ်မည့် ကိစ္စနှင့် ပတ်သက်ပြီး ဒေသခံများက ဝိုင်းဝန်းကန့်ကွက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၁၀) ရက် နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် တန့်ယန်းမြို့မှ သစ်တောအရာရှိ နှစ်ဦး၊ လားရှိုးမြို့မှ တစ်ဦး နှင့်...

သီပေါမြို့နယ် ကျောက်မီးသွေးတူးသည့် ငွေရည်ပုလဲ ကုမ္ပဏီကို ဒေသခံ လူငယ်များ ကန့်ကွက်

သျှမ်းပြည် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း ကျောက်မီးသွေး တူးဖော်နေသည့် ငွေရည်ပုလဲ ကုမ္ပဏီကို ဒေသခံ လူငယ်များ ကန့်ကွက်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် ကျောက်မဲခရိုင်အတွင်းမှ လူငယ်များ စုပေါင်းကာ သီပေါမြို့နယ်၊ နမ့်မကျေးရွာအုပ်စုအတွင်း ကျောက်မီးသွေး တူးနေသည့် ငွေရည်ပုလဲ...

ကျေးသီးမြို့နယ် ကျောက်မီးသွေးတူးဖော်ရန် ကုမ္ပဏီအသစ်တစ်ခု ထပ်တိုး

သျှမ်းပြည် လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်အတွင်း ကျောက်မီးသွေး တူးဖော်ရန်အတွက် ကုမ္ပဏီအသစ် တစ်ခု ထပ်မံရောက်ရှိလာကြေင်း စုံစမ်းသိရသည်။ လက်ရှိ စက်တင်ဘာလ စတုတ္တပတ်အတွင်း ကျေးသီးမြို့နယ်၊ မိုင်းကောင် (ဝ်) အုပ်စုအတွင်းတူးဖော်နေသည့် ကျောက်မီးသွေးတွင်း နေရာ၌ နောက်ထပ် ကုမ္ပဏီ အသစ် တစ်ခုရောက်လာနေကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

ကျေးသီးမြို့နယ်အတွင်း ကျောက်မီးသွေး ဧက ၅၀၀ ထက်မနည်း တူးဖော်မှု ရှိနေ

သျှမ်းပြည် လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်အတွင်း ကျောက်မီးသွေး တူးဖော်မှုသည် ဧကပေါင်း ၅၀၀ ထက်မနည်း ရှိနေသည့်အတွက် ဒေသခံများက စိုးရိမ်နေရကြောင်း သိရသည်။ . ကျေးသီးမြို့နယ်၊ မိုင်းကောင်(ဝ်)အုပ်စု (ဢိူင်ႇမိူင်းၵၢဝ်ႇ) ရှိ မိုက်ဟုန်းလိန်ကျေးရွာ (ဝၢၼ်ႈမႆ့ႁူင်းလိူင်) အနီးတွင် ကျောက်မီးသွေး တူးဖော်နေခြင်းဖြစ်ပြီး ဟေဟိန်းကုမ္ပဏီက လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ...

နမ့်ခမ်းမြို့နယ် မြေပြို ကလေး ၁ ဦး သေဆုံး၊ ၂ ဦးဒဏ်ရာရ

သျှမ်းပြည် နမ့်ခမ်းမြို့နယ် ဖာဒန်ကျေးရွာအုပ်စု မန်ကန် ကျေးရွာတွင် မြေပြိုကျမှု ဖြစ်ပွားခဲ့ပြီး ကလေးငယ် ၁ ဦးသေဆုံးရပြီး ၊၂ ဦး ထိခိုက်ဒဏ်ရာများ ရသွားကြောင်း သိရသည်။ . ယမန်နေ့ (သြဂုတ် ၉) ရက် တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေ စီးကြောင်းများ နှင့်...

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မူဆယ်မြို့နယ် ပန်ခမ်း ကျေးရွာ ရေကြီးမှုဖြစ်

သျှမ်းပြည် မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်ထိ ရေများဝင်ကာ ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း စုံစမ်း သိရှိရသည်။ . ဒီနေ့ သြဂုတ် (၉) ရက်တွင် ရေကြီးရေလျှံမှုကြောင့် ပန်ခမ်းကျေးရွာ နှင့် နောင်ယန်းကျေးရွာတို့ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ “နမ့်ပေါ့ ရေချောင်းကနေ စဖြစ်တာ။ နမ့်ပေါ်ရေကာတာ...

ကျောက်မဲမြို့နယ် အထက်ရဲရွာ ရေကာတာ ၂၀၂၅ အပြီးသတ် ဆောင်ရွက်မည်ဟုဆို

သျှမ်းပြည် ကျောက်မဲမြို့နယ် အတွင်းရှိ ဒုဋ္ဌဝတီမြစ် (မြစ်ငယ်မြစ်)ပေါ် အကောင်အထည်ဖော်နေသည့် အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၂၅ ခုနစ်တွင် အပြီးဖော်ဆောင်သွားမည်ဟု စုံစမ်းသိရသည်။ အဆိုပါ အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းသည် သျှမ်းပြည် ကျောက်မဲမြို့နယ် ကျောက်မဲမြို့ တောင်ဘက် မိုင် ၂၀ ခန့် အကွာ တောင်ခြေကျေးရွာအနီးတွင်...

လင်းခေးမြို့နယ်အတွင်း မိုးကြီး ရေကြီးမှုကြောင့် တံတားတစ်စင်း ပျက်

သျှမ်းပြည် လင်းခေးမြို့နယ်အတွင်း မိုးကြီးရေကြီးမှုကြောင့် တံတားတစ်စင်း ပျက်စီးရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက် နံနက်ပိုင်း ၁ နာရီ ဝန်းကျင်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး၊ ချောင်းရေများ မြင့်တက်လာရာ လင်းခေးမြို့နယ်မှ မက်ကျန်းမွန်းကျေးရွာ နှင့် နမ့်ဆိုင်းကျေးရွာကြားရှိ ပန်နမ့်ဟူးချောင်းကူး တံတား ပျက်စီးရကြောင်း...

စစ်ကောင်စီ နှင့် ဆက်နွယ် လူပုဂ္ဂိုလ် ၆ ဦး နှင့် သတ္တုတွင်းလုပ်ငန်း EU ထပ်မံ ဒဏ်ခတ်

စစ်ကောင်စီ၏ ဝန်ကြီး ၃ ဦး နှင့် စစ်ကောင်စီ နှင့် ဆက်နွယ်သည့် လူပုဂ္ဂိုလ် ၆ ဦး တို့အပြင် အမှတ် (၂) သတ္တုတွင်းလုပ်ငန်းကို ဥရောပ သမဂ္ဂ (EU) က ထပ်မံ ဒဏ်ခတ်လိုက်ကြောင်း ဇူလိုင် ၂၀ ရက်...

Latest news