စစ်ကောင်စီ ဦးစီးကျင်းပမည့် တန်ဆောင်တိုင် မသွားရန် တော်လှန်ရေးသမားများ သတိပေး

စစ်ကောင်စီဦးစီး ကျင်းပမည့် တောင်ကြီး တန်ဆောင်တိုင်ကို 1005 Infantry က မသွားရန် သတိပေးလိုက်ကြောင်း စုံစမ်းသိရပါသည်။

တောင်ကြီးတန်ဆောင်တိုင်

သျှမ်းပြည် တောင်ကြီးမြို့တွင် စစ်ကောင်စီ ဦးစီး ကျင်းပမည့် တန်ဆောင်တိုင် ရိုးရာ မီးပုံးပျံ ပွဲတော်ကို 1005 Infantry က တန်ဆောာင်တိုင်ပွဲတော်ကို မသွားရန် နိုဝင်ဘာလ ၉ ရက်တွင် သတိပေး ကြေညာခဲ့ကြောင်း တွေ့ရသည်။

“ကျနော်တို့ကျတော့ မီပုံးပျံပညာကို ပြချင်တာဗျ၊ရိုးရာ မပျက်အောင်ပါပဲ၊နိုင်ငံရေးနှင့်တော့ ပတ်သတ်တာတခုမှ မပါဘူး၊ကိုယ့် ယမ်းပညာလေးကို အသစ်အဆန်းလေးတွေပြချင်တာပါ၊စိုးရိမ်တာကတော့ ပွဲဖြတ်မှာပဲ စိုးရိမ်တာဗျ”ဟု မီးပုံးပျံဆရာတစ်ဦးကပြောသည်။

နိုဝင်ဘာ ၂၁ ရက် မှ ၂၇ ရက်နေ့အထိ တန်ဆောင်တိုင်ပွဲတော်အား ၇ ရက်ဆက်တိုက် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ပွဲဈေးတန်းများ၊ဈေးဆိုင်၊လမ်းများကိုလည်း ပြုပြင်ထားပြီဖြစ်ပြီး အဆင်သင့် အနေအထားရှိ နေပြီဖြစ်ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အရင်နှစ်တန်ဆောင်တိုင်ပွဲတော်

“ကျနော်တို့ကတော့ မလည်ဘူး လည်ချင်စိတ်လည်းမရှိဘူး။ လုပ်တယ်ဆိုတာကလည်း အရင်နှစ်လောက် ပျော်ကောင်း မယ် မထင်ပါဘူး။ နိုင်ငံရေးအခြေအနေ မကောင်းတဲ့အချိန်မှာတော့ မသွားတာကောင်း ပါတယ်၊ သွားတဲ့လူတွေ ကလည်း ဝါသနာပါတဲ့လူတွေ မပျော်ရတာကြာတဲ့လူအဲ့လောက်ပဲပေါ့ကွယ်”ဟု တောင်ကြီး ဒေသခံအမျိုးသားတစ်ဦး ကပြောသည်။

ထို့အတူ တောင်ကြီးမြို့နယ်တွင် တန်ဆောင်တိုင်ပွဲတော် နီးကပ်လာသဖြင့် ပွဲတော် ကျင်းပရာ အဝေရာမီးပုံပျံ ကွင်းနားရှိ ဆိုင်ခန်း ငှားရမ်းခ ဈေးနှုန်းများမှာ နှစ်ဆနီးပါး တိုးမြင့်လာကြောင်း စျေးရောင်းချသူများထံ မှ စုံစမ်း သိရသည်။

တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံ ရိုးရာ ပွဲတော်ကို နိုဝင်ဘာ ၂၁ ရက် မှ ၂၇ ရက်နေ့အထိ တန်ဆောင်တိုင် ပွဲတော်အား ၇ ရက်ဆက်တိုက် ကျင်းပမည်ဖြစ်ပြီး ယခုနှစ်တွင် ညလွှတ်မီးပုံးပျံမျိုးစုံ ၆၃ လုံးအထိ လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအဝှမ်း ကိုဗစ်ရောဂါ ပြန့်ပွားလာခဲ့သည့် ၂၀၂၀ ခုနှစ်နှင့် စစ်ကောင်စီ အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ်တို့တွင် ရိုးရာ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကိုရပ်နားထားခဲ့ရပြီး ၂၀၂၂ ခုနှစ်တွင် ပွဲတော်အား ပြန်လည်ကျင်းပချိန်၌ နေ့လွှတ်မီးပုံးပျံ တမျိုးတည်းသာ ယှဉ်ပြိုင်စေခဲ့သဖြင့် စည်ကားမှုမရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...