Wednesday, April 24, 2024

CATEGORY

ယဉ်ကျေးမှု

ကျောက်မဲမြို့နယ် သျှမ်းနှစ်သစ်ကူးပွဲတော်ထဲ လောင်းကစားဝိုင်းများပါရှိ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကုန်းသာကျေးရွာတွင် ပြုလုပ်သည့် ၂၁၁၇ သျှမ်းနှစ်သစ်ကူးပွဲတော်တွင် လောင်းကစားဝိုင်းများ ပါဝင်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက်မှစပြီး လက်ရှိအချိန်ထိ ကုန်းသာကျေးရွာထဲတွင် သျှမ်းနှစ်သစ်ကူးပွဲ ပြုလုပ်နေပြီး လောင်းကစားပါရှိကြောင်း ကျောက်မဲ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ သူတို့ သျှမ်းနှစ်သစ်ကူးနဲ့ပွဲထဲမှာ လောင်းကစားဝိုင်းတွေထည့်ပြီးလုပ်နေတာ။...

စစ်ကောင်စီ ကျင်းပသည့် တောင်ကြီး တန်ဆောင်တိုင် ဒေသခံများ မသွားရဲ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ နှစ်စဥ်နှစ်တိုင်း စဥ်ကားစွာ ကျင်းပသည့် တန်ဆောင်တိုင်ပွဲတော်ကို ယခုနှစ်တွင် အာဏာသိမ်း စစ်ကောင်စီမှ ဦးစီးပြီး ပြုလုပ်သဖြင့် ဒေသခံများ မသွားရဲကြကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်သည့် မြန်မာနိုင်ငံ၏ အထင်ကရ ပွဲတော်တခုဖြစ်ပြီး ခရီးသွားဧည့်သည်များ အများအပြားလာရောက်လည်ပတ်သည့် ပွဲတော်တခုဖြစ်သလို တောင်ကြီး ဒေသခံများအတွက် ဂုဏ်ယူစရာပွဲတော်...

မိုင်းဖုန်းဆရာတော် ဝိဇာတပူဇာမွေးနေ့ပွဲမှာ ထီးတော်တင်ဖို့ မိုင်းဖုန်း ဗုဒ္ဓဂါယာစေတီတော်ကို ကြည့်ရှုစစ်ဆေး

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖုန်းကျေးရွာအုပ်စုရှိ မိုင်းဖုန်းဗုဒ္ဓဂါယာ စေတီတော်ကြီးကို လာမယ့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့ မိုင်းဖုန်းဆရာတော်မွေးနေ့ပွဲမှာ ထီးတော်တင်နိုင်ဖို့အတွက် ယနေ့ အောက်တိုဘာ (၄) ရက်နေ့ မနက်ပိုင်းကမိုင်းဖုန်းဆရာတော် ကိုယ်တိုင် ကြွရောက်ပြီး ကြည့်ရှုခဲ့ပါတယ်။ မိုင်းဖုန်းဆရာတော်ဟာ (၃) နှစ် (၃)...

ဆီဆိုင်မြို့နယ် ဈေးဆိုင်များ မီးရှုး၊ မီးပန်း ရောင်းချပါက အရေးယူမည်

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် မြို့မဈေးအတွင်းရှိ ဈေးဆိုင်များ မီးရှူး၊ မီးပန်း၊ ဗြောက်အိုးများ ရောင်းချခြင်းများပြုလုပ်ပါက မြို့နယ်စည်ပင်က အရေးယူမည်ဖြစ်ကြောင်း ယနေ့ (အောက်တိုဘာ ၄) ရက် ထုတ်ပြန်ချက် အရသိရသည်။ “အရင်နှစ်ကတည်းက တားမြစ်ထားပါတယ်။ သီတင်းကျွတ် ရောက်ပြီဆိုရင် ဗျောက်အိုးမဖောက်ဖို့၊ မရောင်းဖို့ တားမြစ်တာပေါ့။ COVID-19...

မိုင်းပွန်စော်ဘွား ဂူသင်္ချိုင်းများကို ဒေသတွင်းသံဃာတော်များ ဦးဆောင်ပြီး ပြုပြင်မွမ်းမံမှု ပြုလုပ်

သျှမ်းပြည် တောင်ပိုင်း မိုင်းပွန်မြို့ရှိ မိုင်းပွန်စော်ဘွား စဝ်စံထွန်းအပါအဝင် ဆွေတော်မျိုးတော်များ၏ အုတ်ဂူသင်္ချိုင်းများကို ဒေသအတွင်း သံဃာတော်များ ဦးဆောင်ပြီး ပြုပြင်မွမ်းမံမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းသိရသည်။ မိုင်းပွန်စော်ဘွား စဝ်စံထွန်းအပါအဝင် ဆွေတော်မျိုးတော်များ၏ အုတ်ဂူနေရာကို အုတ်တံတိုင်း နှင့် အတွင်းပိုင်း ခင်းရန်အတွက် မိုင်းပွန်မြို့ သံဃာတော်များ ဦးဆောင်ကာ ပြုပြင်...

စစ်အာဏာရှင် အမြစ်ပြတ်ဖို့ တော်လှန်သင်္ကြန်ပါ၀င်စို့

စစ်အာဏာရှင် အမြစ်ဖြုတ်တိုက်ခိုက်ဖို့ တော်လှန်နေတဲ့ ပြည်သူတွေကတော့ ယခုနှစ်ဟာ တော်လှန် သင်္ကြန် လို့ သတ်မှတ်ပြီး စစ်ကောင်စီ ပြုလုပ်တဲ့ သင်္ကြန်မဏ္ဍပ်တွေမှာ ပါ၀င်ဆင်နွှဲတာတွေမလုပ်ဖို့ တားဆီးနေကြပါတယ်။ စစ်ကောင်စီဘက်ကလည်း သင်္ကြန်ပွဲတော် စည်းကားကြောင်းကို နိုင်ငံတာ ပြသချင်တဲ့အနေနဲ့ မြို့တိုင်းမှာ မဏ္ဍပ်တွေကိုတည်ဆောက်ပြီး မြို့နယ်အလိုက် ရပ်ကွက်အလိုက် မလာမနေရ ဆိုပြီး...

မိုင်းကိုင် တပေါင်းပွဲ ကို အကျဉ်းချုပ်သာ ကျင်းပမည်

သျှမ်းပြည် တောင်ပိုင်း မိုင်ကိုင်မြို့တွင် နှစ်စဉ် စည်ကားစွာ ကျင်းပသည့် တပေါင်းပွဲကို အကျဉ်းချုပ်သဘောဖြင့်သာ ပြုလုပ်သွားမည် ဟု စုံစမ်းသိရသည်။ မိုင်ကိုင်မြို တပေါင်းပွဲကို နှစ်စဉ်ကျင်းပကာ သျှမ်းပြည်တစ်ဝှမ်းပြည်သူလူထူများက သွားရောက်ပြီး ဆွမ်းတော်တင် ဘုရားပူဇော်လေ့ရှိကြသည်။ သို့သော် ယခု နှစ်တွင် ကိုဗစ်ကာလကြောင့် နှင် စစ်အာဏာသိမ်းမှုကြောင့် တပေါင်းပွဲတော်ကို အကြီးကျယ်...

တောင်ကြီး သျှမ်းသုတေသနစင်တာ အတွင်းရေးမှူး ဆရာ လုံးစိုင်းခမ်းစင့် ကွယ်လွန်

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ သျှမ်းသုတေသနစင်တာ အတွင်းရေးမှူး ဆရာ လုံးစိုင်းခမ်းစင့် သည် ယနေ့( ဇန်နဝါရီ ၁၁ )မနက်ပိုင်းတွင် ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။ ဆရာ လုံးစိုင်းခမ်းစင့်သည် အသက် ၈၃ နှစ် ရှိပြီး ယနေ့ မနက် ပိုင်း ၇ နာရီ ၄၅...

မိုင်းဖုန်းဆရာတော်မိန့်မှာသည့် လွိုင်လင်မြို့ကစေတီတော် တည်ဆောက်မှု တပ်ပိုင်မြေဆိုပြီး ရလခတိုင်းတားမြစ်

သျှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ်၊ လွိုင်ဝိန်း သာသနာတောင်တွင် မိုင်းဖုန်းဆရာတော်   ခူးဝါးဝန်းစုမ့် မိန့်မှာထားသည့် စေတီတော်တည်ဆောက်ရေး တာ၀န်ယူသည့်သံဃာတော်များအား ရလခတိုင်းက လာရောက်တားမြစ်ကြောင်းသိရသည်။ ဒီဇင်ဘာ ၁၇ ရက်နေ့က အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဉီးဆောင်သည့်အဖွဲ့က လွိုင်ဝိန်းသို့ရောက်လာပြီး တပ်ပိုင်မြေဖြစ်သောကြောင့် စေတီတော်ဆက်တည်ဆောက်ခွင့်မပြုကြောင်း ပြောဆိုခဲ့သည်ဟုဆိုပါသည်။ လွိုင်လင်ဓါတ်တော်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဒေါက်တာပညာနန္ဒက - “ဒုတိုင်းမှူး...

ကိုဗစ် ၁၉ ကြောင့် သျှမ်းနှစ်သစ်ကူးပွဲတော်ကို ကြီးကျယ်စည်ကားစွာ မကျင်းပ ကိုယ့်နည်းကိုယ့်ဟန်ဖြင့်သာ နှစ်သစ်ကြိုဆို

သျှမ်းပြည်နယ်တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာ များပြားနေသောကြောင့် ယနေ့ကျရောက်သော သျှမ်းနှစ်သစ်အတွက် နှစ်သစ်ကူးပွဲတော်အား မြို့နယ်တိုင်းတွင် ကြီးကျယ်ခန်းနားစည်ကားစွာမကျင်းပခဲ့ကြောင်းသိရသည်။    ဒီဇင်ဘာလ ၁၄ ရက်ယမန်နေ့က သျှမ်းသက္ကရာဇ် ၂၁၁၄ ခု ကုန်ဆုံးသည့်ရက်ဖြစ်ပြီး ဒီဇင်ဘာလ ၁၅ ရက် ယနေ့မှာမူ သျှမ်းသက္ကရာဇ်အသစ် ၂၁၁၅ ခု...

Latest news